ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင်ဖုန်းခေါ်ဆိုခြင်း၊ မက်ဆေ့ချ်ပို့ခြင်း အစရှိသည်တို့ကို Siri အားအသံပြုပြောဆိုစေခြင်း

အထောက်အကူပြုထားသော ခေါင်းစွပ်နားကြပ်များနှင့် CarPlay ကိုသုံးသည့်အခါ ပံ့ပိုးပေးထားသည့် နားကြပ်များမှ Messages လို အက်ပ်များမှ ဖုန်းခေါ်ဆိုမှုများနှင့် အကြောင်းကြားချက်များကို Siri မှကြေညာနိုင်သည်။ “Hey Siri” ဟုပြောရန်မလိုဘဲ သင့်အသံကိုသုံးပြီး ဖြေနိုင် တုံ့ပြန်နိုင်သည်။

Announce Calls နှင့် Announce Notifications သည် ပံ့ပိုးထားသည့်ကြားခံအက်ပ်များနှင့်လည်း လုပ်ဆောင်နိုင်သည်။

ဖုန်းခေါ်ဆိုမှုများကို Siri အား အသံပြုပြောဆိုစေခြင်း

Announce Calls ကိုဖွင့်ထားပါက Siri သည် ဖုန်းခေါ်ဆိုမှုများနှင့် FaceTime ဖုန်းခေါ်ဆိုမှုများကို အမျိုးအမည်ခွဲနိုင်ပြီး သင်၏အသံဖြင့်သာ ဖုန်းဖြေဆိုခြင်း သို့မဟုတ် ငြင်းဆိုခြင်းလုပ်ဆောင်နိုင်သည်။

  1. Settings > Siri & Search > Announce Calls သို့သွားပါ၊ ထို့နောက်ရွေးစရာတစ်ခုကိုရွေးချယ်ပါ။

  2. ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာသည့်အခါ ဖုန်းခေါ်ဆိုသူကို Siri မှအမည်ခွဲသတ်မှတ်ပြီး သင်ထိုဖုန်းခေါ်ဆိုမှုကို ဖြေကြားလိုလားဆိုသည်ကို မေးမြန်းသည်။ ဖုန်းလက်ခံဖြေကြားရန် “yes” ဟုပြောပါ သို့မဟုတ် ဖုန်းငြင်းဆိုရန် “no” ဟုပြောပါ။

အကြောင်းကြားချက်များကို Siri အား အသံပြုပြောဆိုစေခြင်း

Siri သည် Messages နှင့် Reminders တို့လိုအက်ပ်များမှ အဝင်အကြောင်းကြားချက်များကို အလိုအလျောက် ကြေညာနိုင်သည်။ Siri သည် အချိန်အရေးကြီးသည့်အကြောင်းကြားချက်များသုံးသည့် အက်ပ်များအတွက် အက်ပ်အကြောင်းကြားချက်များ အလိုအလျောက်လုပ်ဆောင်ပေးသော်လည်း မည်သည့်အချိန်တွင်မဆို ထိုဆက်တင်များကိုပြောင်းနိုင်သည်။ အချိန်အရေးကြီးသည့် အကြောင်းကြားချက်များအကြောင်း ပိုမိုသိရှိရန် iPhone တွင် Focus တစ်ခုစီမံခြင်းကိုကြည့်ပါ။

  1. သင့်ဖုန်းတွင် Settings > Siri & Search > Announce Notificationsကိုသွားပါ၊ထို့နောက် Announce Notifications ကိုဖွင့်ပါ။

  2. Siri ကိုအကြောင်းကြားချက်များ ကြေညာစေလိုသည့် အက်ပ်တစ်ခုကိုနှိပ်ပါ၊ ထို့နောက် Announce Notifications ကိုဖွင့်ပါ။

    အချို့အက်ပ်များအတွက်၊ အကြောင်းကြားချက်အားလုံးကြေညာမည်လား သို့မဟုတ် အချိန်အရေးကြီးသည့် အကြောင်းကြားချက်များကို ကြေညာမည်လားဆိုသည်ကိုလည်း ရွေးနိုင်သည်။

Messages ကဲ့သို့အကြောင်းပြန်နိုင်သည့်အက်ပ်အတွက် Siri မှသင်ပြောသည်ကိုလိုက်ပြောပြီး အကြောင်းမပြန်မီ အတည်ပြုရန်အတွက်တောင်းဆိုသည်။ အတည်ပြုချက်မတောင်းဆိုဘဲ ပြန်စာများကိုပေးပို့စေရန် Reply without Confirmation ကိုဖွင့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.