ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ထဲရှိ အယ်လ်ဘမ်များတွင် ဓာတ်ပုံများနှင့် ဗီဒီယိုများကို သီးသန့်စီစစ်ခွဲထုတ်ခြင်း

Photos အက်ပ် တွင် အယ်လ်ဘမ်တစ်ခုတွင် ဓာတ်ပုံများကို အမျိုးအစားသီးသန့်စီခွဲထုတ်နိုင်သည်။ ဥပမာ ဗီဒီယိုများသီးသန့်ဖြစ်စေ၊ ဓာတ်ပုံများသီးသန့်ဖြစ်စေ၊ သင်အနှစ်သက်ဆုံးအဖြစ် မှတ်သားသော ဓာတ်ပုံများနှင့်ဗီဒီယိုများဖြစ်စေ ပြသရန် အယ်လ်ဘမ်တစ်ခုကို စစ်ထုတ်နိုင်သည်။ အယ်လ်ဘမ်တစ်ခုရှိ ဓာတ်ပုံများနှင့် ဗီဒီယိုများကို နောက်ဆုံးရိုက်ကူးခြင်းမှ သက်တမ်းအရင့်ဆုံးထိ၊ သက်တမ်းအရင့်ဆုံးမှ နောက်ဆုံးရိုက်ကူးခြင်းအထိ သို့မဟုတ် မိမိစိတ်တိုင်းကျအစဉ်အလိုက် သီးသန့်စီခွဲထုတ်နိုင်သည်။

အယ်လ်ဘမ်တစ်ခုတွင် ဓာတ်ပုံများနှင့် ဗီဒီယိုများကို သီးသန့်စီခွဲထုတ်ခြင်း

  1. အယ်လ်ဘမ်တစ်ခုကိုဖွင့်ကာ More ခလုတ်ကိုနှိပ်ပါ။

  2. Filter ကိုနှိပ်၍ အယ်လ်ဘမ်ထဲရှိ ဓာတ်ပုံများနှင့် ဗီဒီယိုများကို သီးသန့်စီစစ်ခွဲထုတ်နည်းကိုရွေးပါ။

  3. Done ကိုနှိပ်ပါ။

အယ်လ်ဘမ်တစ်ခုမှ စိစစ်ခွဲထုတ်စနစ်ကို ဖယ်ရှားရန် Filter ခလုတ်ကိုနှိပ်ကာ All Items ကိုနှိပ်ပြီးနောက် Done ကိုနှိပ်ပါ။

အယ်လ်ဘမ်တစ်ခုတွင် ဓာတ်ပုံများနှင့် ဗီဒီယိုများကို အမျိုးအစားခွဲထုတ်ခြင်း

  1. အယ်လ်ဘမ်တစ်ခုကိုဖွင့်ကာ More ခလုတ်ကိုနှိပ်ပါ။

  2. Sort ကိုနှိပ်၍ အယ်လ်ဘမ်ထဲရှိ ဓာတ်ပုံများနှင့် ဗီဒီယိုများကို အမျိုးအစားခွဲထုတ်နည်းကိုရွေးပါ။

ဓာတ်ပုံတစ်ပုံချင်းရွှေ့ရန် ပုံသေးကို ထိပြီးထိန်းထားပါ၊ ထို့နောက် စိတ်ကြိုက်အမျိုးအစားတစ်ခုအတွက် ၎င်းကို တည်နေရာအသစ်သို့ ဆွဲယူပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.