ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Freeform ဘုတ်ပြားတစ်ခုတွင် ပုံဆွဲခြင်း သို့မဟုတ် လက်ရေးဖြင့် ရေးခြင်း

ပုံကြမ်းဆွဲခြင်း သို့မဟုတ် သင်၏လက်ဖြင့်လက်ရေးမှတ်စုရေးခြင်း တို့ကိုပြုလုပ်နိုင်သည်။ သင်ရိုက်ထားသည့် စာသားအတိုင်း ပြုပြင်နိုင်ပြီး လက်ရေးစာဖြင့် ပြုလုပ်နိုင်သည်။

ပုံဆွဲခြင်းကိရိယာများမြင်နိုင်သည့် Freeform ဘုတ်ပြားတစ်ခုရှိ ပုံဆွဲခြင်းတစ်ခု။

ပုံဆွဲခြင်း သို့မဟုတ် လက်ရေး ရေးသားခြင်း

  1. သင့် iPhone ရှိ Freeform အက်ပ် ကိုသွားပါ။

  2. ဘုတ်ပြားတစ်ခုကိုဖွင့်ပါ၊ သို့မဟုတ် အသစ်တစ်ခုကိုစတင်ရန် New Board ခလုတ် ကိုနှိပ်ပါ။

  3. Handwriting Tools ခလုတ် ကိုနှိပ်ကာ သင်၏လက်ချောင်းဖြင့် ပုံဆွဲပါ သို့မဟုတ် သင့်လက်ချောင်းဖြင့် စာရေးပါ။

    အကြံပြုချက် သင်ပုံဆွဲပြီးလျှင် ၎င်း၏ပုံသဏ္ဍာန်ကို ချောမွေ့စေရန် သို့မဟုတ် ဖြောင့်စေရန် သင့်လက်ချောင်းကိုခေတ္တဖိထားပါ။

    Freeform ပုံဆွဲကိရိယာအချို့ နှင့် ၎င်းတို့၏စုတ်ချက်များ၊ Marker၊ ဖောင်တိန်၊ Highlighter၊ ခဲတံ၊ ရောင်စုံခဲတံနှင့်၊ ရေဆေးစုတ်တံ။
  4. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • ကိရိယာများ ပြောင်းလဲခြင်း၊ ကိရိယာတစ်ခုကိုနှိပ်ပါ။ Fill၊ Crayon၊ Fountain Pen၊ Reed Pen သို့မဟုတ် Watercolor Brush ကဲ့သို့သော အခြားကိရိယာများကိုကြည့်ရန် ဘေးသို့ဆွဲပါ။

    • ကိရိယာ၏ အရည်အသွေးများ (ထောင့်၊ အထူ၊ အလင်းပိတ်ခြင်းကဲ့သို့)ကို ပြောင်းခြင်း၊ ကိရိယာတစ်ခုခုကို ဒုတိယအကြိမ်နှိပ်ပါ။

    • ပုံစံတစ်ခုကို အရောင်ဖြည့်ထားခြင်း၊ Fill tool (ဆေးခြယ်သည့်ဖန်ပြွန်ချောင်း)ကိုနှိပ်ပါ၊ ထို့နောက် ပုံစံအပိတ် တစ်ခုအတွင်းနှိပ်ပါ။

    • မျဉ်းဖြောင့်တစ်ကြောင်းကိုဆွဲပါ၊ Ruler tool ကိုနှိပ်ပါ။ ၎င်းအပေါ်တွင်လက်ချောင်းနှစ်ချောင်းတင်ကာ သင့်လက်ကိုလှည့်ခြင်းဖြင့် ၎င်းမျဥ်းဖြောင့်ကို လှည့်ပါ။

  5. သင်ပုံဆွဲ၍ ပြီးဆုံးပါက Done ခလုတ်ကိုနှိပ်ပါ။

Apple Intelligence* ကိုဖွင့်ထားလျှင် Freeform ထဲတွင် ထူးခြားသည့်ပုံတစ်ပုံဖန်တီးရန် Image Playground ကိုအသုံးပြုနိုင်ပါသည်။ Image Playground ဖြင့် မူလပုံရိပ်များကို ဖန်တီးခြင်း ကိုကြည့်ပါ။

ပုံတစ်ပုံ၏အစိတ်အပိုင်းများကို ရွေးချယ်ခြင်းနှင့်ပြင်ဆင်ခြင်း

Freeform အက်ပ်ထဲတွင် သင်ပုံဆွဲသည့်အခါ၊ သင့်စုတ်ချက်များကို အဖွဲ့ဖွဲ့ထားသည်။ ပုံတစ်ပုံကို ဖြိုခွဲလိုလျှင်၊ သင့်စုတ်ချက်များကို ခွဲခြားပြီး ၎င်းတို့ကိုပေါင်းနိုင်သည်။ ပုံတစ်ပုံ၏အစိတ်အပိုင်းများကို ဖျက်နိုင်၊ အရွယ်ပြင်နိုင် သို့မဟုတ် ဖြောင့်လည်းဖြောင့်နိုင်ပါသည်။

  1. ပုံဆွဲကိရိယာများဖြင့် သင့် Freeform ဘုတ်ပြားပေါ်တွင် ပုံဆွဲသို့မဟုတ်စာရေးပြီးသည့်အခါ ပုံဆွဲကိရိယာများထဲတွင် (ခဲဖျက်နှင့်ပေတံကြားရှိ) Lasso ကိရိယာ ကိုနှိပ်ပါ။

  2. သင် ရွေးချယ်လိုသော ပုံ၏ အစိတ်အပိုင်းကို နှိပ်ပါ သို့မဟုတ် ဝိုင်းပါ၊ ထို့နောက် ရွေးချယ်စရာတစ်ခုကို ရွေးပါ။ အခြားရွေးချယ်စရာများကိုကြည့်ရန် Forward ခလုတ်ကိုနှိပ်ပါ။

    အကြံပြုချက် လက်ဖြင့်ဆွဲထားသောမျဥ်းများကို ချောမွေ့စေရန် သို့မဟုတ် ဖြောင့်စေရန်အတွက် Snap to Shape ကိုရွေးချယ်ပါ။

ပုံဆွဲကိရိယာများကို အသုံးမပြုသည့်ချိန်တွင် ပုံတစ်ခု သို့မဟုတ် အခြားအမျိုးအစားများကို နှိပ်ပြီး ရွေးချယ်နိုင်သည်။ အမျိုးအစားတစ်ခုကို ရွေးချယ်ရန်နှိပ်ပါ၊ ဖန်သားပြင်အောက်ခြေရှိ ပုံစံချကိရိယာများထဲမှ More ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် Cut၊ Copy၊ သို့မဟုတ် Duplicate ကိုနှိပ်ပါ။

လက်ရေးစာဖြင့် ပြုလုပ်ခြင်း

Freeform အက်ပ်တွင် လက်ဖြင့် ရေးသည့်အခါ သင်၏ လက်ရေးကို စကားလုံးအဖြစ် အသိအမှတ်ပြုသည်။ သင်ရိုက်ထားသည့် စာကို ရှာဖွေသည့်နည်းလမ်းအတိုင်း သင်လက်ရေးထားသော စာသားကို သင်ရှာဖွေနိုင်သည်။ ၎င်းကို ရွေးချယ်နိုင်သည်၊ စာသားအဖြစ် ကူးယူနိုင်ပြီး ကူးထည့်နိုင်သည်၊ ၎င်းကို ဆန့်နိုင်သည် သို့မဟုတ် ဘာသာပြန်နိုင်သည်။

  1. ပုံဆွဲကိရိယာများဖြင့် သင့် Freeform ဘုတ်ပြားပေါ်တွင် ပုံဆွဲသို့မဟုတ်စာရေးပြီးသည့်အခါ ပုံဆွဲကိရိယာများထဲတွင် (ခဲဖျက်နှင့်ပေတံကြားရှိ) Lasso ကိရိယာ ကိုနှိပ်ပါ။

  2. စာသားကို ရွေးချယ်ရန် စာလုံးများကို နှစ်ကြိမ်ဆက်နှိပ်ပါ သို့မဟုတ် ဝိုင်းပါ၊ Forward ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် အောင်ပါတို့မှ နှစ်သက်ရာတစ်ခုကို လုပ်ဆောင်ပါ၊

    • စာသားကို ပို၍ ရှင်းလင်းပီသပြီး၊ ချောမွေ့ကာ ဖြောင့်တန်းအောင်ပြုလုပ်ခြင်း၊ Refine ကိုနှိပ်ပါ။

    • သင့်အရေးအသားကို ပိုမို အဆင့်မြှင့်ခြင်း၊ Straighten ကိုနှိပ်ပါ။

    • စာလုံးပေါင်းပြင်ရန်၊ အကြမ်းဖော်ပြထားသောစကားလုံးတစ်လုံးကို နှိပ်ပါ၊ ထို့နောက် ၎င်းကို သင်မည်သို့ ပြင်ချင်သည်ကို ရွေးချယ်ပါ။ ပြင်ဆင်မှုသည် သင့်ကိုယ်ပိုင်ရေးသားမှုပုံစံဖြင့် ပေါ်သည်။

    • လက်ဖြင့်ရေးထားသည့် စာသားကို ရွှေ့ခြင်း၊ ရွေးချယ်ထားသော စာသားကိုထိ၍ထိန်းထားကာ နေရာသစ်တစ်ခုသို့ ဖိဆွဲသွားပါ။

    • ဖိဆွဲ၍ နေရာချထားခြင်း၊ စာသားကို ထိပြီးထိန်းထားပါ။

    • စာသားကို ဖျက်ခြင်း၊ အရေးအသားကို ခြစ်ထုတ်ပါ၊ ထို့နောက် သင့်လက်ချောင်းကို iPhone တွင် ဖိထားပါ။ (Pen၊ Mono line၊ Marker ကဲ့သို့သော markup ကိရိယာကိုအသုံးပြုသည့်အခါထောက်ပံ့ပေးပါသည်။)

တခြားနည်းလမ်းများကိုကြည့်ရန် ရွေးချယ်ထားသည့်စာသားအပေါ် တွင ပေါ်လာသည့် မီနူးထဲမှ Forward ခလုတ် ကိုနှိပ်ပါ။

လက်ရေးစာသားလင့်ခ်၊ လိပ်စာ၊ ဖုန်းနံပါတ် သို့မဟုတ် ရက်စွဲတစ်ခုကို သင်နှိပ်လိုက်သည့်အခါ ၎င်းသည် မီနူးတစ်ခု သို့မဟုတ် တခြားသက်ဆိုင်သည့် အက်ပ်တစ်ခုကို ဖွင့်ပေးနိုင်သည်။

*Apple Intelligence သည် beta တွင်ရနိုင်ပြီး အောက်ပါ ဘာသာစကားများအတွက် ပံ့ပိုးပေးပါသည်၊ အင်္ဂလိပ်၊ ဒန်းနစ်ရှ်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နော်ဝေ၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ တူရကီ၊ တရုတ် (Simplified)၊ တရုတ် (Traditional)၊ ဂျပန်၊ ကိုရီယား သို့မဟုတ် ဗီယက်နမ်။ အချို့သောလုပ်ဆောင်ချက်များကို ဘာသာစကားအားလုံး သို့မဟုတ် ဒေသများအားလုံးတွင် ရရှိနိုင်မည်မဟုတ်ပါ။ အင်္ဂါရပ်များနှင့် ရရှိနိုင်သည့် ဘာသာစကားနှင့် စနစ်လိုအပ်ချက်များအတွက်အချက်အလက်များပိုမိုသိလိုပါက Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် Apple Intelligence ရယူနည်း ကိုကြည့်ပါ။
Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.