ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် စာသားမက်ဆေ့ချ်ကို နောက်မှပို့ရန် အချိန်ဇယားပြုလုပ်ထားခြင်း

ညဘက် နောက်ကျနေခြင်း သို့မဟုတ် မေ့သွား၍မရအောင် အရေးကြီးနေခြင်းတို့ ရှိသည့်အခါ နောင်အခါတွင် ပို့ရန် စာသားမက်ဆေ့ချ်ကို အချိန်ဇယားပြုလုပ်ထားနိုင်ပါသည်။

မှတ်စု သင်သည် iMessage ကို အသုံးပြုထားရမည်။ လက်ခံသူသည် မည်သည့်စက်ပစ္စည်းကိုမဆို အသုံးပြုနိုင်ပြီး မက်ဆေ့ချ်ကို အချိန်ဇယားပြုလုပ်ထားကြောင်း မသိရှိနိုင်ပါ။ မက်ဆေ့ချ်ကို အချိန်ဇယား ပြန်လည်ပြုလုပ်ရန်၊ တည်းဖြတ်ရန်၊ သို့မဟုတ် အချိန်ဇယားပြုပြီးသားကို ဖျက်ရန် အွန်လိုင်းရှိရန် လိုအပ်ပါသည်။

မက်ဆေ့ချ်များပါသည့် Messages စကားပြောဆိုမှုတစ်ခုကို နောင်အခါတွင် ပို့ရန် အချိန်ဇယားပြုလုပ်ထားနိုင်ပါသည်။

မက်ဆေ့ချ်ကို အချိန်ဇယားပြုလုပ်ထားခြင်း

မက်ဆေ့ချ်ကို နောင်အခါ 14 ရက်ကြာသည်အထိ အချိန်ဇယား ပြုလုပ်ထားနိုင်ပါသည်။

  1. သင့် iPhone ရှိ Messages အက်ပ် ကိုသွားပါ။

  2. သင် ပို့ချင်သည့်အချိန် သတ်မှတ်ထားချင်သည့် မက်ဆေ့ချ်တစ်ခုရှိသည့် စကားပြောဆိုမှုတစ်ခုသို့ သွားပါ သို့မဟုတ် စကားပြောဆိုမှုတစ်ခုကို စတင်ပါ

  3. Add ခလုတ်ကို နှိပ်ပါ၊ ထို့နောက် Send Later ကိုနှိပ်ပါ။

  4. အချိန်ကို နှိပ်ပြီး အချိန်ဇယားသတ်မှတ်ရန်ကို ဖွင့်ပါ၊ ထို့နောက် မက်ဆေ့ချ်ပို့လိုသည့် အချိန်ကို ရွေးချယ်ပါ။

    စာသားထည့်အကွက်၏ အနားသတ်သည် အစက်လိုင်းအဖြစ် ပြောင်းသွားပြီး ပို့မည့် မက်ဆေ့ချ်သည် မက်ဆေ့ချ်၏ထိပ်တွင် ပေါ်လာပါမည်။

  5. မက်ဆေ့ချ်ကို ရိုက်ထည့်ပါ၊ ထို့နောက် Send ခလုတ်ကိုနှိပ်ပါ။

မက်ဆေ့ချ်သည် ပို့ရမည့် အချိန်မရောက်မချင်း အစက်လိုင်းအဖြစ် ပေါ်နေမည်ဖြစ်ပြီး သင်၏စက်ပစ္စည်းသည် အွန်လိုင်းမဖြစ်လျှင်တောင် ပို့ပေးသွားမည် ဖြစ်ပါသည်။

မှတ်စု အချိန်ဇယားနှင့်ပို့သည့် မက်ဆေ့ချ်များကို သက်ဆိုင်သူသာဖြည်နိုင်သည့် ကုဒ်များအဖြစ်ပြောင်းပြီး လျှို့ဝှက်ထားမည်ဖြစ်ပြီး ပို့ရမည့်အချိန် ရောက်သည်အထိ Apple ဆာဗာများတွင်သာ သိမ်းဆည်းထားပါမည်။ မက်ဆေ့ချ်ကို ပို့ပြီးသည့်အခါ Apple ဆာဗာများမှ ဖယ်လိုက်မည်ဖြစ်ပြီး အလုံးသည် အရောင်ပြည့်ဖြစ်သွားပြီး အစက်လိုင်းလည်း ပျောက်သွားပါမည်။

မက်ဆေ့ချ်ပို့ရန် အချိန်ပြောင်းခြင်း

မက်ဆေ့ချ်ပို့ရန် သတ်မှတ်ထားသည့် အချိန်မရောက်မချင်း အချိန်ဇယားကို ပြန်လည်သတ်မှတ်နိုင်ပါသည်။

  1. သင့် iPhone ရှိ Messages အက်ပ် ကိုသွားပါ။

  2. ပြန်လည်အချိန်ဇယား သတ်မှတ်လိုသည့် မက်ဆေ့ချ်နှင့်အတူ စကားပြောဆိုခြင်းထံ သွားပါ။

    သင်၏မက်ဆေ့ချ်ကို သင်မမြင်လျှင် စကားပြောဆိုမှု၏ အောက်ခြေသို့ ဆွဲချသွားပါ။ အချိန်ဇယားသတ်မှတ်ထားသည့် မက်ဆေ့ချ်များသည် ပေးပို့ထားသည့် မက်ဆေ့ချ်များအောက်တွင် ပေါ် လာနိုင်သည်။

  3. ရက်စွဲဘေးနားရှိ Editကို နှိပ်ပြီး (အချိန်ဇယားသတ်မှတ်ထားသော မက်ဆေ့ချ်အပေါ်ရှိ) အောက်ပါတို့အနက် တစ်ခုကို ပြုလုပ်ပါ၊

    • အချိန်ဇယားပြန်လည်သတ်မှတ်မည်၊ Edit Time ကိုနှိပ်ပါ၊ အချိန်အသစ်ကို ရွေးချယ်ပါ၊ ထို့နောက် အချိန်အသစ်ကို မှတ်ထားရန် အချိန်ဇယားမှ ဝေးရာဆီ နှိပ်သွားပါ။

    • ချက်ချင်းပို့မည်၊ Send Message ကိုနှိပ်ပါ။

အချိန်ဇယားသတ်မှတ်ထားသော မက်ဆေ့ချ်ကို တည်းဖြတ်ခြင်း

မက်ဆေ့ချ်ပို့ရန် သတ်မှတ်ထားသည့် အချိန်မရောက်မချင်း အချိန်ဇယားကို ပြင်ဆင်တည်းဖြတ်နိုင်သည်။

  1. သင့် iPhone ရှိ Messages အက်ပ် ကိုသွားပါ။

  2. ပြင်ဆင်တည်းဖြတ်လိုသည့် အချိန်ဇယား သတ်မှတ်ထားသည့် မက်ဆေ့ချ်နှင့်အတူ စကားပြောဆိုခြင်းထံ သွားပါ။

    သင်၏မက်ဆေ့ချ်ကို သင်မမြင်လျှင် စကားပြောဆိုမှု၏ အောက်ခြေသို့ ဆွဲချသွားပါ။ အချိန်ဇယားသတ်မှတ်ထားသည့် မက်ဆေ့ချ်များသည် ပေးပို့ထားသည့် မက်ဆေ့ချ်များအောက်တွင် ပေါ် လာနိုင်သည်။

  3. မက်ဆေ့ချ် ပူပေါင်းပုံကိုထိ၍ထိန်းထားပါ၊ ထို့နောက် Edit ကိုနှိပ်ပါ။

  4. အပြောင်းအလဲတစ်ခုခု ပြုလုပ်ပါ၊ ထို့နောက် ပြင်ထားသည်များနှင့် ပြန်ပို့ရန် Send Edit ခလုတ် ကိုနှိပ်ပါ သို့မဟုတ် မူလအတိုင်းပြန်ပြောင်းရန် Cancel Edit ခလုတ် ကိုနှိပ်ပါ။

အချိန်ဇယားသတ်မှတ်ထားသည့် မက်ဆေ့ချ်ကို ဖျက်သိမ်းခြင်း

မက်ဆေ့ချ်ကို အချိန်မတိုင်မီ ဖျက်လိုက်ပါက ပယ်ပျက်ပြီး လက်ခံသူထံ ပို့မည် မဟုတ်ပါ။

  1. သင့် iPhone ရှိ Messages အက်ပ် ကိုသွားပါ။

  2. ဖျက်လိုသည့် အချိန်ဇယား သတ်မှတ်ထားသည့် မက်ဆေ့ချ်နှင့်အတူ စကားပြောဆိုခြင်းထံ သွားပါ။

    သင်၏မက်ဆေ့ချ်ကို သင်မမြင်လျှင် စကားပြောဆိုမှု၏ အောက်ခြေသို့ ဆွဲချသွားပါ။ အချိန်ဇယားသတ်မှတ်ထားသည့် မက်ဆေ့ချ်များသည် ပေးပို့ထားသည့် မက်ဆေ့ချ်များအောက်တွင် ပေါ် လာနိုင်သည်။

  3. ပယ်ဖျက်လိုသော မက်ဆေ့ချ်ကို ထိပြီး ထိန်းထားပါ၊ ထို့နောက် Delete ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.