ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Mail တွင် အီးမေးလ်ကိုရှာခြင်း

Mail အက်ပ် ထဲတွင် မတူညီသည့်နယ်ပယ်များကို သုံး၍ အီးမေးလ်များကိုရှာဖွေနိုင်သည်။

အီးမေးလ်တစ်ခုထဲမှ စာသားကိုရှာခြင်း

  1. စာတိုက်ပုံးတစ်ခုမှ ရှာဖွေမှုကွက်လပ်မြင်နိုင်ရန် အောက်သို့ရွှေ့ပါ၊ ၎င်းကို နှိပ်ကာ သင်ရှာနေသည့် စာကိုရိုက်ထည့်ပါ။

  2. ထွက်လာသော ရလဒ်စာရင်းအပေါ်ရှိ စာတိုက်ပုံးအားလုံး သို့မဟုတ် လက်ရှိရောက်နေသော စာတိုက်ပုံးကိုရှာရန် ရွေးချယ်ပါ။

  3. ရှာဖွေရန်ကို နှိပ်ပါ၊ ထို့နောက် ရှာဖွေမှုရလဒ်များအတွင်းမှ အီးမေးလ်တစ်စောင်ကိုကြည့်ရန် ၎င်းကိုနှိပ်ပါ။

Mail သည် လိပ်စာကွက်လပ်များ၊ အကြောင်းရင်း၊ အီးမေးလ်စာကိုယ်၊ စာရွက်စာတမ်းများနှင့် လင့်ခ်များကို ရှာဖွေသည်။ သင်ရိုက်ထည့်လိုက်သည့်အတိုင်း ရှာဖွေမှုအကြံပြုချက်များအပေါ်ရှိ Top Hits တွင် အကိုက်ညီဆုံး အီးမေးလ်များပေါ်လာမည်။

အကြံပြုချက် လေယာဉ်နှင့် ဟိုတယ်များအတွက် ခရီးသွားဘိုကင် အတည်ပြုချက်များကို မြန်ဆန်စွာ ရှာဖွေရန် စာလုံးသုံးလုံးပါ လေယာဉ်ကုဒ် သို့မဟုတ် မြို့အမည်ကို ထည့်ပါ။

အချိန်ကာလဖြင့် ရှာခြင်း

  1. စာတိုက်ပုံးစာရင်းတစ်ခု၏ ရှာဖွေရန်ကွက်လပ်ကို နှိပ်ပါ။

  2. "September" ကဲ့သို့ အချိန်ကန့်သတ်ချက်တစ်ခု ရိုက်ထည့်ပြီးနောက် ထိုအချိန်ကန့်သတ်ချက်မှ အီးမေးလ်းများအားလုံးကို ကြည့်ရန် ပြက္ခဒိန်အကြံပြုချက်ကို နှိပ်ပါ။

    ရှာဖွေမှုကို ချုံ့ရန် ရှာဖွေမှုကွက်လပ်ကို ထပ်မံနှိပ်ပြီး "meeting" ကဲ့သို့ စကားလုံးတစ်ခုကို ရိုက်ထည့်ပါ။

အီးမေးလ်ရွေးချယ်စရာများဖြင့် ရှာဖွေခြင်း

  1. Inbox တစ်ခုတွင် ရှာဖွေမှုကွက်လပ်ကို နှိပ်ပါ။

    သင်စာရိုက်မထည့်မီ အကြံပြုထားသည့် မကြာသေးမီက ရှာဖွေမှုများ၊ မကြာသေးမီက စာရွက်စာတမ်းများနှင့် လင့်ခ်များကိုတွေ့နိုင်သည်။

  2. သင်၏ရှာဖွေမှုစံသတ်မှတ်ချက်ထည့်သွင်းပါ၊ ထို့နောက် စာရင်းရှိ အမျိုးအစားများထဲမှ တစ်ခုကိုနှိပ်ပါ သို့မဟုတ် အောက်ပါတို့မှ တစ်ခုကိုလုပ်ဆောင်ပါ၊

    • အလံတပ်ထားသော အီးမေးလ်များအားလုံးကိုရှာရန်၊ ရှာဖွေမှုကွက်လပ်အတွင်း "flag" ကို ရိုက်ထည့်ပြီး အောက်သို့ဆွဲချပါ၊ ပြီးလျှင် Other အောက်ရှိ Flagged Messages ကိုနှိပ်ပါ။

    • မဖတ်ရသေးသည့် အီးမေးလ်အားလုံးကိုရှာရန်၊ ရှာဖွေမှုကွက်လပ်အတွင်း "unread" ကိုရိုက်ထည့်ပြီး အောက်သို့ဆွဲချပါ၊ ပြီးလျှင် Other အောက်ရှိ Unread Messages ကိုနှိပ်ပါ။

    • ဖိုင်များတွဲဆက်ပါရှိသည့် အီးမေးလ်အားလုံးကိုရှာခြင်း၊ ရှာဖွေမှုကွက်လပ်အတွင်း "attachment" ကိုရိုက်ထည့်၍ အောက်သို့ဆွဲချပါ၊ ပြီးလျှင် Other အောက်ရှိ Messages with Attachments ကို နှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.