ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် ဓာတ်ပုံများနှင့် ဗီဒီယိုများကိုထည့်သွင်းခြင်းနှင့် ထုတ်ခြင်း

ဒီဂျစ်တယ်ကင်မရာတစ်ခု၊ SD မှတ်ဉာဏ်သိမ်းကတ်တစ်ခု သို့မဟုတ် ကင်မရာတစ်ခုပါရှိသောအခြား iPhone သို့မဟုတ် iPad တို့မှ ဓာတ်ပုံများနှင့် ဗီဒီယိုများကို Photos အက်ပ် ထဲသို့ တိုက်ရိုက်ထည့်သွင်းနိုင်သည်။ မမွမ်းမံရသေးသည့် သင့်ဓာတ်ပုံများနှင့် ဗီဒီယိုများကို ပြင်ပဒရိုက်၊ မှတ်ဉာဏ်ကတ် သို့မဟုတ် သင့် iPhone သို့ချိတ်ဆက်ထားသည့် အခြားသိုလှောင်မှုစက်ပစ္စည်းတစ်ခုသို့လည်း ထုတ်နိုင်သည်။

သင့် iPhone တွင် ဓာတ်ပုံများနှင့် ဗီဒီယိုများကိုထည့်သွင်းခြင်း

ဒစ်ဂျစ်တယ်ကင်မရာ သို့မဟုတ် ပြင်ပဒရိုက်တစ်ခု ကဲ့သို့ အခြားစက်ပစ္စည်းတစ်ခုပေါ်တွင် သိမ်းဆည်းထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများကို သင့် iPhone ရှိ Photos အက်ပ်သို့ ထည့်သွင်းပါ။

  1. ကင်မရာကြားခံပစ္စည်း သို့မဟုတ် ကတ်ဖတ်စက်ကို Lightning သို့မဟုတ် USB-C ချိတ်ဆက်ကိရိယာထဲသို့ထည့်သွင်းပါ၊ သို့မဟုတ် စက်ပစ္စည်းကို သင့် iPhone သို့ တိုက်ရိုက် ချိတ်ဆက်ပါ။

  2. အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • ကင်မရာတစ်ခုကိုချိတ်ဆက်ရန်၊ ကြားခံပစ္စည်းကို ကင်မရာသို့ ချိတ်ဆက်ပါ၊ ထို့နောက် ကင်မရာကို ဖွင့်၍ ဖိုင်လွှဲပြောင်းစနစ်ကို သေချာစွာပြောင်းထားပါ။ အချက်အလက်များပိုမိုသိရှိလိုလျှင် ကင်မရာနှင့်အတူပါသော စာရွက်စာတမ်းကိုကြည့်ပါ။

    • ပြင်ပသိုလှောင်မှုစက်ပစ္စည်းတစ်ခုကို ချိတ်ဆက်ခြင်း သို့မဟုတ် SD မှတ်ဉာဏ်ကတ်ကို ကတ်ဖတ်စက်သို့ ထည့်သွင်းခြင်း၊ ကတ်ဖတ်စက်အပေါက်ထဲသို့ ကတ်ကိုအတင်းထိုးမထည့်ပါနှင့်၊ အံကိုက်ဝင်သွားပါလိမ့်မည်။

    • iPhone သို့မဟုတ် iPad ကို ချိတ်ဆက်ခြင်း၊ ကင်မရာအားသွင်းခေါင်းနှင့်ချိတ်ဆက်ရန် ကင်မရာနှင့်အတူပါလာသော Lightning ကြားခံပစ္စည်း သို့မဟုတ် USB-C ကြိုးကို အသုံးပြုပါ။ ထိုစက်ပစ္စည်းကို ဖွင့်ကာ လော့ဖြည်ပါ။

  3. သင့် iPhone ရှိ Photos အက်ပ်ကိုဖွင့်ပြီး Import ကိုနှိပ်ပါ။

  4. သင် တင်သွင်းလိုသော ဓာတ်ပုံနှင့် ဗီဒီယိုများကို ရွေးချယ်ပြီးသည့်အခါ သင်တင်သွင်းမည့် နေရာကိုရွေးချယ်ပါ။

    • ဓာတ်ပုံအားလုံးကို တင်သွင်းရန်၊ Import All ကိုနှိပ်ပါ။

    • ရွေးချယ်ထားသော အရာများကို ထည့်သွင်းခြင်း၊ သင် တင်သွင်းလိုသော ဓာတ်ပုံများ (တစ်ခုစီအတွက် အမှန်ခြစ်ပေါ်လာမည်) ကိုရွေးချယ်ပြီးသည့်အခါ Import ကိုနှိပ်၍ Import Selected ကိုနှိပ်ပါ။

  5. ဓာတ်ပုံများနှင့် ဗီဒီယိုများ တင်သွင်းပြီးသည့်နောက် အဆိုပါဓာတ်ပုံများအား ကင်မရာတွင်၊ ကတ်တွင် iPhone သို့မဟုတ် iPadများတွင် သိမ်းဆည်းပါ သို့မဟုတ် ဖျက်သိမ်းပါ။

  6. ကင်မရာကြားခံစက် သို့မဟုတ် ကတ်ဖတ်စက်တို့နှင့် ချိတ်ဆက်မှုကိုဖြုတ်ပါ။

ဓာတ်ပုံများနှင့် ဗီဒီယိုများကို ပြင်ပသိုလှောင်မှုစက်ပစ္စည်းတစ်ခုသို့ ထုတ်ခြင်း

သင့် iPhone ဖြင့်ရိုက်ကူးထားသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို ပြင်ပဒရိုက်၊ မှတ်ဉာဏ်ကတ် သို့မဟုတ် အခြားသိုလှောင်မှုစက်ပစ္စည်းတစ်ခုသို့ ထုတ်နိုင်သည်။

မှတ်စု တည်းဖြတ်ပြီးသော ဓာတ်ပုံများနှင့် ဗီဒီယိုများအတွက် မမွမ်းမံရသေးသည့် မူလဗားရှင်းဖြင့် ထုတ်ပေးမည်ဖြစ်သည်။

  1. သင့် iPhone ကို Lightning သို့မဟုတ် USB-C ချိတ်ဆက်မှုကိရိယာကို အသုံးပြု၍ သိုလှောင်မှုစက်ပစ္စည်းသို့ ချိတ်ဆက်ပါ သို့မဟုတ် ထိုစက်ပစ္စည်းကို သင့် iPhone သို့ တိုက်ရိုက် ချိတ်ဆက်ပါ။

  2. Photos အက်ပ်ကို ဖွင့်ပါ၊ ထို့နောက် သင်ထုတ်လိုသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို ရွေးချယ်ပါ။

  3. Share ခလုတ်ကိုနှိပ်၍ Export Unmodified Original ကိုနှိပ်ပါ။

  4. သင့်သိုလှောင်မှုစက်ပစ္စည်းကို နှိပ်ပါ (Locations အောက်ရှိ) ထို့နောက် Save ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.