ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် မက်ဆေ့ချ်များကို ပို့ခြင်းနှင့် စာပြန်ခြင်း

စာသားမက်ဆေ့ချ်များ၊ ပုံများနှင့်အစရှိသည်တို့ကို ပေးပို့ရန် Messages အက်ပ် ကို အသုံးပြုနိုင်သည်။ စကားပြောဆိုမှုတစ်ခုထဲတွင် သို့မဟုတ် အပြန်အလှန်ပေးပို့မှုတစ်ခုထဲမှ တိကျသောမှတ်ချက်တစ်ခုသို့ စာပြန်နိုင်ပါသည်။ သင်မက်ဆေ့ချ်များကို နားထောင်ရန် သို့မဟုတ် တုံ့ပြန်ရန် Siri ကို အသုံးပြုနိုင်သည်။

Messages အက်ပ်တွင် လုပ်ဆောင်ချက်များအားလုံးကို အပြည့်အဝ အသုံးပြုရန် Messages ကိုစီမံပြီးကြောင်း သေချာအောင်ပြုလုပ်ပါ။

ညာဘက်ထိပ်ရှိ Compose ခလုတ်ပါသည့် Messages စကားပြောဆိုမှု စာရင်း။ မက်ဆေ့ချ်၏ဘယ်ဘက်ရှိအပြာရောင်အစက်သည်မဖတ်ရသေးသည်ကိုညွှန်ပြထားသည်။

စာသားမက်ဆေ့ချ်ပို့မည်

စကားပြောဆိုမှုအသစ်တစ်ခုကိုစရန် တစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ စာတိုမက်ဆေ့ချ်ပေးပို့နိုင်သည်။

မက်ဆေ့ချ်ပြောဆိုမှု။ သင် မက်ဆေ့ပို့နေသော လူ၏ အမည်သည် ဖန်သားပြင်၏ထိပ်တွင် ပေါ်သည်။ စကားပြောဆိုမှု အသေးစိတ်ကို ကြည့်ရန် ၎င်းတို့၏ အမည်ကို နှိပ်နိုင်သည်။ Add ခလုတ်သည် ဘယ်ဘက်အောက်ခြေထောင့်တွင်ရှိသည်။
  1. သင့် iPhone တွင် Messages အက်ပ် ကိုဖွင့်ခြင်း။

  2. ဖန်သားပြင်ထိပ်ပေါ်ရှိ Compose ခလုတ် ကိုနှိပ်ပါ။

  3. လက်ခံမည့်သူတစ်ဦးချင်းစီ၏ ဖုန်းနံပါတ်၊ ဆက်သွယ်ရန်အမည် သို့မဟုတ် Apple ID ကို ထည့်သွင်းပါ။

    သို့မဟုတ် ညာဘက်တွင် Add Contact ခလုတ် ကို နှိပ်ပြီးနောက် စာရင်းထဲမှ အဆက်အသွယ်များ ကိုရွေးချယ်ပါ။

  4. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

  5. ပေးပို့ရန် Send ခလုတ် ကိုနှိပ်ပါ။

    မက်ဆေ့တစ်စောင်ကိုပို့၍မရပါက alert သင်္ကေတ တစ်ခုပေါ်လာသည်။ မက်ဆေ့ချ်ကိုနောက်တစ်ကြိမ်ထပ်ပို့ရန် Send Failure ခလုတ် ကိုနှိပ်ပါ။

စကားပြောဆိုမှုတစ်ခုမှ Messages စာရင်းသို့ပြန်သွားရန် Back ခလုတ်ကိုနှိပ်ပါ။

သင့်အခြားဖုန်းနံပါတ်မှ စာသားမက်ဆေ့ချ်တစ်စောင်ပို့ခြင်း

သင့် iPhone ကို Dual SIM ကို ထည့်သွင်းလျှင် သင် မက်ဆေ့ချ်ပို့နေတုန်း အခြားဖုန်းခေါ်ဆိုမှုကိုပြောင်းရန် သင့်နံပါတ်ကိုလည်း နှိပ်နိုင်သည်။

မက်ဆေ့ချ်တစ်စောင်ကို စာပြန်ခြင်း

မက်ဆေ့ချ်များကို Messages စာရင်းတွင် စကားပြောဆိုမှုဖြင့် အုပ်စုဖွဲ့ထားသည်။ သင်သည် မည်သည့် စကားပြောဆိုမှုကိုမဆို စာပြန်နိုင်သည်။ အစက်တစ်စက်သည် ထိုစကားပြောဆိုမှုတွင် သင်မဖတ်ရသေးသည့် မက်ဆေ့ချ်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောမက်ဆေ့ချ်များကို ညွှန်ပြခြင်းဖြစ်သည်။

  1. သင့် iPhone တွင် Messages အက်ပ် ကိုဖွင့်ခြင်း။

  2. Messages စာရင်းတွင် သင်ပါဝင်လိုသည့် စကားပြောဆိုမှုကိုနှိပ်ပါ။

  3. စာရိုက်ကွက်ကိုနှိပ်၍ မက်ဆေ့ချ်ဖန်တီးကာ Send ခလုတ် ကိုနှိပ်ပါ။

အကြံပြုချက် သင့်ထံ မက်ဆေ့ချ်ပို့သည့်အချိန်ကို ရှာဖွေခြင်း။ စကားပြောဆိုမှုရှိ ဖြစ်စဥ်အလိုက်အချိန်စာရင်းအားလုံးကိုကြည့်ရန် မက်ဆေ့ချ်ပူပေါင်းကို ဘယ်ဘက်သို့ဆွဲပါ။

သီးခြားမက်ဆေ့ချ်တစ်စောင်ကို ပြန်ပို့ခြင်း

တိကျသော မက်ဆေ့ချ်ကို အစီအစဉ်တကျ တုံ့ပြန်နိုင်သည်။ သင်တုံ့ပြန်သည့် မက်ဆေ့ချ်ကို ကိုးကား၍ သီးခြားစာပြန်ခြင်း။ မည်သည့်မက်ဆေ့ချ်ကို တုံ့ပြန်မည်ဆိုသည်နှင့်ဆက်စပ်သည့် အပိုင်းကို ခွဲခြားပြီး များပြားသောစကားပြောဆိုမှုကို စုစည်းထားသည်။

Messages ရှိ အဖွဲ့လိုက် စကားပြောဆိုခြင်းမှ အစီအစဉ်တကျ စာပြန်မှုတစ်ခုကို ရေးခြင်း။ အဖွဲ့ထဲတွင် လူများ၏သင်္ကေတသည် ဖန်သားပြင် ထိပ်ပေါ်တွင် ရှိသည်။ ဖန်သားပြင် စာရိုက်ခလုတ်ခုံသည် ဖန်သားပြင် အောက်ခြေတစ်ဝက်တွင် ရှိသည်။ မက်ဆေ့ချ်စကားပြောဆိုခြင်းအများစုသည် အစီအစဉ်တကျပြန်စာတစ်ခုနှင့် စာပြန်နေသည့် သီးခြားစာသားမှလွဲ၍ မှုန်ဝါးနေသည်။
  1. သင့် iPhone တွင် Messages အက်ပ် ကိုဖွင့်ခြင်း။

  2. သင်စာပြန်ချင်သည့် မက်ဆေ့ချ်ပူဖောင်းပေါ် တွင် ညာဘက်သို့ပွတ်ဆွဲပါ။

  3. သင်၏ မက်ဆေ့ချ်ကို ရိုက်ထည့်ပါ၊ ထို့နောက် Send ခလုတ်ကိုနှိပ်ပါ။

  4. အဓိကစကားပြောဆိုမှုကို ပြန်သွားရန် ဝါးအောင်ပြုလုပ်ထားသော နောက်ခံကိုနှိပ်ပါ။

လက်မထောင် သို့မဟုတ် အသဲပုံကဲ့သို့သော Tapback တစ်ခုဖြင့် တုံ့ပြန်ရန် မက်ဆေ့ချ်တစ်ခုကို ထိပြီးထိန်းထားပါ။

သင်သည် အဖွဲ့လိုက် စကားပြောဆိုမှု တွင် စာပြန်နေပြီး သင့်မက်ဆေ့ချ်ကို လူတိုင်း မဖတ်စေလိုပါက သင်စာပြန်ချင်သည့် လူနဲ့ စကားပြောဆိုမှုအသစ်တစ်ခု စတင်ပါ။

မက်ဆေ့ချ်များပို ပို့ရရန် ဖတ်ရန်နှင့် စာပြန်ရန် Siri ကိုအသုံးပြုခြင်း

သင့်အတွက် မက်ဆေ့ချ်များပို့ရန်၊ သင့်ထံဝင်လာသည့်စာများကို အသံကျယ်ကျယ်ဖတ်ရန်နှင့် မက်ဆေ့ချ်များကို စာပြန်ရန် Siri ကို အသုံးပြုနိုင်သည်။ Siri အားအသုံးပြုပုံကိုလေ့လာခြင်း

Siri၊ ထိုကဲ့သို့တစ်ခုခုပြောပါ၊

  • “Send a message to Eliza saying how about tomorrow”

  • “Read my last message from Bob”

  • “Reply that’s great news”

Siri သည် သင့်အား ဖတ်ပြပြီးသည်နှင့် ချက်ချင်း မက်ဆေ့ချ် ပေးပို့နိုင်သည်။ Settings  > Siri & Search > Automatically Send Messagesကို သွားပါ၊ ထို့နောက် Automatically Send Messages ကိုဖွင့်ပါ။

သတိပေးချက် ကားမောင်းနေစဉ်အတွင်း အနှောင့်အယှက်မဖြစ်စေရန် ရှောင်ရှားခြင်း။ iPhone အတွက် အရေးကြီးသော ဘေးကင်းလုံခြုံရေးဆိုင်ရာသတင်းအချက်အလက်များ ကိုကြည့်ပါ။

အချို့ပူဖောင်းများသည် ပြာပြီး အချို့သည် စိမ်းနေသည်မှာ အဘယ်ကြောင့်နည်း။

iMessageကို အသုံးပြု၍ မက်ဆေ့ချ်တစ်စောင်ကို ပို့နိုင်လျှင်အပြာရောင်ပူပေါင်းတစ်ခုထဲတွင် အပြာရောင် Send မြား Send ခလုတ် နှင့်မက်ဆေ့ချ်ပေါ်လာသည်ကို မြင်ရသည်။

iMessage (ဥပမာ လက်ခံရရှိသူတစ်ဦးသည် Apple စက်ပစ္စည်းတစ်ခုကို အသုံးမပြုသည့်အခါ ဖြစ်တတ်ပါသည်)ကို အသုံးမပြုနိုင်လျှင် သင်သည် SMS/MMSကို အသုံးပြုနိုင်သည်။ SMS/MMS မက်ဆေ့ချ်များသည် အစိမ်းရောင်ပူဖောင်းများဖြင့် ပို့သည်။

သတင်းအချက်အလက်ပိုမိုသိရှိရန်အတွက် Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် iMessage နှင့် SMS/MMS အကြား ကွာခြားချက်ကား အဘယ်နည်း။ ကိုကြည့်ပါ။

Messages တွင် အဖွဲ့စကားပြောဆိုမှုတစ်ခု။ အဖွဲ့ထဲတွင် လူများ၏သင်္ကေတသည် ဖန်သားပြင် ထိပ်ပေါ်တွင် ရှိသည်။ ဖန်သားပြင် စာရိုက်ခလုတ်ခုံသည် ဖန်သားပြင် အောက်ခြေတစ်ဝက်တွင် ရှိသည်။ မက်ဆေ့ချ်ပူဖောင်းများသည် အစိမ်းရောင်ဖြစ်ပြီး ၎င်းသည် iMessage ကို အသုံးပြုနေသောသူ အနည်းဆုံးတစ်ယောက်မရှိကြောင်း ညွှန်ပြသည်။

မှတ်စု သင်သည် Apple မဟုတ်သည့် စက်ပစ္စည်းများကို အသုံးပြုနေသည့် လက်ခံသူများကို မက်ဆေ့ချ်များ ပေးပို့သည့်အခါ အကြောင်းအရာများသည် မျှော်လင့်ထားသည့် အတိုင်း ပေါ်လာနိုင်မည်မဟုတ်ပေ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.