iPhone တွင် FaceTime ခေါ်ဆိုမှုများကို ကာကွယ်ခြင်းနှင့် စစ်ထုတ်ခြင်း

အမည်မသိနံပါတ်များနှင့် အနှောင့်အယှက်ဟု သံသယရှိသည့် ဖုန်းခေါ်ဆိုမှုများကို FaceTime ကိုင်တွယ်ပုံကိုလည်း သင် ထိန်းချုပ်နိုင်ပါသည်။

အမည်မသိ FaceTime အသံဖုန်းခေါ်ဆိုမှုများကို ကာကွယ်ခြင်း

အမည်မသိနံပါတ်များမှ FaceTime အသံဖုန်းခေါ် ဆိုမှုများရသည့်အခါ အဝင်ဖုန်းအဖြစ် ခွင့်မပြုမီ ဖုန်းခေါ် သူများ၏ အချက်အလက်များပိုရစေရန် ကာကွယ်တားဆီးထားနိုင်ပါသည်။ ခေါ်ဆိုမှုများကို ကာကွယ်တားဆီး၍ ပိတ်ဆို့ခြင်း ကိုကြည့်ပါ။

FaceTime ခေါ် ဆိုမှုများကို အသံတိတ်ခြင်း သို့မဟုတ် စစ်ထုတ်ခြင်း

  1. သင့် iPhone တွင် Settings အက်ပ် ကိုသွားပါ။

  2. Apps ကိုနှိပ်ပါ၊ ထို့နောက် FaceTime ကိုနှိပ်ပါ။

  3. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • မသိသောဖုန်းခေါ်ဆိုမှုများကို အသံပိတ်ခြင်း၊ Silence Unknown Callers ကိုဖွင့်ခြင်း။ မသိသော နံပါတ်များမှ ခေါ်ဆိုမှုများသည် ကိုအသံတိတ်ထားပြီး voicemail သို့ ရောက်သွားပြီး Recents စာရင်းတွင် ပြသထားသည်။ သင့်အဆက်အသွယ်ထဲမှ လူများ၊ မကြာသေးမီက အထွက်ဖုန်းခေါ်ဆိုမှုများနှင့် Siri Suggestions တို့ထံမှ အဝင်ဖုန်းခေါ်ဆိုမှုမြည်သံများသည် ဆက်လက်မြည်သွားမှာဖြစ်သည်။

    • အမည်မသိနံပါတ်များမှ ခေါ်ဆိုမှုများကို စစ်ထုတ်ခြင်း၊ Unknown Callers ကိုဖွင့်ပါ။ သင် မသိသည့်နံပါတ်များမှ လွတ်သွားသည့် ခေါ်ဆိုမှုများနှင့် voicemails ကို သင်၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းထဲရှိ Unknown Callers စာရင်းထဲသို့ ထည့်ပေးထားမည် (ထိုစာရင်းကို ကြည့်ရန် Filter ခလုတ် ကိုနှိပ်ပါ)။

    • အနှောင့်အယှက်များအဖြစ် သတ်မှတ်ထားသည့် ခေါ်ဆိုမှုများကို စစ်ထုတ်ခြင်း၊ FaceTime Spam ကိုဖွင့်ခြင်း။ အနှောင့်အယှက်ပြု ခေါ်ဆိုမှုများကို အသံတိတ်ထားပြီး သင်၏ဖုန်းခေါ် ဆိုမှုမှတ်တမ်းထဲရှိ Spam စာရင်းထဲသို့ ရောက်သွားမည် (ထိုစာရင်းကို ကြည့်ရန် Filter ခလုတ် ကိုနှိပ်ပါ)။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.