ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Siri ကိုဖွင့်ပြီး အသက်သွင်းခြင်း

Siri သည် သင် ဆောင်ရွက်ချက်များကို ပြီးဆုံးအောင်လုပ်ဆောင်ရာတွင် ကူညီပေးသည့် သင်၏ iPhone တွင် ထည့်ထားပေးသည့် ဉာဏ်ရည်တုအကူအညီတစ်ခုဖြစ်ပါသည်။

မှတ်စု သင်၏သတင်းအချက်အလက်များကို ထိန်းသိမ်းကာကွယ်ပေးရန် Siri ကို တီထွင်ထားသည်ဖြစ်၍ သင်မျှဝေလိုသည့်အရာကို ရွေးချယ်နိုင်ခွင့်ပြုသည်။ ပိုမိုသိရှိရန် Siri, Dictation & Privacy ဝက်ဘ်ဆိုက် နှင့် Siri နှင့် Dictation & Privacy ကိုတိုးတက်စေခြင်းဝက်ဘ်ဆိုက်ကိုကြည့်ပါ။

Siri ကို ဖွင့်ခြင်း

သင်သည် အချက်အလက်များရယူရန် Siri ကို အသုံးမပြုမီ ၎င်းကို ဖွင့်ထားရန်လိုအပ်ပါသည်။ iPhone ကိုပထမဆုံးစီမံဆောင်ရွက်စဉ်က Siri ကို မစီမံခဲ့လျှင် အောက်ပါအတိုင်းလုပ်ပါ၊

  1. သင့် iPhone တွင် Settings အက်ပ်  ကိုသွားပါ။

  2. Siri (သို့မဟုတ် Apple Intelligence & Siri) ကိုနှိပ်ပါ၊ ထို့နောက် Talk to Siri ကိုနှိပ်ပါ။

  3. အောက်ပါတို့မှတစ်ခုကိုရွေးပါ၊

    ဘေးဘက်ခလုတ်ဖြင့် Siri ကိုအသက်သွင်းရန် Press Side Button for Siri ကိုဖွင့်ပါ။

Siri ၏ထပ်ဆောင်းချိန်ညှိမှုများကို ပြောင်းလဲလိုပါက Siri ချိန်ညှိမှုများပြောင်းလဲခြင်း ကိုကြည့်ပါ။

Siri ကိုခေါ်ခြင်း

Siri ကို သင်ဖွင့်ပြီးနောက် ၎င်းကို အသက်သွင်းရန် လုပ်ဆောင်ပြီးမှသာ မေးခွန်းတစ်ခု သို့မဟုတ် တောင်းဆိုမှုတစ်ခုကို မေးပါ။

မှတ်စု Siri ကိုအသုံးပြုရန် အင်တာနက်နှင့် ချိတ်ထားရမည်။

  1. အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • သင်၏ အသံဖြင့်၊ “Siri” သို့မဟုတ် “Hey Siri.” ဟု ပြောပါ

    • Face ID ပါဝင်သည့် iPhone တစ်လုံးတွင်၊ ဘေးဘက်ခလုတ်ကို ဖိနှိပ်ထားပါ။

    • Home ခလုတ်ပါဝင်သည့် iPhone တစ်လုံးတွင်၊ Home ခလုတ်ကို ထိပြီးထိန်းထားပါ။

    • EarPods နှင့်၊ အလယ်ခလုတ် သို့မဟုတ် ဖုန်းခေါ်ဆိုမှုခလုတ်ကို ဖိပြီးထိန်းထားပါ။

    • CarPlay နှင့်၊ အသံဖြင့်အမိန့်ပေးခလုတ်ကို ထိပြီးထိန်းထားပါ သို့မဟုတ် CarPlay Home ဖန်သားပြင်တွင် Home ခလုတ်ကို ထိ၍ထိန်းထားပါ။ သင်၏ကားထဲတွင် Siri ကိုအသုံးပြုခြင်း ကိုကြည့်ပါ။

    • Siri Eyes Free နှင့်၊ သင်၏ စတီယာရင်ဘီးပေါ်ရှိ အသံနှင့်အမိန့်ပေးခလုတ်ကို ဖိပြီးထိန်းထားပါ။

  2. မေးခွန်းတစ်ခု သို့မဟုတ် တောင်းဆိုမှုတစ်ခု ပြုလုပ်ပါ—ဥပမာအားဖြင့် “What’s 18 percent of 225?” သို့မဟုတ် “Set the timer for 3 minutes”ဟုပြောပါ။

    အကြံပြုချက် သင် စကားပြောပြီးဆုံးမည့်အချိန်ကို Siri စောင့်ဆိုင်းရမည့် ကြာချိန်ကို ပြောင်းလဲရန် Settings အက်ပ် သို့သွားပါ၊ Accessibility ကိုနှိပ်ပါ၊ Siri ကိုနှိပ်ပါ၊ Siri Pause Time အောက်ရှိ Default၊ Longer သို့မဟုတ် Longest ကိုရွေးပါ။

ခလုတ်တစ်ခုနှိပ်၍ Siri ကိုခေါ်သည့်အခါ iPhone သည် အသံပိတ် မုဒ် ဝင်နေပါက Siri သည် တိတ်ဆိတ်စွာတုံ့ပြန်သည်။ အသံပိတ် မုဒ်ကို ပိတ်ထားသည့်အခါ Siri သည် အသံပြုတုံ့ပြန်ပါသည်။ သင်၏အသံဖြင့် Siri ကိုခေါ်သည့်အခါ Siri က အသံကျယ်ကျယ်ဖြင့်တုံ့ပြန်သည်။ ၎င်းအပြုအမူကို ပြောင်းလဲရန် Siri တုံ့ပြန်ပုံကို ပြောင်းလဲခြင်း ကိုကြည့်ပါ။

အထောက်အကူပြု AirPods တွင် တစ်ချက်နှိပ်၍ သို့မဟုတ် သင်၏အသံဖြင့် Siri ကို အသက်သွင်းနိုင်ပါသည်။ AirPods သုံးစွဲသူလမ်းညွှန်ရှိ Siri စတင်စီမံခြင်း ကိုကြည့်ပါ။

အကြံပြုချက် iPhone မှ “Siri” သို့မဟုတ် “Hey Siri” ကို ပြန်လည်တုံ့ပြန်မှုမရှိစေရန် iPhone မှောက်ချထားပါ သို့မဟုတ် Settings အက်ပ် သို့သွားပါ၊ Siri (သို့မဟုတ် Apple Intelligence & Siri) ကိုနှိပ်ပါ၊ Talk to Siri ကိုနှိပ်ပါ (သို့မဟုတ် Talk & Type to Siri)၊ ထို့နောက် Off ကိုရွေးလိုက်ပါ။

ဆက်တိုက်တောင်းဆိုမှုများပြုလုပ်ခြင်း

Siri ကို အသက်သွင်းပြီးနောက် ၎င်းကို ပြန်လည်အသက်မသွင်းဘဲ နောက်ဆက်တွဲ တောင်းဆိုမှုများကို ပြုလုပ်နိုင်ပါသည် (နိုင်ငံများအားလုံး သို့မဟုတ် ဒေသများအားလုံးတွင် မရနိုင်ပါ)။

  1. Siri ကိုအသက်သွင်းပါ၊ ထို့နောက် တောင်းဆိုမှုကိုပြုလုပ်ပါ။

  2. သင်တောင်းဆိုမှုပြုလုပ်ပြီးနောက် ချက်ချင်းနောက်တစ်ခု တောင်းဆိုခြင်း။

    ဥပမာ “Hey Siri, what’s the weather like in San Francisco?ဟုပြောပါ။ What about Cupertino?”

တောင်းဆိုမှုတစ်ခုကို ကျော်လွန်ပယ်ချရန် Siri ပြောနေစဉ်ကို Siri ကို ကြားဖြတ်ပြောပါ။

သင်ပြောသည်ကို Siri ကနားလည်မှုလွဲသွားလျှင် ပြန်လည်ပြင်ဆင်နိုင်သည်

  • ဆက်တိုက်တောင်းဆိုမှုပြုလုပ်နေစဉ်၊ မတူညီသည့်နည်းလမ်းဖြင့် သင့်တောင်းဆိုမှုကို ထပ်လုပ်ပါ။

  • ဆက်တိုက်တောင်းဆိုမှု မပြုလုပ်လျှင်၊ Listen ခလုတ် ကိုနှိပ်ပြီးနောက် သင်၏တောင်းဆိုမှုကို မတူညီသောနည်းလမ်းနှင့် ထပ်ပြောပါ။

  • သင်၏တောင်းဆိုမှုကို ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားပြောရန်၊ Listen ခလုတ် ကိုနှိပ်ပြီးနောက် Siri နားမလည်သော စကားလုံးများကို ရှင်းလင်းပြတ်သားအောင် ထပ်ပြောပါ။ ဥပမာ“Call” ဟုအသံထွက်ပြောပြီးနောက် တစ်စုံတစ်ဦး၏အမည်ကို ရှင်းလင်းပြတ်သားစွာပြောပါ။

  • မပို့ခင် မက်ဆေ့ချ်ကို ပြောင်းလဲရန်၊ “Change it” ဟုပြောပါ။

  • သင်၏တောင်းဆိုချက်ကို စာရိုက်၍ပြုပြင်ရန်၊ သင့်တောင်းဆိုချက်ကို မျက်နှာပြင်ပေါ်တွင် တွေ့ရပါက ၎င်းကို သင်ပြုပြင်နိုင်သည်။ တောင်းဆိုချက်ကို နှိပ်ပါ၊ ထို့နောက် မျက်နှာပြင်စာရိုက်ခလုတ်ခုံကို အသုံးပြုပါ။

အကြံပြုချက် Siri ကို ပြန်လည်အသက်မသွင်းဘဲ သင့်တောင်းဆိုမှုကို ပြင်ဆင်ရန် မူရင်းတောင်းဆိုချက်ပြီးပါက မှန်ကန်သည့် တောင်းဆိုးမှုကို ချက်ချင်းပြုလုပ်ပါ။ (အချို့သော နိုင်ငံများ နှင့် ဒေသများတွင် ပံ့ပိုးထားသသော iPhone အမျိုးအစားများတွင် အသုံးပြုနိုင်သည်။)

Siri သို့စကားပြောမည့်အစားစာရိုက်ခြင်း

အကယ်၍ သင်သည် Apple Intelligence ကိုမဖွင့်ထားလျှင် Accessibility ချိန်ညှိမှုထဲတွင် Type to Siri ကိုဖွင့်နိုင်ပါသည်။

  1. သင့် iPhone တွင် Settings အက်ပ်  ကိုသွားပါ။

  2. Accessibility ကိုနှိပ်ပါ၊ Siri ကိုနှိပ်ပါ၊ ထို့နောက် Type to Siri ကိုဖွင့်ပါ။

  3. တောင်းဆိုမှုတစ်ခုကို ရိုက်ထည့်ရန် Siri ကိုခေါ်၍ စာရိုက်ခလုတ်ခုံနှင့် စာရိုက်ကွက်ကို အသုံးပြုကာ Siri ကိုမေးခွန်းတစ်ခုမေးပါ သို့မဟုတ် လုပ်ဆောင်မှုတစ်ခု လုပ်စေပါ။

မှတ်စု Siri with Apple Intelligence ကို စာရိုက်ရန် Siri ကိုစာရိုက်ခြင်းကိုကြည့်ပါ။

Siri ကို ပိတ်ခြင်း

  1. သင့် iPhone တွင် Settings အက်ပ်  ကိုသွားပါ။

  2. Siri (သို့မဟုတ် Apple Intelligence & Siri) ကိုနှိပ်ပါ၊ ထို့နောက် Talk to Siri (Talk & Type to Siri)ကိုနှိပ်ပါ။

  3. Off ကိုနှိပ်ပါ၊ ထို့နောက် Press Side Button for Siri ကိုပိတ်ပါ။

သင့် iPhone တွင် Siri က မျှော်မှန်းထားသလို အလုပ်မလုပ်ပါက Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် သင်၏ iPhone သို့မဟုတ် iPad တွင် Siri ကအလုပ်မလုပ်ဆောင်ပါကကို ကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.