ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Safari တွင် Tab Groups များကို မျှဝေခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

Safari အက်ပ် တွင် Tab Group ကို မျှဝေနိုင်ပြီး iCloud အသုံးပြုသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။ Tab Group တွင် လူများကို အချိန်မရွေး ထည့်နိုင်ပြီး ဖယ်ရှားနိုင်ပြီး Safariမှ မထွက်ဘဲ မက်ဆေ့ချ်ဖြင့် အပြန်အလှန်ပြောခြင်း၊ ဖုန်းပြောခြင်း သို့မဟုတ် FaceTime ဖုန်းခေါ်ဆိုမှုကိုပင် စတင်နိုင်သည်။ ပူးပေါင်းဆောင်ရွက်သူများသည် Tab Group မှ တက်ဘ်များကို ထည့်နိုင် ဖယ်ရှားနိုင်ပြီး မည်သူမဆို အချိန်နှင့်တစ်ပြေးညီ မြင်ရသည်။

သင်ပူးပေါင်းသည့်လူတိုင်းသည် ၎င်းတို့၏ Apple ID ဖြင့် အကောင့်ဝင်ရောက်ထားရမည်ဖြစ်ကာ iCloud ချိန်ညှိမှုများတွင် Safari ကိုဖွင့်ထားရမည်ဖြစ်ပြီးအထောက်အထားနှစ်ရပ် အတည်ပြုချက်ကိုဖွင့်ထားရမည်။

Tab Group တစ်ခုကိုမျှဝေခြင်း

  1. သင့် iPhone တွင် Safari အက်ပ် ကိုဖွင့်ခြင်း။

  2. ထို Tab Group မှ တက်ဘ်များကိုဖွင့်ကြည့်ရန် Tabs ခလုတ် ကိုနှိပ်ပါ။

  3. Tab Group ၏ ညာဘက်ထိပ်ထောင့်ရှိ Share ခလုတ် ကိုနှိပ်ပါ။

  4. Messages ကိုနှိပ်ပါ၊ ထို့နောက် ၎င်းနှင့်မျှဝေချင်သည့် လူ သို့မဟုတ် အဖွဲ့ကို ရွေးချယ်ပါ။

    Shared Tab Group တွင် မျှဝေထားသည်ကို တစ်စုံတစ်ဦးမှ ပြောင်းလဲမှုများ ပြုလုပ်သည့်အခါ Messages စကားပြောဆိုခြင်းတွင် အချိန်နှင့်တစ်ပြေးညီပြောင်းလဲလုပ်ဆောင်ချက်များ ကိုရသည်။ မျှဝေထားသည့် Shared Tab Group သို့သွားရန် အချိန်နှင်တစ်ပြေးညီလုပ်ဆောင်မှုများကို နှိပ်ပါ။

မျှဝေထားသည့် Tab Group တွင် လူများကို ထည့်ခြင်းနှင့် ဖယ်ရှားခြင်း

  1. သင့် iPhone တွင် Safari အက်ပ် ကိုဖွင့်ခြင်း။

  2. ညာဘက်ထိပ်ထောင့်ရှိ Collaborate ခလုတ်ကိုနှိပ်ပါ။

  3. Manage Shared Tab Group ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • တစ်စုံတစ်ယောက်ကိုဖယ်ရှားခြင်း၊ အမည်တစ်ခုကိုနှိပ်ပါ၊ ထို့နောက် Remove Access ကိုနှိပ်ပါ။

    • တစ်စုံတစ်ယောက်ကိုထည့်ခြင်း၊ Share With More People ကိုနှိပ်ပါ၊ ထို့နောက် ၎င်းတို့ကို ဖိတ်ခေါ်ပါ။

    • လူတိုင်းနှင့် မျှဝေခြင်းကိုရပ်ခြင်း၊ Stop Sharing ကိုနှိပ်ပါ။

Safari မှ Messages၊ အသံ သို့မဟုတ် ဗီဒီယို စကားပြောခြင်း စတင်ခြင်း

Safari မှ မထွက်ဘဲTab Group ကိုမျှဝေထားသည့် လူတိုင်းနှင့်—Messages၊ FaceTime အသံ သို့မဟုတ် FaceTime ဗီဒီယိုကို အသုံးပြု၍—စကားပြောဆိုခြင်းကို စတင်နိုင်သည်။

Safari တွင် Collaborate ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် စကားစပြောရန် မက်ဆေ့ချ်၊ အသံ သို့မဟုတ် ဗီဒီယိုကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.