ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် ဓာတ်ပုံများနှင့် ဗီဒီယိုများကို မျှဝေခြင်း

Photos အက်ပ် မှ ဓာတ်ပုံများနှင့် ဗီဒီယိုများကို Mail သို့မဟုတ် Messages သို့မဟုတ် သင်ထည့်သွင်းထားသည့် အခြားအက်ပ်စ်များသို့ မျှဝေနိုင်သည်။ iPhone တစ်လုံးနှင့်တစ်လုံး နီးကပ်စွာ ထားရှိခြင်းဖြင့်လည်း ဓာတ်ပုံများနှင့် ဗီဒီယိုများကို မျှဝေနိုင်သည်။

ဓာတ်ပုံများနှင့် ဗီဒီယိုကို ပြင်ပသိုလှောင်မှုစက်ပစ္စည်းတစ်ခုသို့ ပြောင်းရွှေ့ခြင်းအကြောင်း လေ့လာရန် iPhone တွင် ဓာတ်ပုံများနှင့် ဗီဒီယိုများကိုထည့်သွင်းခြင်းနှင့် ထုတ်ခြင်းကိုကြည့်ပါ။

ဓာတ်ပုံများနှင့် ဗီဒီယိုများကို မျှဝေခြင်း

  • ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကို မျှဝေရန်၊ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကိုဖွင့်၍ Share ခလုတ်ကိုနှိပ်ကာ Mail၊ Messages သို့မဟုတ် AirDrop ကဲ့သို့ မျှဝေမှု ရွေးချယ်စရာတစ်ခုကို ရွေးချယ်ပါ။

    အောက်နားတွင် မျှဝေခြင်း ရွေးချယ်စရာများ ပါရှိသည့် ရွေးချယ်ထားသော ဓာတ်ပုံကို iPhone ဖန်သားပြင်၏ ထိပ်ပိုင်းတစ်ဝက်တွင် ပြသသည်၊ AirDrop၊ Messages၊ Mail နှင့် Notes။ ထိုမျှဝေမှုရွေးချယ်စရာများအောက်တွင် Copy Photo၊ Add to Shared Album၊ Add to Album နှင့် AirPlay တို့အပါအဝင် ဓာတ်ပုံအပေါ် ပြုလုပ်နိုင်သော အခြားလုပ်ဆောင်မှုများရှိသည်။
  • ဓာတ်ပုံအမြောက်အမြား သို့မဟုတ် ဗီဒီယိုအမြောက်အမြားကို မျှဝေရန်၊ ပုံသေးများစွာပါသည့် ဖန်သားပြင်ကို ကြည့်သည့်အခါ Select ကိုနှိပ်ပါ၊ ထို့နောက် သင်မျှဝေလိုသော ဓာတ်ပုံနှင့် ဗီဒီယိုများ၏ ပုံသေးကို နှိပ်ပါ။ Share ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Mail၊ Messages သို့မဟုတ် AirDrop ကဲ့သို့သော မျှဝေမှုရွေးချယ်စရာတစ်ခုကို ရွေးချယ်ပါ။

    iPhone ဖန်သားပြင်သည် ရွေးချယ်ထားသော ဓာတ်ပုံ ခုနစ်ခုပါရှိသည့် ဓာတ်ပုံများဂရစ်တစ်ခုဖြင့် ပြည့်နေသည်။ ဖန်သားပြင် အောက်ခြေတွင် Share၊ Delete နှင့် More ခလုတ်များ ရှိသည်။
  • တစ်ရက် သို့မဟုတ် တစ်လမှ ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများကို မျှဝေရန်၊ Library ကိုနှိပ်၍ Days သို့မဟုတ် Months ကို နှိပ်ကာ More Options ခလုတ်ကိုနှိပ်ပြီးနောက် Share Photos ကိုနှိပ်ပြီး Mail၊ Messages သို့မဟုတ် AirDrop ကဲ့သို့သော မျှဝေမှုရွေးချယ်စရာတစ်ခုကို ရွေးချယ်ပါ။

ဓာတ်ပုံများစုစည်းမှုကို ပြသနေသော Photos ဖန်သားပြင်၊ ဖန်သားပြင်အောက်ခြေတွင် Days ကို ရွေးချယ်ထားသည်။ ဖန်သားပြင်၏ထိပ်ဆုံးတွင် More options မီနူးက ပွင့်နေပြီး Share Photos၊ Play Memory Video နှင့် Show Map သို့ ရွေးချယ်စရာများပြသနေသည်။

iCloud Photos ကိုဖွင့်ထားသည့်အခါ အရည်အသွေးကောင်းမွန်သည့်တစ်ပုံထက်ပိုသောဓာတ်ပုံများကို iCloud လင့်ခ်ဖြင့် မျှဝေနိုင်သည်။ ရက် 30 သက်တမ်းရှိသည့် iCloud လင့်ခ်များကို မည်သူမဆိုကြည့်ရှုနိုင်ပြီး ၎င်းတို့ကို Messages သို့မဟုတ် Mail ကဲ့သို့သော မည်သည့်အက်ပ်ကိုမဆိုအသုံးပြုကာ မျှဝေနိုင်သည်။

သင်ရွေးထားသည့် လူများနှင့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို မျှဝေရန်အတွက် Shared Albums ကို အသုံးပြုနိုင်သည်။ iPhone ရှိ Photos တွင် မျှဝေထားသော အယ်လ်ဘမ်များ ဖန်တီးခြင်း ကိုကြည့်ပါ။

မှတ်စု တွဲဆက်ဖိုင်ပမာဏသည် သင့်ကိုဝန်ဆောင်မှုပေးသည့်ကုမ္ပဏီမှ ဆုံးဖြတ်ပေးမည်။ Live Photos ထောက်ပံ့မှုမရရှိသော စက်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများတွင် Live Photo သည် ရုပ်သေဓာတ်ပုံအဖြစ်သာ မျှဝေနိုင်သည်။

မျှဝေမှု ရွေးချယ်စရာများကို ချိန်ညှိခြင်း

ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကို မမျှဝေမီ ၎င်းနှင့်အတူ မျှဝေမည့် ပုံစံ၊ ဖိုင်အမျိုးအစားနှင့် အချက်အလက်များကို ချိန်ညှိနိုင်သည်။

  1. ထိုဓာတ်ပုံ သို့မဟုတ် ဗီဒီယို ကို ဖွင့်ပါ၊Share ခလုတ်ကိုနှိပ်ပါ၊ Options ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့အနက် တစ်ခုခုကို လုပ်ပါ၊

    • တည်နေရာအချက်အလက်များကို ပိတ်ခြင်း၊ Location ဘေးရှိ ခလုတ်ကို နှိပ်ပါ (အစိမ်းရောင် လင်းနေမည်)။

    • ဖိုင်ပုံစံကို ချိန်ညှိခြင်း၊ ဦးတည်ရာလမ်းကြောင်းအတွက် အကောင်းဆုံးပုံစံအတွက် Automatic ကို နှိပ်ပါ၊ ဖိုင်ပုံစံပြောင်းလဲခြင်း မဖြစ်စေရန် Current ကိုနှိပ်ပါ၊ သို့မဟုတ် Most Compatible ကိုနှိပ်ပါ၊ ဖိုင်များသည် JPG သို့မဟုတ် MOV သို့ ပြောင်းလဲသွားနိုင်သည်။

    • iCloud လင့်အဖြစ် ပေးပို့ခြင်း၊ ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများကို ကြည့်ရှုရန် သို့မဟုတ် ဒေါင်းလုတ်ရယူရန်အတွက် URL မျှဝေရန် iCloud Link ဘေးရှိ ခလုတ် (အစိမ်းရောင် လင်းနေမည်) ကိုနှိပ်ပါ။ iCloud လင့်များကို ရက် 30 အတွင်း ရရှိနိုင်သည်။

    • ဓာတ်ပုံအချက်အလက်များအားလုံးကို ပေးပိုခြင်း၊ တည်းဖြတ်မှုရာဇဝင်နှင့် မက်တာဒေတာပါရှိသည့် မူရင်းဖိုင်ကို မျှဝေရန် All Photos Data ဘေးရှိ ခလုတ် (အစိမ်းရောင် လင်းနေမည်) ကို နှိပ်ပါ၊ လက်ခံသူသည် လက်ရှိဗားရှင်းကို ကြည့်ရှုနိုင်ပြီး တည်းဖြတ်မှုများကို မွမ်းမံနိုင်သည် (AirDrop နှင့်iCloud လင့်များတွင်သာ)။

  2. Done ကိုနှိပ်ပါ။

iPhone တစ်လုံးနှင့်တစ်လုံး နီးကပ်စွာ ထားရှိပြီး ဓာတ်ပုံများနှင့် ဗီဒီယိုများ မျှဝေခြင်း

iPhone နှစ်လုံးကို နီးကပ်စွာ အတူထားရှိခြင်းဖြင့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို တစ်လုံးမှတစ်လုံးသို့ ပြောင်းရွှေ့နိုင်သည်။

  1. iPhone တစ်လုံးချင်းစီသည် စက်ဖွင့်ထားရန်၊ သော့ဖွင့်ထားရန် နှင့် AirDrop ဖွင့်ထားရန် သေချာပါစေ။

  2. ပေးပို့သူနှင့် လက်ခံသူတို့သည် အချင်းချင်း၏ Contacts အက်ပ် အတွင်း အဆက်အသွယ်များ ရှိနှင့်ပြီးသား ဖြစ်ရန် သေချာပါစေ။

  3. သင်မျှဝေလိုသည့် အရာများရှိသော iPhone တွင် Photos အက်ပ် ကိုနှိပ်၍ အောက်ပါတို့အနက် တစ်ခုကို လုပ်ပါ၊

    • ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကို မျှဝေရန်၊ သင်မျှဝေ၍ ဖန်သားပြင်တွင် ဆက်လက်ထားရှိလိုသော ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကို ဖွင့်ပါ။

    • ဓာတ်ပုံအမြောက်အမြား သို့မဟုတ် ဗီဒီယိုအမြောက်အမြားကို မျှဝေရန်၊ Select ကို နှိပ်ပါ၊ ထို့နောက် သင့်စုစည်းမှုမှ မျှဝေလိုသော ဓာတ်ပုံများနှင့် ဗီဒီယိုများကို နှိပ်ပါ။

  4. စက်နှစ်လုံးကို အတူထားရှိ၍ Share ကိုနှိပ်ပါ။

    မျှဝေထားသော အရာများကို လက်ခံသူ၏ Photos စုစည်းမှုသို့ ထည့်လိုက်သည်။

သင်ရရှိထားသော ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒီယိုတစ်ခုကို သိမ်းဆည်းခြင်း

  • အီးမေးလ်မှ၊ လိုအပ်လျှင်၎င်းအချက်အလက်ကို ဒေါင်းလုတ်လုပ်ရန်နှိပ်ပါ၊ ထို့နောက် Share ခလုတ် ကိုနှိပ်ပါ။ သို့မဟုတ် ၎င်းအချက်အလက်ကို ထိ၍ထိန်းထားကာ မျှဝေခြင်း သို့မဟုတ် သိမ်းဆည်းခြင်း တို့ကိုရွေးချယ်ပါ။

  • စာသားမက်ဆေ့ချ်တစ်ခုမှ၊ အပြန်အလှန်စာပို့မှုထဲမှ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကို နှိပ်ပါ၊ Share ခလုတ် ကိုနှိပ်၍ မျှဝေခြင်း သို့မဟုတ် သိမ်းဆည်းခြင်း တို့ကိုရွေးချယ်ပါ။ သင်၏ Photos စုစည်းမှုထဲသို့ ဓာတ်ပုံ သို့မဟုတ် ဓာတ်ပုံကို တိုက်ရိုက်သိမ်းဆည်းရန် Messages အပြန်အလှန်ပြောဆိုမှုတွင် Save Messages ခလုတ် ကိုလည်း နှိပ်နိုင်သည်။

  • iCloud လင့်ခ်တစ်ခုမှ၊ သင်၏ Photos စုစည်းမှုထဲသို့ လက်ရွေစင်စုစည်းမှုကိုတိုက်ရိုက်သိမ်းဆည်းရန် Messages အပြန်အလှန်ပြောဆိုမှုတွင် Save Messages ခလုတ် ကိုနှိပ်ပါ။ လက်ရွေးစင်စုစည်းမှုကို မျှဝေရန် Photos ကိုဖွင့်၍ For You ကိုနှိပ်ကာ iCloud Links အောက်ရှိ လက်ရွေးစင်စုစည်းမှုကို နှိပ်ပါ။ More ခလုတ်ကို နှိပ်၍ Share ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.