ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိဖိုင်တွဲများတွင် သင်၏အက်ပ်များကို နေရာချခြင်း

သင်၏ Home ဖန်သားပြင် pages ကိုရှာရလွယ်ကူစေရန် ဖိုင်တွဲများထဲသို့ သင်၏အက်ပ်များကို စနစ်တကျစီစဉ်နိုင်သည်။

ဖိုင်တွဲများကိုဖန်တီးခြင်း

  1. အက်ပ်များစတင်ပြီး ဟိုရွေ့သည်ရွေ့ဖြစ်လာသည်အထိ Home ဖန်သားပြင်နောက်ခံကို ဖိပြီးထိန်းထားပါ။

  2. ဖိုင်တစ်ခုဖန်တီးရန် အက်ပ်တစ်ခုကို နောက်အက်ပ်တစ်ခုပေါ်သို့ ဖိဆွဲသွားပါ။

  3. တခြားအက်ပ်များကိုလည်း ဖိုင်အတွင်းသို့ ဖိဆွဲထည့်ပါ။

    ယင်းဖိုင်ထဲတွင် အက်ပ်များပါသည့် pages ကိုလည်း ထည့်သိုနိုင်သည်။

  4. ဖိုင်တွဲတစ်ခုကို အမည်ပြန်လည်သတ်မှတ်ရန် ယင်းကိုထိ၍ဖိထားပြီး အမည်သစ်တစ်ခုကို ထည့်သွင်းပါ။

    အက်ပ်စ်များစတင်ပြီး ဟိုရွေ့သည်ရွေ့ဖြစ်လာပါက Home ဖန်သားပြင်နောက်ခံကို ဖိပြီးထိန်းထားပြီး ထပ်မံကြိုးစားကြည့်ပါ။

  5. ပြီးသည့်အခါ Done ကိုနှိပ်ပါ၊ ထို့နောက် Home ဖန်သားပြင်နောက်ခံကို နှစ်ကြိမ်နှိပ်ပါ။

ဖိုင်တစ်ခုကို ဖျက်ရန် ထိုဖိုင်ကိုနှိပ်ပြီး ဖွင့်ပါ၊ ထို့နောက် ဖိုင်အတွင်းရှိ အက်ပ်အားလုံးကို ဖိဆွဲ၍ အပြင်ထုတ်ပါ။ ဖိုင်အလိုလိုပျက်သွားသည်။

မှတ်စု Home ဖန်သားပြင်တွင် သင်၏အက်ပ်များကို အထားအသိုပြင်ဆင်ခြင်းသည် App Library ရှိ အက်ပ်များ၏အစီအစဉ်တကျနေရာချခြင်းကို သက်ရောက်မှုမရှိပါ။

ဖိုင်တွဲတစ်တွဲမှ အက်ပ်တစ်ခုကို Home ဖန်သားပြင်သို့ရွှေ့ခြင်း

အက်ပ်တစ်ခုကို အလွယ်တကူရှာဖွေပြီး ဖွင့်ရန်အတွက် ၎င်းအက်ပ်ကို ဖိုင်တွဲတစ်တွဲမှနေပြီး Home ဖန်သားပြင်ပေါ်သို့ သင်ရွှေ့နိုင်သည်။

  1. ထိုအက်ပ်ပါသည့် ဖိုင်တွဲနှင့် Home ဖန်သားပြင်စာမျက်နှာသို့သွားပါ၊ ထို့နောက် ၎င်းကိုဖွင့်ရန် ထိုဖိုင်တွဲကိုနှိပ်ပါ။

  2. အက်ပ်စ်များဟိုရွေ့သည်ရွေ့စတင်ဖြစ်လာသည်အထိ ထိုအက်ပ်ကိုဖိနှိပ်ထားပါ။

  3. ၎င်းအက်ပ်ကို ဖိုင်တွဲထဲမှ Home ဖန်သားပြင်သို့ရောက်အောင် ပွတ်ဆွဲပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.