ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone မှ ပုံနှိပ်ထုတ်ခြင်း

Mail၊ Photos နှင့် Safari ကဲ့သို့သောအက်ပ်စ်များမှ AirPrint အသုံးပြုနိုင်သောပုံနှိပ်ထုတ်စက်တစ်ခုကို ကြိုးမဲ့ပုံနှိပ်ထုတ်ရန် AirPrint ကိုအသုံးပြုပါ။ App Store ပေါ်တွင်ရရှိနိုင်သောများစွာသောအက်ပ်စ်များသည်လည်း AirPrint အထောက်အပံ့ပေသည်။

မှတ်စု သင့် iPhone နှင့် ပရင်တာသည် Wi-Fi ကွန်ရက်တစ်ခုတည်းတွင်ရှိရမည်။ Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့်AirPrint အကြောင်း ကိုကြည့်ပါ။

AirPrint အသုံးပြုနိုင်သောပုံနှိပ်ထုတ်စက်တစ်ခုကို ရွေးချယ်ပါ

AirPrint အသုံးပြုနိူင်သည့် သင့်ပုံနှိပ်ထုတ်စက်ကိုအတည်ပြုပြီးနောက်တွင် သင့် iPhone နှင့်ပုံနှိပ်ထုတ်စက်တို့သည်တူညီသော Wi-Fi ချိတ်ဆက်မှုအောက်တွင်ရှိနေပါလိမ့်မည်၊ အောက်ပါအတိုင်းဆောင်ရွက်ပါ၊

  1. သင်ပုံနှိပ်ထုပ်ချင်သည့် အက်ပ်ကိုဖွင့်ပါ။

  2. Share ခလုတ်More ခလုတ်Reply ခလုတ် သို့မဟုတ် Actions Menu ခလုတ် (သင်အသုံးပြုနေသည့်အက်ပ်အပေါ်မူတည်) ကိုနှိပ်ပါ။

  3. Print ကိုနှိပ်ပါ၊ No Printer Selected ကိုနှိပ်ပါ၊ ထို့နောက် AirPrint အသုံးပြုနိုင်သောပုံနှိပ်ထုတ်စက်တစ်ခုကိုရွေးချယ်ပါ။

စာရွက်စာတမ်းကို ပုံနှိပ်ထုတ်ခြင်း

  1. သင်ပုံနှိပ်ထုပ်ချင်သည့် အက်ပ်ကိုဖွင့်ပါ။

  2. Share ခလုတ်More ခလုတ်Reply ခလုတ် သို့မဟုတ် Actions Menu ခလုတ် (သင်အသုံးပြုနေသည့်အက်ပ်အပေါ်မူတည်) ကိုနှိပ်ပါ။

  3. Print ကိုနှိပ်ပါ။ (Print ကိုမမြင်ရပါက အပေါ်သို့ရွှေ့ပါ။)

ပုံနှိပ်ထုတ်သည့်အလုပ် အခြေအနေကို ကြည့်ခြင်း

App Switcher ကိုဖွင့်ပါ၊ထို့နောက် Print Center ကိုနှိပ်ပါ။

သင်္ကေတပေါ်ရှိတံဆိပ်သည် စာရွက်စာတမ်းဘယ်လောက်များများတန်းစီနေသည်ကို ပြပါသည်။

ပုံနှိပ်ထုတ်သည့်အလုပ်ကို ဖျက်သိမ်းရန် Print Center ကိုနှိပ်ပါ၊ ထို့နောက် Cancel Printing နှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.