ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Mail တွင် အီးမေးလ်ကို အလံတပ်မှတ်သားခြင်း သို့မဟုတ် ပိတ်ပင်ခြင်း

Mail အက်ပ်တွင် အရေးကြီးသော အီးမေးလ်များကို အလံတပ်မှတ်သားခြင်း၊ အလံတပ်ထားသည့် အီးမေးလ်များကိုဖန်တီးခြင်းနှင့် VIPs မှ အီးမေးလ်များကိုအလံတပ်မှတ်သားခြင်းတို့ ပြုလုပ်နိုင်သည်။ သေချာစွာသတ်မှတ်ထားသည့် ပေးပို့သူများထံမှ အီးမေးလ်ကိုလည်း ပိတ်ဆို့နိုင်သည်။

အီးမေးလ်တစ်စောင်ကိုအလံတပ်ခြင်း

နောက်ပြန်ရှာရလွယ်ကူစေရန် အရေးကြီးအီးမေးလ်ကို အလံသင်္ကေတတပ်ထားနိုင်သည်။ အလံတပ်ထားသော email သည် သင့် Inbox ထဲတွင် ကျန်ရှိနေပြီး Flagged စာတိုက်ပုံးထဲတွင်လည်း ပေါ်နေမည်။

Unflag ခလုတ်နှင့် အလံများအတွက် အရောင်ရွေးချယ်မှုများအပါအဝင် ဖန်သားပြင်၏အောက်ခြေတစ်ဝက်ရှိ စာပြန်ရန်ရွေးချယ်စရာများကို ပြသနေသော အီးမေးလ်။
  1. Email အတွင်း နှိပ်ပါ၊ Reply ခလုတ် ကိုနှိပ်ပြီးနောက် Flagကိုနှိပ်ပါ။

  2. အလံအတွက်အရောင်ရွေးချယ်ရန် အရောင်ပါသည့်အစက်တစ်ခုကိုနှိပ်ပါ။

    အလံကိုပြောင်းလဲရန် သို့မဟုတ် ဖယ်ရှားရန် အီးမေးလ်ကိုဖွင့်ကာ Reply Actions ခလုတ်ကိုနှိပ်၍ အခြားအရောင်ကိုရွေးပါ သို့မဟုတ် Unflag ကိုနှိပ်ပါ။

မှတ်စု တူညီသည့် Apple IDတစ်ခုတည်းဖြင့် အကောင့်ဝင်ရောက်ထားသည့် သင့် Apple ပစ္စည်းများအားလုံးတွင် Mail ရှိ ထိုအီးမေးလ်တွင် သင်ထည့်သွင်းထားသည့် အလံများ ပေါ်လာမည်ဖြစ်သည်။

Flagged စာတိုက်ပုံးတစ်ခုကို ဖန်တီးခြင်း

အမှတ်အသားပြုထားသည့် စာတိုက်ပုံးတစ်ခုကိုထည့်သွင်းနိုင်ပြီး သင်အမှတ်အသားပြုထားသည့် အီးမေးလ်များကို တစ်နေရာတည်းတွင် လွယ်လင့်တကူ ဝင်ရောက်နိုင်သည်။

  1. Mailboxes များကို တွေ့ရသည်အထိ ဘယ်ဘက်အပေါ်ထိပ်ထောင့်မှ Back ခလုတ်ကိုနှိပ်ပါ။

  2. Edit ကိုနှိပ်ကာ Flagged ကိုရွေးချယ်ပါ။

သင်၏ VIPs မှလာသော အီးမေးလ်များကိုအလံတပ်ခြင်း

သင့် VIP စာရင်းထဲသို့ အရေးကြီးသည့်လူများထည့်သွင်းထားလျှင် VIP စာတိုက်ပုံးအတွင်း VIP အလံတစ်ခုဖြင့် သူတို့၏အီးမေးလ်များပေါ်လာမည်။ တစ်ယောက်ယောက်ကို သင့်ဆက်သွယ်မှုစာရင်းထဲသို့ထည့်သွင်းခြင်း သို့မဟုတ် VIP တစ်ယောက်အဖြစ် သတ်မှတ်ခြင်း ကိုကြည့်ပါ။

သေချာစွာသတ်မှတ်ထားသည့် ပေးပို့သူများထံမှ အီးမေးလ်ကို ပိတ်ဆို့ခြင်း

ပေးပို့သူတစ်ဦးကို နောက်ပိုင်းတွင် အီးမေးလ်မပို့တော့စေရန် အီးမေးလ်လိပ်စာတစ်ခုကို သင်ပိတ်ပင်နိုင်သည်။

၎င်းတို့၏ အီးမေးလ်လိပ်စာကိုနှိပ်၍ Block this Contact ကိုရွေးပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.