ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Freeform ဘုတ်ပြားတစ်ခုတွင် ပုံဆွဲခြင်း သို့မဟုတ် လက်ရေးဖြင့် ရေးခြင်း

Freeform အက်ပ် တွင် ပုံကြမ်းဆွဲခြင်း သို့မဟုတ် သင်၏လက်ဖြင့်လက်ရေးမှတ်စုရေးခြင်း တို့ကိုပြုလုပ်ပါ။

လက်ရေးစာသား နှင့် ပုံဆွဲခြင်းကိရိယာများပါသော Freeform ဘုတ်ပြားတစ်ခုရှိ ပုံဆွဲခြင်းတစ်ခု။

ပုံဆွဲခြင်း သို့မဟုတ် လက်ရေး ရေးသားခြင်း

  1. သင့် iPhone တွင် Freeform အက်ပ် ကိုဖွင့်ခြင်း။

  2. ဘုတ်ပြားတစ်ခုကိုဖွင့်ပါ၊ ထို့နောက်အသစ်တစ်ခုကိုစတင်ရန် New Board ခလုတ် ကိုနှိပ်ပါ။

  3. Handwriting Tools ခလုတ် ကိုနှိပ်ကာ သင်၏လက်ချောင်းဖြင့် ပုံဆွဲပါ သို့မဟုတ် သင့်လက်ချောင်းဖြင့် စာရေးပါ။

    အကြံပြုချက် သင်ပုံဆွဲပြီးလျှင် ၎င်း၏ပုံသဏ္ဍာန်ကို ချောမွေ့စေရန် သို့မဟုတ် ဖြောင့်စေရန် သင့်လက်ချောင်းကိုခေတ္တဖိထားပါ။

  4. ၎င်းထံသို့ပြောင်းရန် ကိရိယာတစ်ခုကိုနှိပ်ပါ။ (Fill၊ Crayon၊ Fountain Pen၊ သို့မဟုတ် Watercolor Brush ကဲ့သို့သော အခြားကိရိယာများကိုကြည့်ရန် ဘေးသို့ဆွဲပါ။)

    Freeform ပုံဆွဲကိရိယာအချို့ နှင့် ၎င်းတို့၏စုတ်ချက်များ၊ Marker၊ ဖောင်တိန်၊ Highlighter၊ ခဲတံ၊ ရောင်စုံခဲတံနှင့်၊ ရေဆေးစုတ်တံ။

    စုတ်ချက်တစ်ခု၏အထူနှင့် အလင်းပိတ်မှုကဲ့သို့သော မည်သည့်ကိရိယာ၏ အရည်အသွေးကိုမဆိုပြောင်းလဲရန် ထိုကိရိယာကိုဒုတိယအကြိမ်နှိပ်ပါ၊

    ပုံစံအပိတ် တစ်ခုကို အရောင်ဖြည့်လိုပါက Fill ကိရိယာကိုသုံးပါ (ဆေးဘူးပုံစံ)။

    မျဥ်းဖြောင့်တစ်ကြောင်းဆွဲရန် Ruler ကိရိယာကိုနှိပ်ပါ။ (၎င်းအပေါ်တွင်လက်ချောင်းနှစ်ချောင်းတင်ကာ သင့်လက်ကိုလှည့်ခြင်းဖြင့် ၎င်းမျဥ်းဖြောင့်ကို လှည့်နိုင်သည်။)

ပုံတစ်ပုံ၏အစိတ်အပိုင်းများကို ရွေးချယ်ခြင်းနှင့်ပြင်ဆင်ခြင်း

Freeform အက်ပ် ထဲတွင် သင်ပုံဆွဲသည့်အခါ၊ သင့်စုတ်ချက်များကို အဖွဲ့ဖွဲ့ထားသည်။ ပုံတစ်ပုံကို ဖြိုခွဲလိုလျှင်၊ သင့်စုတ်ချက်များကို ခွဲခြားပြီးပေါင်းနိုင်သည်။ ပုံတစ်ပုံ၏အစိတ်အပိုင်းများကို ဖျက်နိုင်၊ အရွယ်ပြင်နိုင် သို့မဟုတ် ဖြောင့်လည်းဖြောင့်နိုင်ပါသည်။

  1. ပုံဆွဲကိရိယာများဖြင့် သင့် Freeform ဘုတ်ပြားပေါ်တွင် ပုံဆွဲသို့မဟုတ်စာရေးပြီးသည့်အခါ ပုံဆွဲကိရိယာများထဲတွင် (ခဲဖျက်နှင့်ပေတံကြားရှိ) Lasso ကိရိယာ ကိုနှိပ်ပါ။

  2. သင် ရွေးချယ်လိုသော ပုံ၏ အစိတ်အပိုင်းကို နှိပ်ပါ သို့မဟုတ် ဝိုင်းပါ၊ ထို့နောက် ရွေးချယ်စရာတစ်ခုကို ရွေးပါ။ (အခြားရွေးချယ်စရာများကိုကြည့်ရန် More Options ခလုတ် ကိုနှိပ်ပါ။)

    အကြံပြုချက် လက်ဖြင့်ဆွဲထားသောမျဥ်းများကို ချောမွေ့စေရန် သို့မဟုတ် ဖြောင့်စေရန်အတွက် Snap to Shape ကိုရွေးချယ်ပါ။

ပုံဆွဲကိရိယာများကို အသုံးမပြုသည့်ချိန်တွင် ပုံတစ်ခု သို့မဟုတ် အခြားအမျိုးအစားများကို နှိပ်ပြီး ရွေးချယ်နိုင်သည်။ အမျိုးအစားတစ်ခုကို ရွေးချယ်ရန်နှိပ်ပါ၊ ပုံစံချကိရိယာများထဲမှ More ခလုတ် ကိုနှိပ်ပါ၊ ထို့နောက်Cut၊ Copy၊ သို့မဟုတ်Duplicate ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.