ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

ကားထဲတွင် Siri ကိုအသုံးပြုခြင်း

CarPlay သို့မဟုတ် Siri Eyes Free တို့ကိုအသုံးပြု၍ Siri ကို ဖုန်းခေါ်ဆိုစေခြင်း၊ စာသားမက်ဆေ့ချ်ပို့စေခြင်း သင်၏ iPhone တွင်ရှိသောသီချင်းများကို ဖွင့်စေခြင်း၊ လမ်းညွှန်ချက်ပြစေခြင်းနှင့် iPhone ပါအင်္ဂါရပ်များကို အသုံးပြုစေခြင်းတို့ကို လုပ်စေနိုင်သည်။

CarPlay သည် (ရွေးချယ်ထားသော ကားများတွင်ပါရှိလျှင်) ကားမောင်းနေစဉ် သင်၏ iPhone နှင့်လုပ်ဆောင်လိုသော အရာများကို ရွေးချယ်ကာ သင်၏ကားဖန်သားပြင်တွင် တစ်စုတည်းထားရှိပေးသည်။ CarPlay သည် Siri ကိုသုံးသောကြောင့် သင့်အသံဖြင့်ပင် CarPlay ကိုထိန်းချုပ်နိုင်သည်။ CarPlay ကို ထိန်းချုပ်ရန် Siri ကို အသုံးပြုခြင်း ကိုကြည့်ပါ။

Siri Eyes Free (ရွေးချယ်ထားသော ကားများတွင်ပါရှိလျှင်) မှတစ်ဆင့် iPhone ကိုကြည့်စရာမလို ထိစရာမလိုဘဲ iPhone ၏ အသံနှင့်ထိန်းချုပ်မှု အင်္ဂါရပ်များကို အသုံးပြုပါ။ iPhone နှင့် သင်၏ကားတို့ကိုချိတ်ဆက်ရန် Bluetooth® ကိုအသုံးပြုပါ။ (လိုအပ်လျှင် သင်၏ကားနှင့်အတူပါလာသော အသုံးပြုသူလမ်းညွှန်ကို ကိုးကားပါ) Siri ကိုခေါ်ရန် ကားလက်ကိုင်ပေါ်ရှိ အသံနှင့်အမိန့်ပေးထိန်းချုပ်မှုခလုတ်ကို Siri အသံကိုကြားရသည်ထိ ဖိ၍နှိပ်ထားပြီးနောက် တောင်းဆိုမှုကိုပြုလုပ်ပါ။

သတိပေးချက် အန္တရာယ်ဖြစ်စေနိုင်သည့်အခြေအနေများသို့ဦးတည်နိုင်သည့် အနှောင့်အယှက်များမဖြစ်စေရန်နှင့် ပတ်သက်သည့် အရေးကြီးအချက်အလက်များအတွက်iPhone အတွက် အရေးကြီးသော ဘေးကင်းလုံခြုံရေးဆိုင်ရာသတင်းအချက်အလက်များ ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.