ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

သင့် iPhone ကိုစတင်စီမံရန် အသုံးပြုရလွယ်သောလုပ်ဆောင်မှုများကို ဖွင့်ပါ

အခြား iPhone လုပ်ဆောင်ချက်များကို ပိုမိုလွယ်ကူစွာ စီစဥ်သတ်မှတ်ရန်နှင့် ကိုယ်ပိုင်ဖန်တီးယူရန် သင့် iPhone ကိုပထမဆုံးအကြိမ်ဖွင့်သည့်အခါ ဖွင့်လို့ရနိုင်သည့်အသုံးပြုရလွယ်ကူသော လုပ်ဆောင်ချက်များ iPhone တွင်ပါရှိသည်။

ဖန်သားပြင်ပေါ် တွင်ရှိသည်များကို VoiceOver ဖြင့် နားထောင်ပါ

VoiceOver—ကိုယ်ဟန်ကိုအခြေခံသော ဖန်သားပြင်ဖတ်သည့်စနစ်—ဖန်သားပြင်ပေါ်တွေင် ဘာဖြစ်နေသည်ဆိုတာကို သင့်အားပြောပြပါသည်။

  1. VoiceOver ကိုဖွင့်ရန် iPhone ကိုဖွင့်ပြီးနောက် ဘေးခလုတ်ကိုသုံးခါနှိပ်ပါ (Face ID ပါသည့် iPhone တစ်လုံးတွင်) သို့မဟုတ် Home ခလုတ်ကိုသုံးခါနှိပ်ပါ (အခြား iPhone အမျိုးအစားများ)။

  2. အောက်ပါတို့တစ်ခုခုနှင့် ပိုမို၍လုပ်ဆောင်ပါ၊

    • ဖန်သားပြင်တစ်ခုလုံးကို ပြောပါ၊ လက်ချောင်းနှစ်ချောင်းဖြင့် အပေါ်သို့ရွှေ့ပါ။

    • သင်ဘာကိုထိနေသည်ဆိုတာကို ဖော်ထုတ်ပါ၊ ဖန်သားပြင်ကိုထိပါ သို့မဟုတ် ဖန်သားပြင်ပေါ် တွင် သင့်လက်ချောင်းဖြင့် ပွတ်ဆွဲပါ။ VoiceOver သည် သင်္ကေတများနှင့် စာသားအပါအဝင် သင်လက်ရှိဖွင့်ထားသည့် အမျိုးအစားအမည်ကိုပြောပြသည်။ နောက်ထပ်အမျိုးအစားတစ်ခုကို ရွေးချယ်ရန် ညာဘက်သို့ဆွဲပါ။ ဖန်သားပြင်ပေါ်မှ ပထမဆုံးအမျိုးအစားကိုရွေးချယ်ရန် ထိပ်ဆုံးနားတွင် လက်ချောင်းလေးချောင်းဖြင့်ထိပါ။

    • အမျိုးအစားတစ်မျိုးကို ရွေးချယ်ပါ၊ ခလုတစ်ခု သို့မဟုတ် လင့်ခ်တစ်ခုကိုရွေးချယ်ရန် နှိပ်ပါ၊ လုပ်ဆောင်ရန် နှစ်ချက်နှိပ်ပါ။

    • နောက်စာမျက်နှာတစ်ခုသို့ အထက်အောက်ရွှေ့ပါ၊ လက်ချောင်းသုံးချောင်းနှင့်ရွှေ့ပါ။

    • ဖန်သားပြင်ပေါ်မှ ရိုတာကိုဖွင့်ပါ၊ ဒိုင်ခွက်တစ်ခုကို လှည့်နေသကဲ့သို့ ဖန်သားပြင်ပေါ်တွင် လက်ချောင်းနှစ်ချောင်းကိုလှည့်ပါ။ iPhone တွင်ရိုတာကိုသုံး၍ VoiceOver ကိုထိန်းချုပ်ခြင်း ကိုကြည့်ပါ။

မှတ်စု VoiceOver ဖွင့်ထားသည့်အခါတွင် အခြေခံလက်ဟန်များသည် ပုံမှန်အတိုင်းအလုပ်မလုပ်ပါ။ iPhone တွင် VoiceOver လက်ဟန်အမူအရာများကို အသုံးပြုခြင်းနှင့်VoiceOver ဖွင့်ထားသည့်အချိန် iPhone ကိုလုပ်ဆောင်စေခြင်း ကိုကြည့်ပါ။

အသံရွေးချယ်စရာများ၊ ဘာသာစကား၊ အသံ၊ စကားပြောနှုန်း၊ VoiceOver က ပေးစွမ်းနိုင်သည့်အသေးစိတ်များ၊ နှင့်အစရှိသည်တို့ကို VoiceOver settings ထဲတွင်ချိန်ညှိနိုင်သည်။

ဖန်သားပြင်အစိတ်အပိုင်းပေါ်တွင်ပုံချုံ့ခြင်း

  1. ဖန်သားပြင်ကို လက်သုံးချောင်းဖြင့် နှစ်ချက်နှိပ်ပါ၊ ထို့နောက်ဆလိုက်ကိုအသုံးပြုပြီး ပုံချဲ့မှုအဆင့်ကိုသတ်မှတ်ပါ။

  2. ပုံချဲ့ထားသော ဖန်သားပြင်တစ်လျှောက် လက်သုံးချောင်းအသုံးပြုပြီး အထက်အောက်ရွှေ့ပါ။

iPhone ဖန်သားပြင်တွင်ပုံချုံ့ခြင်း ကိုကြည့်ပါ။

စတင်စီမံမှု ပြုလုပ်နေစဥ်အတွင်း တခြားလုပ်ဆောင်ချက်များကို ဖွင့်ပါ

Quick Start ဖန်သားပြင်မှ ထပ်တိုးအသုံးပြုရလွယ်သော လုပ်ဆောင်ချက်များကို ဖွင့်နိုင်သည်။

အောက်ပါတို့မှ ကြိုက်ရာတစ်ခုခုအတွက် ချိန်ညှိမှုများကို ဖွင့်ရန် သို့မဟုတ် ချိန်ညှိရန် Accessibility Options ခလုတ် ကိုနှိပ်ပါ၊

အကယ်၍သင်သည်အနီးနားရှိ iPhone သို့မဟုတ် iPad တွင်အသုံးပြုရလွယ်သည့် လုပ်ဆောင်ချက်များကို သင်စီမံထားပြီးလျှင် Quick Start ကိုအသုံးပြုပြီး သင်၏ ချိန်ညှိမှုများကိုသင်၏ iPhone အသစ်ဆီသို့ကူးပြောင်းနိုင်သည်—ဖန်သားပြင်ပေါ်မှ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။ သင်၏ iPhone ကိုဖွင့်၍ အစပျိုးလုပ်ဆောင်ခြင်း ကိုကြည့်ပါ။ (သင်၏ယခင်စက်ပစ္စည်းသည် Appleမှထုတ်လုပ်ထားသည်မဟုတ်ပါက အန်းဒရွိုက်စက်ပစ္စည်းတစ်ခုမှ iPhone သို့ ရွှေ့ပြောင်းခြင်း ကိုကြည့်ပါ။ )

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.