ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Health တွင် နှိုးစက်များကိုပိတ်၍ အိပ်စက်မှုအချိန်ဇယားများကို ဖျက်သိမ်းခြင်း

Health အက်ပ် တွင် အချိန်ဇယားဆွဲထားသည့် နှိုးစက်များကိုပိတ်၍ အိပ်စက်မှုအချိန်ဇယားများကို ပိတ်နိုင် သို့မဟုတ် ဖျက်သိမ်းနိုင်ပါသည်။

အိပ်စက်မှုအချိန်ဇယားများနှင့် နှိုးစက်များကိုပိတ်ခြင်း

တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အိပ်စက်မှုအချိန်ဇယးများကို ဖန်တီးပြီးသည့်အခါ အားလုံးကို တစ်ပြိုင်နက်တည်းပိတ်နိုင်သည်။ အိပ်စက်မှုအချိန်ဇယားအားလုံးကို ပိတ်ထားသည့်အခါ အချိန်ဇယားဆွဲထားသည့် နှိုးစက်များလည်း ပိတ်နေမည်။

  1. ညာဘက်အောက်နားရှိ Browse ကိုနှိပ်၍ Sleep ကိုနှိပ်ပါ။

  2. Your Schedule သို့ဆွဲချပါ။

  3. Full Schedule & Options ကိုနှိပ်၍ Sleep Schedule (ဖန်သားထိပ်ရှိ) ကိုပိတ်ပါ။

    ထိပ်ဘက်တွင်ဖွင့်ထားသည့် Sleep Schedule ဖြင့် Health ရှိ Full Schedule အိပ်စက်မှုဖန်သားပြင်။

    နောင်အခါ အချိန်ဇယားအားလုံးကို တစ်ပြိုင်နက်တည်း တစ်ဖန်ပြန်ဖွင့်နိုင်သည်။

မှတ်စု Clock အက်ပ်တွင် စီမံသတ်မှတ်ထားသော နှိုးစက်များကိုပိတ်ရန် Alarm ကိုပိတ်ပါကိုကြည့်ပါ။

အိပ်စက်မှုအချိန်ဇယားတစ်ခုနှင့် ၎င်းရှိနှိုးစက်များကို ဖျက်သိမ်းခြင်း

  1. ညာဘက်အောက်နားရှိ Browse ကိုနှိပ်၍ Sleep ကိုနှိပ်ပါ။

  2. သင့်အချိန်ဇယားဆီသို့ ရွှေ့ဆင်းပါ၊ ထို့နောက် Full Schedule & Options ကိုနှိပ်ပါ။

  3. သင်ဖယ်ရှားလိုသည့် အချိန်ဇယားအတွက် Edit ကိုနှိပ်ပါ။

  4. Delete Schedule (ဖန်သားပြင်၏ အောက်ခြေရှိ) ကိုနှိပ်ပါ။

အိပ်စက်မှုအချိန်ဇယားတစ်ခုအတွက် နှိုးစက်ကိုအပြီးအပိုင်ပိတ်ခြင်း

  1. ညာဘက်အောက်နားရှိ Browse ကိုနှိပ်၍ Sleep ကိုနှိပ်ပါ။

  2. သင့်အချိန်ဇယားဆီသို့ ရွှေ့ဆင်းပါ၊ ထို့နောက် Full Schedule & Options ကိုနှိပ်ပါ။

  3. သင်ပြောင်းလဲလိုသည့် အိပ်စက်မှုအချိန်ဇယားအတွက် Edit ကိုနှိပ်ပါ။

  4. Alarm ကိုပိတ်ပါ။

    နောင်အခါ ၎င်းကိုပြန်ဖွင့်နိုင်ပါသည်။

  5. Done ကိုနှိပ်ပါ။

သင်၏ ကျန်ရှိသောအိပ်စက်မှုအချိန်ဇယားများကို ဆက်လက်အသုံးပြုနိုင်သည်။

နောင်လာရန်ရှိသော အချိန်ဇယားဆွဲထားသည့် နှိုးစက်ကိုသာ ပိတ်ခြင်း

  1. ညာဘက်အောက်နားရှိ Browse ကိုနှိပ်၍ Sleep ကိုနှိပ်ပါ။

  2. Your Schedule သို့ရွှေ့ဆင်းပါ၊ ထို့နောက် Edit (Next အောက်နားရှိ) ကိုနှိပ်ပါ။

  3. Alarm ကိုပိတ်ပါ။

    အောက်ခြေတွင်ပိတ်ထားသည့် Alarm ပါသည့် Health ရှိ Next Wake Up Only ဖန်သားပြင်။
  4. Done ကိုနှိပ်ပါ။

သင်၏နောက်ထပ်သတ်မှတ်နိုးထသည့်အချိန်ပြီးလျှင် ပုံမှန်နှိုးစက်များ ပြန်ပြီးစတင်ပါသည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.