ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

သင့် iPhone ကင်မရာဖြင့် QR ကုဒ်ကို စကင်န်ဖတ်ခြင်း

ဝက်ဘ်ဆိုက်၊ အက်ပ်များ၊ ကူပွန်များ၊ လက်မှတ်များ စသည်တို့အတွက် Quick Response (QR) ကုဒ်များကို စကင်န်ဖတ်ရန် Camera သို့မဟုတ် Control Center ကိုသုံးနိုင်သည်။

QR ကုဒ်ကို စကင်န်ဖတ်ရန် Camera ကိုသုံးခြင်း

  1. သင့် iPhone ရှိ Camera ကိုဖွင့်ပါ။

  2. Photo မုဒ်တွင် iPhone ကိုနေရာချပါ သို့မှသာ ကင်မရာရိုက်ကွက်ဘောင်အတွင်း QR ကုဒ်ပေါ်လာမည်ဖြစ်သည်။

  3. ထိုဖန်သားပြင်အောက်ခြေတွင် ပေါ်လာသည့် လင့်ကိုနှိပ်ပါ။

QR ကုဒ်ကို စကင်န်ဖတ်ရန် Control Center ကိုအသုံးပြုခြင်း

  1. သင့် iPhone ရှိ Control Center ကိုဖွင့်ပါ

  2. အကယ်၍ သင်သည် Scan Code ခလုတ်ကိုမတွေ့ပါက Scan Code ခလုတ်၎င်းကို Control Center သို့ပေါင်းထည့်ပါ (ထိန်းချုပ်ခလုတ်များကို စိတ်ကြိုက်ပြုပြင်ခြင်း ကိုကြည့်ပါ။)

  3. Scan Code ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် ဖန်သားပြင်တွင် ကုဒ်နံပါတ်ပေါ်လာစေရန် iPhone ကိုနေရာမှန်ချထားပါ။

    အကြံပြုချက် အလင်းပိုတင်ရန် ဖလက်ရှ်မီးကိုနှိပ်ပါ။

အထောက်အကူပြုထားသောအမျိုးအစားများတွင် QR ကုဒ်များကို စကင်န်ဖတ်ရန် Camera Control ကိုလည်း အသုံးပြုနိုင်ပါသည်။ အခြားအက်ပ်တစ်ခုကိုဖွင့်ရန် Camera Control ကိုသုံးခြင်း ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.