ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Screen Time လျှို့ဝှက်ကုဒ်နံပါတ်တစ်ခုကို ဖန်တီး၊ စီမံ၊ မျက်ခြည်မပြတ်ထားခြင်း

သင်ကိုယ်တိုင် သို့မဟုတ် အသက် 18 နှစ်အောက် ကလေးတစ်ယောက်အတွက် သင်ရွေးချယ်ထားသည့် Screen Time ချိန်ညှိချက်များကို အပြောင်းအလဲမလုပ်မီ ရိုက်ထည့်ရမည့် လျှို့ဝှက်ကုဒ်နံပါတ်တစ်ခု ဖန်တီးနိုင်သည် (နိုင်ငံ သို့မဟုတ် ဒေသအလိုက် အသက်အရွယ် ခြားနားချက်ရှိနိုင်သည်)။ သင်ကိုယ်တိုင် သို့မဟုတ် ကလေးတစ်ယောက်အတွက် လျှို့ဝှက်ကုဒ်နံပါတ်တစ်ခု သတ်မှတ်ပြီးသည်နှင့် ၎င်းကို နောက်ပိုင်း၌ Settings တွင် ပြောင်းလဲ သို့မဟုတ် ဖယ်ရှားခြင်း လုပ်နိုင်သည်။ သင့်ကလေး၏လျှို့ဝှက်ကုဒ်နံပါတ်ကို အသုံးပြုလျှင်လည်း အကြောင်းကြားချက်များကို သင်ရရှိနိုင်သည်။

မိသားစုတစ်ခုထဲရှိ ကလေးငယ်အတွက် Manage Screen Time ဖန်သားပြင်။ ဖန်သားပြင်ထိပ်တွင် လျှို့ဝှက်ကုဒ်နံပါတ်အသုံးပြုခဲ့သည့် နောက်ဆုံးအချိန်နှင့် မည်သည့် စက်ပစ္စည်းတွင်အသုံးပြုခဲ့သည်ကို ပြသထားသည်။

Screen Time လျှို့ဝှက်ကုဒ်နံပါတ်တစ်ခု ဖန်တီးခြင်း

Screen Time လျှို့ဝှက်ကုဒ်နံပါတ်တစ်ခု စီမံထားသည့်အခါ ၎င်းကို သင်ကိုယ်တိုင် သို့မဟုတ် ကလေးတစ်ယောက်အတွက် သင်ရွေးချယ်ထားသည့် ချိန်ညှိချက်များကို အပြောင်းအလဲမလုပ်နိုင်မီ ရိုက်ထည့်ရမည်။

  1. သင့် iPhone တွင် Settings အက်ပ် ကိုသွားပါ။

  2. Screen Time ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှ တစ်ခုကို ပြုလုပ်ပါ၊

    • သင်ကိုယ်တိုင်အတွက် လျှို့ဝှက်ကုဒ်နံပါတ်တစ်ခု သတ်မှတ်ထားရှိခြင်း၊ အောက်သို့ဆွဲချ၍ ထို့နောက် Lock Screen Time Settings ကို နှိပ်ပါ။

    • ကလေးအတွက် လျှို့ဝှက်ကုဒ်တစ်ခုကို စီမံခြင်း၊ အောက်သို့ဆွဲချကာ ထို့နောက် သင်၏ Family Sharing အဖွဲ့ထဲမှ မိသားစုဝင်တစ်ယောက်ကို ရွေးချယ်ပါ။ အောက်သို့ဆွဲချကာ Manage Screen Time ကိုနှိပ်ပါ၊ ထို့နောက် Lock Screen Time Settings ကိုနှိပ်ပါ။

      သင်၏ Family Sharing အုပ်စုကို မတွေ့ရလျှင် သင်၏ Apple Account သို့ လက်မှတ်ထိုးဝင်ရောက်ထားခြင်းရှိမရှိနှင့် Family Sharing ကို စီမံထားကြောင်း သေချာအောင်စစ်ပါ။ သင်၏ Apple Account သို့ဝင်ရောက်ခြင်း နှင့် iPhone တွင် Family Sharing ကိုစတင်ထည့်သွင်းခြင်း ကိုကြည့်ပါ။

  3. ဂဏန်းလေးလုံးပါလျှို့ဝှက်ကုဒ်နံပါတ်တစ်ခုကို ရိုက်ထည့်၍ ထို့နောက် ယင်းကို မှန်ကန်ကြောင်းစိစစ်အတည်ပြုရန် နောက်တဖန်ရိုက်ထည့်ပါ။

    မှတ်စု သင်ကိုယ်တိုင်အတွက် လျှို့ဝှက်ကုဒ်နံပါတ်တစ်ခု သတ်မှတ်ပြီးသောအခါ Screen Time Passcode Recovery ကိုလည်း စီမံထားနိုင်ပါသည်။ ၎င်းလုပ်ဆောင်ချက်ကို စီမံထားရှိပါက သင်၏ Screen Time လျှို့ဝှက်ကုဒ်နံပါတ်ကို လုံးဝမေ့သွားသည့်အခါ သင့် Apple Account ကိုသုံး၍ ယင်းအား ပြန်လည်သတ်မှတ်နိုင်သည်။

Screen Time လျှို့ဝှက်ကုဒ်နံပါတ်တစ်ခု ပြောင်းလဲခြင်း

  1. သင့် iPhone တွင် Settings အက်ပ် ကိုသွားပါ။

  2. Screen Time ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှ တစ်ခုကို ပြုလုပ်ပါ၊

    • သင်ကိုယ်တိုင်အတွက် လျှို့ဝှက်ကုဒ်နံပါတ်ကို ပြောင်းလဲခြင်း၊ အောက်သို့ဆွဲချကာ Change Screen Time Passcode ကိုနှိပ်ပါ၊ ထို့နောက် Change Screen Time Passcode ကို ရွေးပါ။

    • ကလေးအတွက် လျှို့ဝှက်ကုဒ်တစ်ခုကို ပြောင်းခြင်း၊ အောက်သို့ဆွဲချကာ ထို့နောက် သင်၏ Family Sharing အဖွဲ့ထဲမှ မိသားစုဝင်တစ်ယောက်ကို ရွေးချယ်ပါ။ အောက်သို့ဆွဲချကာ Manage Screen Time ကိုနှိပ်ပါ၊ ထို့နောက် Change Screen Time Passcode ကိုနှိပ်ပါ၊ ထို့နောက် Change Screen Time Passcode ကိုရွေးပါ။

      သင်၏ Family Sharing အုပ်စုကို မတွေ့ရလျှင် သင်၏ Apple Account သို့ လက်မှတ်ထိုးဝင်ရောက်ထားခြင်းရှိမရှိနှင့် Family Sharing ကို စီမံထားကြောင်း သေချာအောင်စစ်ပါ။ သင်၏ Apple Account သို့ဝင်ရောက်ခြင်း နှင့် iPhone တွင် Family Sharing ကိုစတင်ထည့်သွင်းခြင်း ကိုကြည့်ပါ။

  3. သင်၏ လက်ရှိလျှို့ဝှက်ကုဒ်နံပါတ်ကို ရိုက်ထည့်ပါ (သင်ကိုယ်တိုင်အတွက် လျှို့ဝှက်ကုဒ်နံပါတ်ပြောင်းလဲမည်ဆိုပါက) သို့မဟုတ် (မိသားစုဝင်တစ်ယောက်အတွက် လျှို့ဝှက်ကုဒ်နံပါတ်ပြောင်းလဲမည်ဆိုပါက) သင့် iPhone အတွက် သင်၏ ဂဏန်းခြောက်လုံးပါလျှို့ဝှက်ကုဒ်နံပါတ်ကို ရိုက်ထည့်ပါ။

  4. ဂဏန်းလေးလုံးပါလျှို့ဝှက်ကုဒ်နံပါတ်အသစ်ကို ရိုက်ထည့်ပါ၊ ထို့နောက် ယင်းကို မှန်ကန်ကြောင်းစိစစ်အတည်ပြုရန် နောက်တဖန်ရိုက်ထည့်ပါ။

    အကြံပြုချက် အကယ်၍ သင့်ကလေးသည် သူတို့၏ Screen Time လျှို့ဝှက်ကုဒ်ကိုသိရှိသွားပါက သင်သည် ၎င်းကိုပြောင်းပြီးနောက် ထိုနေ့၏ ကျန်ရှိသည့်အချိန်များအတွက် Downtime ကို ဖွင့်ထားနိုင်ပါသည်။ ဖန်သားပြင်နှင့် ကင်းကွာစေရန် အချိန်သတ်မှတ်ခြင်း ကိုကြည့်ပါ။

Screen Time လျှို့ဝှက်ကုဒ်နံပါတ်တစ်ခု ဖယ်ရှားခြင်း

  1. သင့် iPhone တွင် Settings အက်ပ် ကိုသွားပါ။

  2. Screen Time ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှ တစ်ခုကို ပြုလုပ်ပါ၊

    • သင်ကိုယ်တိုင်အတွက် လျှို့ဝှက်ကုဒ်နံပါတ်ကို ဖယ်ရှားခြင်း၊ အောက်သို့ဆွဲချကာ Change Screen Time Passcode ကို နှိပ်ပါ၊ ထို့နောက် Turn Off Screen Time Passcode ကို ရွေးပါ။

    • ကလေးအတွက် လျှို့ဝှက်ကုဒ်တစ်ခုကို ဖယ်ရှားခြင်း၊ အောက်သို့ဆွဲချကာ ထို့နောက် သင်၏ Family Sharing အဖွဲ့ထဲမှ မိသားစုဝင်တစ်ယောက်ကို ရွေးချယ်ပါ။ အောက်သို့ဆွဲချကာ Manage Screen Time ကိုနှိပ်ပါ၊ ထို့နောက် Change Screen Time Passcode ကိုနှိပ်ပါ၊ ထို့နောက် Turn Off Screen Time Passcode ကို ရွေးပါ။

      သင်၏ Family Sharing အုပ်စုကို မတွေ့ရလျှင် သင်၏ Apple Account သို့ လက်မှတ်ထိုးဝင်ရောက်ထားခြင်းရှိမရှိနှင့် Family Sharing ကို စီမံထားကြောင်း သေချာအောင်စစ်ပါ။ သင်၏ Apple Account သို့ဝင်ရောက်ခြင်း နှင့် iPhone တွင် Family Sharing ကိုစတင်ထည့်သွင်းခြင်း ကိုကြည့်ပါ။

  3. သင်၏ လက်ရှိလျှို့ဝှက်ကုဒ်နံပါတ်ကို ရိုက်ထည့်ပါ (သင်ကိုယ်တိုင်အတွက် လျှို့ဝှက်ကုဒ်နံပါတ်ပြောင်းလဲမည်ဆိုပါက) သို့မဟုတ် (ကလေးတစ်ယောက်အတွက် လျှို့ဝှက်ကုဒ်နံပါတ်ပြောင်းလဲမည်ဆိုပါက) သင့် iPhone အတွက် သင်၏ ဂဏန်းခြောက်လုံးပါလျှို့ဝှက်ကုဒ်နံပါတ်ကို ရိုက်ထည့်ပါ။

Screen Time လျှို့ဝှက်ကုဒ်နံပါတ်တစ်ခု နောက်ဆုံးအသုံးပြုခဲ့ချိန်ကို စစ်ဆေးခြင်း

ကလေးတစ်ယောက်အတွက် Screen Time လျှို့ဝှက်ကုဒ်နံပါတ်တစ်ခု သတ်မှတ်ထားရှိထားလျှင် လျှို့ဝှက်ကုဒ်နံပါတ်ကို နောက်ဆုံးအသုံးပြုခဲ့ချိန်နှင့် မည်သည့်စက်ပစ္စည်းပေါ်တွင် သုံးခဲ့ခြင်းဖြစ်သည်ကိုလည်း ကြည့်နိုင်သည်။

  1. သင့် iPhone တွင် Settings အက်ပ် ကိုသွားပါ။

  2. Screen Time ကိုနှိပ်ပါ၊ အောက်သို့ဆွဲချကာ ထို့နောက် သင်၏ Family Sharing အုပ်စုထဲမှ ကလေးတစ်ယောက်ကို ရွေးပါ။

    သင်၏ Family Sharing အုပ်စုကို မတွေ့ရလျှင် သင်၏ Apple Account သို့ လက်မှတ်ထိုးဝင်ရောက်ထားခြင်းရှိမရှိနှင့် Family Sharing ကို စီမံထားကြောင်း သေချာအောင်စစ်ပါ။ သင်၏ Apple Account သို့ဝင်ရောက်ခြင်း နှင့် iPhone တွင် Family Sharing ကိုစတင်ထည့်သွင်းခြင်း ကိုကြည့်ပါ။

  3. အောက်သို့ဆွဲချကာ ထို့နောက် Manage Screen Time ကိုနှိပ်ပါ။

    ကလေးတစ်ဦး၏ Screen Tiime လျှို့ဝှက်ကုဒ်နံပါတ်ကို သူကိုင်သည့်စက်ပစ္စည်းပေါ်တွင် အသုံးပြုလျှင် မိဘ/အုပ်ထိန်းသူက အကြောင်းကြားချက် လက်ခံရရှိမည်။ Screen Time Passcode Use အကြောင်းကြားချက်များကို Settings > Screen Time > [the child’s name] > Manage Screen Time > Customize Notifications > Turn off Screen Time Passcode သို့သွား၍ ပိတ်နိုင်သည်။

    မှတ်စု Screen Time Passcode Use သည် ထိုကလေး၏ Screen Time စကားဝှက်ကို iOS 18.5၊ iPadOS 18.5၊ macOS 15.5 သို့မဟုတ် နောက်ပိုင်းဗားရှင်းဖြင့်အလုပ်လုပ်သော စက်ပစ္စည်းတစ်ခုပေါ် အသုံးပြုနေသည့်အခါ iOS 18.5 သို့မဟုတ် နောက်ပိုင်းဗားရှင်းဖြင့်အလုပ်လုပ်သော iPhone တစ်လုံးပေါ်တွင်သာ ပေါ်မည်ဖြစ်သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.