ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

FCC လေးစားလိုက်နာရမည့်ဖော်ပြချက်

ဤစက်ပစ္စည်းကို FCC စည်းမျဉ်းများ၏အပိုဒ် 15 နှင့်အညီပြုလုပ်ထားသည်။ ဖုန်းအလုပ်လုပ်ဆောင်ပုံသည် အောက်ပါအခြေအနေနှစ်ရပ်ကိုလိုက်နာထားသည်၊ (1) ဤစက်ပစ္စည်းသည် အန္တရာယ်ဖြစ်သည့်အနှောင့်အယှက်မဖြစ်စေရေးနှင့် (2) ဤစက်ပစ္စည်းသည် မလိုလားအပ်သည့်ဖုန်းလည်ပတ်မှုဖြစ်စေနိုင်သည့် အနှောင့်အယှက်ဖြစ်ခြင်းများအပါအဝင် ရရှိနိုင်သည့်အနှောင့်အယှက်တိုင်းအား လက်ခံရမည်။

မှတ်စု ဤစက်ပစ္စည်းကို စမ်းသပ်ထားပြီး FCC စည်းမျဉ်းများ၏ အပိုဒ် 15 နှင့်အညီ အဆင့်ဘီ ဒီဂျစ်တယ်စက်ပစ္စည်းတစ်ခုအတွက် ကန့်သက်ချက်များကို လိုက်နာထားသည်ကို တွေ့ရသည်။ ဤကန့်သတ်ချက်များကို လူနေထိုင်ရာတွင်တပ်ဆင်မှု၌ အန္တရာယ်အနှောင့်အယှက်မရှိစေရန် သင့်လျော်သော ကာကွယ်မှုကို ပံ့ပိုးရန် ထုတ်လုပ်ထားသည်။

၎င်းစက်ပစ္စည်းသည် ရေဒီယိုလှိုင်းကို ထုတ်လုပ်၊ အသုံးပြုသည့်အပြင် ဖြာထွက်နိုင်သေးသည်။ ညွှန်ကြားချက်နှင့် ကိုက်ညီစွာ တပ်ဆင်အသုံးပြုခြင်းမပြုပါက ရေဒီယိုလှိုင်းနှင့် ဆက်သွယ်ရေးတို့တွင် အန္တရာယ်ရှိသည်ထိ အနှောင့်အယှက်ဖြစ်နိုင်သည်။ သို့သော်လည်း မည်သို့တပ်ဆင်လျှင် အနှောင့်အယှက်မဖြစ်ဟူ၍ အာမခံချက်လည်း မရှိပါ။

ထိုစက်ပစ္စည်းကိုဖွင့်ခြင်းပိတ်ခြင်းဖြင့် ရေဒီယို သို့မဟုတ် ရုပ်မြင်သံကြားဖမ်းယူရာတွင် အန္တရာယ်သက်ရောက်လာလျှင် သုံးစွဲသူသည် အောက်ဖော်ပြပါအတိုင်း တိုင်းတာ၍ နှောင့်ယှက်မှုကို ပြင်ဆင်စေလိုပါသည်။

  • ဖမ်းယူသည့် ဧရိယာတိုင်ကို အနေအထားပြင်ပါ သို့မဟုတ် နေရာရွှေ့ပြောင်းပါ။

  • စက်ပစ္စည်းနှင့် ဖမ်းယူစက်တို့ကို ဝေးဝေးထားပါ။

  • စက်ပစ္စည်းကို ဖမ်းယူစက်ပလတ်ထိုးထားသည့်ပလတ်ပေါက်၏ မတူညီသော လျှပ်စီးပတ်လမ်းကြောင်းတွင် ထိုးပါ။

  • ရောင်းဝယ်ခွင့်ရကိုယ်စားလှယ် သို့မဟုတ် အတွေ့အကြုံရှိသော ရေဒီယို၊ ရုပ်မြင်သံကြားနည်းပညာရှင်တို့ဆီမှ အကူအညီရယူရန် တိုင်ပင်ပါ။

Apple မှလုပ်ပိုင်ခွင့်မပြုထားဘဲ ၎င်းထုတ်ကုန်ကို အပြောင်းအလဲများ သို့မဟုတ် ပြုပြင်မွမ်းမံခြင်းများသည် လျှပ်စစ်သံလိုက်တွဲဖက်သုံးနိုင်စွမ်း (EMC)နှင့် ကြိုးမဲ့ချိတ်ဆက်နိုင်စွမ်းတို့ ပျောက်ပျက်စေနိုင်ပြီး ထိုထုတ်ကုန်ကို သင်၏အသုံးပြုပိုင်ခွင့်လည်း အချည်းနှီးဖြစ်သွားနိုင်သည်။

ယင်းကုန်ပစ္စည်းတွင် လိုက်လျောညီထွေရှိသည့် အရံစက်ပစ္စည်းကိရိယာများအသုံးပြုခြင်းနှင့် စနစ်ဖွဲ့စည်းမှုအစိတ်အပိုင်းကြား ဖုံးအုပ်ကာရံထား သည့် ကေဘယ်ကြိုးများပါဝင်သည့် စည်းမျဉ်းစည်းကမ်းများအတိုင်း EMC လိုက်နာရမည့်အချက်များ အထင်အရှားပါသည်။ ရေဒီယိုများ၊ ရုပ်မြင်သံကြားစက်များနှင့် အခြားအီလက်ထရောနစ် စက်ပစ္စည်းကိရိယာများအား အနှောင့်အယှက်ဖြစ်စေနိုင်မှုကိုလျှော့ချရန်အတွက် သင့်အနေဖြင့် လိုက်လျောညီထွေရှိသည့် အရံစက်ပစ္စည်းကိရိယာများနှင့် စနစ်ဖွဲ့စည်းမှုအစိတ်အပိုင်းကြား ဖုံးအုပ်ကာရံထားသောကေဘယ်ကြိုးများအသုံးပြုရန် အရေးကြီးပါသည်။

တာဝန်ရှိသော အဖွဲ့ (FCC ကိစ္စများအတွက်သာ ဆက်သွယ်ရန်)၊

Apple Inc.

One Apple Park Way, MS 911-AHW

Cupertino, CA 95014

အမေရိကန်ပြည်ထောင်စု (USA)

apple.com/sg/contact

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.