ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Voice Memos တွင် အသံသွင်းယူမှုကို တည်းဖြတ်ခြင်း သို့မဟုတ် ဖျက်ခြင်း

တည်းဖြတ်ကိရိယာများဖြင့်လည်း သင်၏အသံသွင်းမှုများကို အသေးစိတ်ချိန်ညှိနိုင်သည်။ အပိုင်းများကို ဖယ်ရှားခြင်း၊ အပိုင်းများအလုံးစုံကိုအသံသွင်းယူခြင်း၊ သို့မဟုတ် အသံသွင်းယူမှုတစ်ခုလုံးကို အစားထိုးခြင်း။ သင်မလိုအပ်တော့သည့်အသံသွင်းယူမှုတစ်ခုကိုလည်း ဖျက်နိုင်သည်။

အသံသွင်းယူမှုတစ်ခုကို တည်းဖြတ်ခြင်း

  1. သင့် iPhone ရှိ Voice Memos အက်ပ် (Utilities ဖိုင်တွဲရှိ) ကို သွားပါ။

  2. အသံသွင်းဖိုင်များစာရင်းတွင် သင်တည်းဖြတ်လိုသည့်အသံသွင်းယူမှုကိုနှိပ်၍ More ခလုတ် ကိုနှိပ်ကာ Trim ခလုတ်ကိုနှိပ်ပါ။

  3. သင်သိမ်းဆည်းထားလိုသည့်အပိုင်း သို့မဟုတ် ဖျက်လိုသည့်အပိုင်းကို တွဲဆက်ရန်အဝါရောင်ဖြတ်သည့်လက်ကိုင်များကိုပွတ်ဆွဲပါ။

    တည်းဖြတ်ရာတွင် ပိုမိုတိကျမှုရှိစေရန်အတွက် လှိုင်းပုံစံပေါ်တွင် အနီးကပ်ဆွဲကြည့်နိုင်သည်။

    ထိုဖန်သားပြင်အောက်ခြေတွင် အသံလှိုင်းပုံစံ၏အပိုင်းတစ်ပိုင်းတွဲဆက်ခြင်းဖြင့် အဝါရောင်ဖြတ်သည့်လက်ကိုင်များနှင့် တည်းဖြတ်ထားသည့် အသံသွင်းယူမှုတစ်ခု။ ထိုလှိုင်းပုံစံအောက်တွင် Play ခလုတ်နှင့် အသံသွင်းယူမှုအချိန်တိုင်းကိရိယာပေါ်လာသည်။ ဖြတ်သည့်လက်ကိုင်များသည် Play ခလုတ်အောက်တွင် ရှိသည်။ (ရွေးချယ်ထားသောအသံဖိုင်အပိုင်း၏ ပြင်ပအပိုင်းများကို ဖျက်သိမ်းရန်အတွက်) Trim ခလုတ်နှင့် (ရွေးချယ်ထားသောအသံဖိုင်အပိုင်းကို ဖျက်သိမ်းရန်အတွက်) Delete ခလုတ်တို့သည် Play ခလုတ်၏ တစ်ဖက်တစ်ချက်တွင်ရှိနေသည်။

    သင်၏ရွေးချယ်မှုကိုစစ်ဆေးရန်၊ Play ခလုတ် ကိုနှိပ်ပါ။

  4. ထိုရွေးချယ်မှုကိုထိန်းသိမ်းရန် (နှင့်ထိုအသံသွင်းယူမှုလက်ကျန်ကိုဖျက်ရန်) ၊ Trim ကိုနှိပ်ပါ၊ သို့မဟုတ် ထိုရွေးချယ်မှုကိုဖျက်ရန် Delete ကိုနှိပ်ပါ။

  5. Apply ကို နှိပ်ပါ၊ ထို့နောက် Done ကိုနှိပ်ပါ။

  6. မူလအသံသွင်းထားခြင်းကို ဖျက်ပြီးပြန်လုပ်ရန် Save Recording ကို နှိပ်ပါ၊ သို့မဟုတ် တည်းဖြတ်ပြီးသားပုံစံကို အသံသွင်းမှုအသစ်အဖြစ် သိမ်းရန် Save as New Recording ကို နှိပ်ပါ (မူလအသံသွင်းခြင်းကို သူ့အတိုင်းထားရှိ၍)။

အသံသွင်းယူမှုတစ်ခုကိုအစားထိုးခြင်း

  1. သင့် iPhone ရှိ Voice Memos အက်ပ် (Utilities ဖိုင်တွဲရှိ) ကို သွားပါ။

  2. အသံသွင်းဖိုင်များစာရင်းတွင် အစားထိုးထည့်လိုသည့်အသံသွင်းယူမှုကိုနှိပ်၍ More Actions ခလုတ် ကိုနှိပ်ကာ Edit Recording ကိုနှိပ်ပါ။

  3. အသံသွင်းယူမှုအသစ်စတင်လိုသည့်နေရာ သီချင်းရောက်သည့်နေရာပြလိုင်းကိုထားရန် ယင်းလိုင်းပုံစံကိုပွတ်ဆွဲပါ။

    အစားထိုးရာတွင် ပိုမိုတိကျမှုရှိစေရန်အတွက် လှိုင်းပုံစံပေါ်တွင် အနီးကပ်ဆွဲကြည့်နိုင်သည်။

  4. အသံသွင်းယူမှု ပြန်လည်စတင်ရန် Replace ကိုနှိပ်ပါ(သင်အသံသွင်းသည်နှင့် အသံလှိုင်းများ အနီရောင်သို့ပြောင်းသွားပါမည်)။

    အသံသွင်းယူခြင်းရပ်စေရန် Pause ခလုတ် ကိုနှိပ်ပါ၊ ဆက်လက်သွင်းယူရန် Resume ကိုနှိပ်ပါ။

  5. သင်၏အသံသွင်းယူမှုကိုစစ်ဆေးရန်၊ Play ခလုတ် ကိုနှိပ်ပါ။

  6. Done ကို နှိပ်ပါ၊ ထို့နောက် မူလအသံသွင်းထားခြင်းကို အစားထိုးရန် Save Recording ကို နှိပ်ပါ၊ သို့မဟုတ် တည်းဖြတ်ပြီးသားအပြောင်းအလဲများကို အသံသွင်းမှုအသစ်အဖြစ် သိမ်းရန် Save as New Recording ကို နှိပ်ပါ (မူလအသံသွင်းခြင်းကို သူ့အတိုင်းထားရှိ၍)။

အသံသွင်းယူမှုကိုဖျက်ခြင်း

  1. သင့် iPhone ရှိ Voice Memos အက်ပ် (Utilities ဖိုင်တွဲရှိ) ကို သွားပါ။

  2. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • အသံသွင်းဖိုင်များစာရင်းတွင် ဖျက်သိမ်းလိုသည့်အသံသွင်းယူမှုကိုနှိပ်၍ Delete ခလုတ် ကိုနှိပ်ပါ။

    • အသံသွင်းဖိုင်များစာရင်း၏ထိပ်ရှိ Edit ကိုနှိပ်၍ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အသံသွင်းဖိုင်များကိုရွေးချယ်ပြီးနောက် Delete ခလုတ်ကိုနှိပ်ပါ။

ဖျက်ထားသည့်အသံသွင်းယူမှုများသည် ပုံမှန်အားဖြင့်ရက် 30 ကြာအောင် သိမ်းဆည်းထားသောနေရာ Recently Deleted ဖိုင်ထဲသို့ ပြောင်းသွားသည်။ ဖျက်ထားသည့်အသံသွင်းယူမှုများထိန်းသိမ်းထားသည့်ကြာချိန်ကိုပြောင်းရန်၊ Settings  > Apps > Voice Memos > Clear Deleted သို့သွားပါ၊ ထို့နောက်ရွေးချယ်စရာတစ်ခုကိုရွေးပါ။

ဖျက်ထားသော အသံသွင်းဖိုင်တစ်ဖိုင်ကို ပြန်လည်ရယူခြင်း သို့မဟုတ် အပြီးဖျက်သိမ်းခြင်း

  1. သင့် iPhone ရှိ Voice Memos အက်ပ် (Utilities ဖိုင်တွဲရှိ) ကို သွားပါ။

  2. Recently Deleted ဖိုင်တွဲကိုနှိပ်ကာ သင်ပြန်လည်ရယူလိုသော သို့မဟုတ် အပြီးဖျက်သိမ်းလိုသည့် အသံသွင်းဖိုင်ကိုနှိပ်ပါ။

    Recently Deleted ဖိုင်တွဲကို သင်မမြင်ရလျှင် အပေါ် ဘယ်ဘက်ရှိ Back ခလုတ် ကိုနှိပ်ပါ။

  3. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • ရွေးချယ်ထားသော အသံသွင်းဖိုင်ကို ပြန်လည်ရယူရန်၊ Recover ကိုနှိပ်ပါ။

    • ရွေးချယ်ထားသော အသံသွင်းဖိုင်ကို ဖျက်ခြင်း၊ Delete ကိုနှိပ်ပါ။

    • Recently Deleted ဖိုင်တွဲထဲမှ ဖိုင်များအားလုံးကို ပြန်လည်ရယူရန်၊ Recently Deleted စာရင်းထိပ်ရှိ Edit ကိုနှိပ်ကာ Recover All ကိုနှိပ်ပါ။

    • Recently Deleted ဖိုင်တွဲထဲမှ ဖိုင်များအားလုံးကို အပြီးဖျက်သိမ်းရန်၊ Recently Deleted စာရင်းထိပ်ရှိ Edit ကိုနှိပ်ကာ Delete All ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.