ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

သင်၏ iPhone တွင် Cinematic မုဒ်ဗီဒီယိုများကို ပြုပြင်ခြင်း

iPhone 13၊ iPhone 14 နှင့် iPhone 15 အမျိုးအစားများအားလုံးတွင် အနီးမြင်ကွင်းနှင့်နောက်ခံမြင်ကွင်းကိုလှလှပပဝါးပေးသည့်အခါ သင့်ဗီဒီယိုရှိ အဓိကအရာဝတ္ထုကို ထင်ရှားပြတ်သားစေသည့် ဆုံချက်ပြင်ပဝါးထားခြင်းကို Cinematic မုဒ်က အသုံးပြုသည်။ Photos အက်ပ် တွင် အထူးပြုလုပ်ချက်အသုံးပြုထားသော ဆုံချက်ကိုပြောင်းလဲနိုင်ပြီး သင်၏ Cinematic ဗီဒီယိုများတွင် နောက်ခံမြင်ကွင်းဝါးရာတွင်—သို့မဟုတ် ဆုံချက်ပြင်ပဝါးထားခြင်း—တွင် အတိုင်းအတာချိန်ညှိနိုင်သည်။ အထူးပြုလုပ်ချက်ကို ပိတ်လည်းပိတ်နိုင်သည်။

iPhone XS၊ iPhone XR နှင့် iOS 15 သို့မဟုတ် နောက်ပိုင်းပါရှိသော နောက်ပိုင်းအမျိုးအစားများတွင် Cinematic မုဒ်ဗီဒီယိုများကို ပြင်ဆင်နိုင်သည်။

အလျားလိုက်အနေအထားဖြင့် Cinematic မုဒ်ဗီဒီယိုတစ်ခု၏ Edit ဖန်သားပြင်။ ဖန်သားပြင်ထိပ် ဘယ်ဘက်တွင် Cancel ခလုတ် Cinematic Manual ခလုတ်နှင့် Depth Adjustment ခလုတ်တို့ရှိပါသည်။ ဖန်သားပြင်၏ထိပ်အလယ်တွင် Cinematic ခလုတ်ကိုရွေးချယ်ထားသည်။ ဖန်သားပြင်၏ထိပ် ညာဘက်တွင် Volume ခလုတ်၊ More Options ခလုတ်၊ Enter Full Screen ခလုတ်နှင့် Done ခလုတ်တို့ရှိပါသည်။ ဖန်သားပြင်အလယ်တွင် ဗီဒီယိုရှိပြီး ဆုံချက်ထားသောအရာဝတ္ထုဝန်းကျင်တွင် ဘောင်ခတ်ထားပါသည်။ ဗီဒီယို၏အောက်တွင် ဘောင်ပြအကွက်ကိရိယာရှိပြီး ဗီဒီယိုထဲမှအမှတ်များသည် ဆုံချက်ပြောင်းသော အရာဝတ္ထုများရှိရာကို ပြသည်။ ဖန်သားပြင်ညာခြမ်း၊ အထက်မှ အောက်ခြေတစ်လျှောက် ဓာတ်ပုံတည်းဖြတ်ခလုတ်များရှိသည်၊ Video၊ Adjust Color၊ Filters နှင့် Crop တို့ဖြစ်သည်။

Cinematic အထူးပြုလုပ်ချက်ကို ပိတ်ခြင်း

  1. Photos တွင် Cinematic မုဒ်ဖြင့်ရိုက်ကူးသော ဗီဒီယိုတစ်ခုကိုဖွင့်၍ Edit ကိုနှိပ်ပါ။

  2. ဖန်သားပြင်ထိပ်ရှိ Cinematic ကိုနှိပ်၍ Done ကိုနှိပ်ပါ။

Cinematic မုဒ်ကိုပြန်လည်ဖွင့်ရန် ၎င်းအဆင့်များအတိုင်း ပြန်ဖွင့်နိုင်သည်။

Cinematic မုဒ်ဗီဒီယိုတစ်ခုတွင် ဆုံချက်မှတ်ကို ပြောင်းလဲခြင်း

Cinematic မုဒ်ဖြင့် ရိုက်ကူးနေစဉ်ကင်မရာသည် ဆုံချက်ထားရှိရမည့်အရာကို အလိုအလျောက်ရွေးချယ်သတ်မှတ်ပေးပြီး အရာဝတ္ထုသစ်တစ်ခုတွေ့ရှိပါက ၎င်းကို အလိုအလျောက် ဆုံချက်ပြောင်းလဲချိန်ပေးပါသည်။ ဆုံချက်ထားသောအရာဝတ္ထုကိုလည်း ကိုယ်တိုင်ပြောင်းနိုင်သည်။

  1. Photos တွင် Cinematic မုဒ်ဖြင့်ရိုက်ကူးသော ဗီဒီယိုတစ်ခုကိုဖွင့်၍ Edit ကိုနှိပ်ပါ။

    ဘောင်ပြအကွက်ကိရိယာအောက်ရှိ အစက်လေးများသည် ရိုက်ကူးနေစဉ် ကင်မရာမှအလိုအလျောက်ပြောင်းလဲထားသော ဆုံချက်များကို ညွှန်းထားခြင်းဖြစ်သည်။ အဝါရောင်အစက်များသည် ကိုယ်တိုင်ပြောင်းလဲထားသော ဆုံချက်တည်နေရာကို ပြသသည်။

  2. ဗီဒီယိုကိုဖွင့်ပါ သို့မဟုတ် ဘောင်ပြအကွက်ကိရိယာရှိ အဖြူရောင်ထောင်လျက်ဘားကို သင်ဆုံချက်ပြောင်းလိုသော တည်နေရာမှတ်ထိ ဆလိုက်ဆွဲချပါ။

  3. ဆုံချက်ပြောင်းလဲရန် ဖန်သားပြင်ရှိ အဝါရောင်မျဉ်းကွက်အတွင်းအသားပေးဖော်ပြထားသည့် အရာဝတ္ထုသစ်ကို နှိပ်ပါ - ထိုအရာဝတ္ထုကို အလိုအလျောက်ဆုံချက်ထားနိုင်ရန် နှစ်ကြိမ်ဆက်နှိပ်ပါ။

    ဘောင်ပြအကွက်ကိရိယာအောက်တွင်ပေါ်နေသော အဝါရောင်အစက်များသည် ပြောင်းလဲထားသည့် ဆုံချက်ကိုပြသသည်။

    မှတ်စု ကင်မရာနှင့် သတ်မှတ်အကွာအဝေးတစ်ခုထားလျက် ဆုံချက်ကိုအသေထားရန် ဖန်သားပြင်ကို ထိ၍ထိန်းထားနိုင်သည်။

  4. ဗီဒီယိုတစ်လျှောက်တွင် ဆုံချက်မှတ်များကို ပြောင်းလဲရန် အထက်ပါအဆင့်များအတိုင်း ပြန်လည်ဆောင်ရွက်ပါ။

    ကိုယ်တိုင်ဆုံချက်ပြောင်းစနစ်ကို ဖယ်ရှားရန် ဘောင်ပြအကွက်ကိရိယာအောက်ရှိ အဝါရောင်အစက်ကိုနှိပ်ကာ Trash ခလုတ်ကိုနှိပ်ပါ။

  5. သင်၏ပြောင်းလဲမှုများကိုသိမ်းရန် Done ကိုနှိပ်ပါ။

Camera ၏ အလိုအလျောက်ဆုံချက်ရှာဖွေစနစ်နှင့် ကိုယ်တိုင်ဆုံချက်မှတ်များရွေးချယ်စနစ်တို့ကို တစ်ခုမှတစ်ခုပြောင်းလဲရန် Manual Tracking ခလုတ် ကိုနှိပ်ပါ။

သင်ပြောင်းလဲထားသည်များကို သိမ်းဆည်းပြီးနောက် သင်၏ပြင်ဆင်ချက်ကို မနှစ်သက်ပါက Cinematic မုဒ်ဗီဒီယိုတစ်ခုကို မူလအနေအထားပြန်လည်ထားရှိနိုင်သည်။ ဗီဒီယိုကိုဖွင့်၍ Edit ကိုနှိပ်ကာ Revert ကိုနှိပ်ပါ။

Cinematic မုဒ်ဗီဒီယိုတစ်ခုတွင် ဆုံချက်ပြင်ပဝါးထားခြင်းကို ပြောင်းလဲခြင်း

  1. Photos တွင် Cinematic မုဒ်ဖြင့်ရိုက်ကူးသော ဗီဒီယိုတစ်ခုကိုဖွင့်၍ Edit ကိုနှိပ်ပါ။

  2. ဖန်သားပြင်ထိပ်ပေါ်ရှိ Depth Control ခလုတ် ကိုနှိပ်ပါ။

    ဗီဒီယို၏ အောက်ဘက်တွင်ဆလိုက်ဘားပေါ်နေသည်။

  3. ထိုဆုံချက်ပြင်ပဝါးထားခြင်းကိုချိန်ညှိရန် ဆလိုက်ဘားကိုဘယ်ဘက်သို့မဟုတ်ညာဘက်သို့ဆွဲယူကာ Done ကိုနှိပ်ပါ။

သိမ်းဆည်းပြီးနောက် ထိုပြင်ဆင်ထားပုံကိုပြန်လည်ပယ်ဖျက်ရန် ဗီဒီယိုကိုဖွင့်၍ Edit ကိုနှိပ်ကာ Revert ကိုနှိပ်ပါ။

Cinematic မုဒ်ဗီဒီယိုများကို သင်၏ Mac ထဲသို့ထည့်သွင်းခြင်း

အလင်းဝင်နှုန်းနှင့် ဆုံချက်ပြင်ဆင်ချက်များအပါအဝင် Cinematic မုဒ်ဗီဒီယိုများကို—သင်၏ iPhone မှ အခြားအက်ပ်များတွင် ပြင်ဆင်ရန်အလို့ငှာ သင်၏ Mac ထဲသို့ ရွှေ့ပြောင်းရန် AirDrop ကိုအသုံးပြုနိုင်သည်။

မှတ်စု iOS 16 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများပါသည့် iPhone တစ်လုံးဖြင့်ရိုက်ကူးထားသည့် Cinematic မုဒ်ဗီဒီယိုများကို တည်းဖြတ်ရန် သင်၏ Mac သည် macOS 13 သို့မဟုတ် နောက်ပိုင်း ကိုအသုံးပြုနေရမည်။

  1. Photos တွင် Cinematic မုဒ်ဗီဒီယိုကိုဖွင့်ပါ၊ ထို့နောက် Share ခလုတ်ကိုနှိပ်ပါ။

  2. ဖန်သားပြင်ထိပ်ရှိ Options ကိုနှိပ်၍ All Photos Data ကိုဖွင့်ကာ Done ကိုနှိပ်ပါ။

  3. AirDrop ကိုနှိပ်၍ သင်မျှဝေလိုသော စက်ပစ္စည်းကိုနှိပ်ပါ (သင်မျှဝေမည့်စက်ပစ္စည်းတွင် AirDrop ကိုဖွင့်ထားပါစေ)။

Photos ကိုအသုံးပြု၍ သင်၏ Mac တွင် Cinematic မုဒ်ဗီဒီယိုများပြုပြင်ခြင်းအကြောင်းပိုမိုသိရှိရန် Mac ရှိ Photos တွင်Cinematic မုဒ်ဗီဒီယိုများကို ပြုပြင်ခြင်းကိုကြည့်ပါ။

Final Cut Pro၊ iMovie သို့မဟုတ် Motion ကိုအသုံးပြု၍ သင်၏ Mac တွင် Cinematic မုဒ်ဗီဒီယိုများကို ပြုပြင်ခြင်းအကြောင်းပိုမိုသိရှိရန် Apple အထောက် အကူပြုဆောင်းပါးကိုကြည့်ပါ Mac ပေါ်တွင် Final Cut Pro၊ iMovie၊ Motion ဖြင့် Cinematic မုဒ်ဗီဒီယိုကို ပြုပြင်ခြင်းကိုကြည့်ပါ။

Cinematic မုဒ်ဓာတ်ပုံများနှင့် ဗီဒီယိုများကို ပြင်ပသိုလှောင်မှုစက်ပစ္စည်းတစ်ခုသို့ ထုတ်ခြင်း

Cinematic မုဒ်ဗီဒီယိုများကို ပြင်ပဒရိုက်၊ မှတ်ဉာဏ်ကတ် သို့မဟုတ် အခြားသိုလှောင်မှုစက်ပစ္စည်းတစ်ခုသို့ တိုက်ရိုက်ထုတ်နိုင်သည်။

မှတ်စု တည်းဖြတ်ပြီးသော ဓာတ်ပုံများနှင့် ဗီဒီယိုများအတွက် မမွမ်းမံရသေးသည့် မူလဗားရှင်းဖြင့် ထုတ်ပေးမည်ဖြစ်သည်။

  1. သင့် iPhone သို့ Lightning သို့မဟုတ် USB-C ချိတ်ဆက်မှုကိရိယာကို အသုံးပြု၍ သိုလှောင်မှုစက်ပစ္စည်းသို့ iPhone ပေါ်တွင် ချိတ်ဆက်ပါ။

  2. Photos အက်ပ်ကို ဖွင့်ပါ၊ ထို့နောက် သင်ထုတ်လိုသည့် ဗီဒီယိုကို ရွေးချယ်ပါ။

  3. Share ခလုတ်ကိုနှိပ်၍ Export Unmodified Original ကိုနှိပ်ပါ။

  4. သင့်သိုလှောင်မှုစက်ပစ္စည်းကို နှိပ်ပါ (Locations အောက်ရှိ) ထို့နောက် Save ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.