ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် VoiceOver လက်ဟန်အမူအရာများကို အသုံးပြုခြင်း

VoiceOver ကိုဖွင့်သည့်အခါ ပုံမှန်ဖန်သားပြင်ထိတွေ့မှု လက်ဟန်များသည် အမျိုးမျိုးသက်ရောက်မှုများရှိပြီးထပ်တိုးလက်ဟန်များသည် ဖန်သားပြင်ပတ်လည်ရွေ့လျားခွင့်ရှိပြီး သီးခြားအမျိုးအစားများကိုထိန်းချုပ်ခွင့်ရှိသည်။ VoiceOver လက်ဟန်များတွင် လက်ချောင်းနှစ်ချောင်း၊ သုံးချောင်း နှင့် လေးချောင်းနှိပ်ခြင်း နှင့် ရွှေ့ခြင်းများ ပါဝင်သည်။

VoiceOver လက်ဟန်များကိုပြုလုပ်ရန် မတူညီသည့်နည်းလမ်းများဖြင့် အသုံးပြုနိုင်သည်။ ဥပမာအားဖြင့်၊ လက်တစ်ဘက်တည်းမှ လက်ချောင်းနှစ်ချောင်းကိုသုံး၍ လက်နှစ်ချောင်းဖြင့်နှိပ်ခြင်း၊ လက်တစ်ဘက်စီမှ လက်တစ်ချောင်းစီဖြင့်နှိပ်ခြင်း၊ သို့မဟုတ် သင့် လက်မများဖြင့် နှိပ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ အမျိုးအစားတစ်မျိုးနှင့် နှစ်ကြိမ်ဆက်နှိပ်ခြင်းကို ရွေးချယ်မည့်အစား လက်ချောင်းတစ်ချောင်းနှင့် အမျိုးအစားတစ်ခုကိုထိပြီးထိန်းထားကာ နောက်တစ်ချောင်းဖြင့် ဖန်သားပြင်ကို နှိပ်သည့် လက်ချောင်းခွဲနှိပ်သည့် လက်ဟန်ကို အသုံးပြုနိုင်သည်။

ဖန်သားပြင်ပေါ်ရှိအမျိုးအစားများကို ရှာဖွေ၍ နှုတ်မှရွတ်ဆိုပါ

ဖန်သားပြင်ပေါ်ရှိသည်များရှာဖွေရန် ၎င်းပေါ်တွင်လက်ချောင်းကိုပွတ်ဆွဲပါ။ VoiceOver သည် သင်ထိလိုက်သည့်အမျိုးအစားတစ်ခုစီ၏အမည်ကို အသံထွက်ပြောဆိုပေးသည်။

အထက်မှအောက်နှင့် ဘယ်မှညာ တစ်လျှောက် ဖန်သားပြင်ကို အစဉ်လိုက်ရှာဖွေရန် VoiceOver လက်ဟန်များကိုလည်း အသုံးပြုနိုင်သည်။

လုပ်ဆောင်မှု

လက်ဟန်

အမျိုးအစားတစ်မျိုးကို ရွေးချယ်၍ နှုတ်မှရွတ်ဆိုခြင်း

၎င်းအမျိုးအစားကို နှိပ်ပါ သို့မဟုတ် ထိပါ

နောက်ထပ်အမျိုးအစားကိုရွေးချယ်ပါ

ညာဘက်သို့ရွှေ့ပါ

ယခင်အမျိုးအစားကိုရွေးချယ်ပါ

ဘယ်ဘက်ကိုရွှေ့ပါ

အမျိုးအစားများပါအုပ်စုတစ်ခုထဲသို့ ရွှေ့ခြင်း

လက်ချောင်းနှစ်ချောင်းဖြင့် ညာဘက်သို့ရွှေ့ပါ

အမျိုးအစားများအုပ်စုတစ်ခုထဲမှ ထုတ်ခြင်း

လက်ချောင်းနှစ်ချောင်းဖြင့် ဘယ်သို့ရွှေ့ပါ

ဖန်သားပြင်ပေါ်ရှိ ပထမဆုံးအမျိုးအစားကို ရွေးချယ်ပါ

ဖန်သားပြင်ထိပ်နားကို လက်ချောင်းလေးချောင်းသုံး၍နှိပ်ပါ

ဖန်သားပြင်ပေါ်ရှိ နောက်ဆုံးအမျိုးအစားကို ရွေးချယ်ပါ

ဖန်သားပြင်အောက်နားကို လက်ချောင်းလေးချောင်းသုံး၍ နှိပ်ပါ

အထက်မှစ၍ ဖန်သားပြင်တစ်ခုလုံးကိုပြောပါ

လက်ချောင်းနှစ်ချောင်းဖြင့်အပေါ်သို့ရွှေ့ပါ

ရွေးချယ်ထားသည့်အမျိုးအစားမှ ဖန်သားပြင်တစ်ခုလုံးကိုပြောပါ

လက်ချောင်းနှစ်ချောင်းဖြင့် အောက်သို့ရွှေ့ပါ

စကားပြောဆိုခြင်းကိုရပ်ပါ သို့မဟုတ် ဆက်ပြောပါ

လက်နှစ်ချောင်းသုံးနှိပ်ခြင်း

စာရင်းတွင်းရှိ နေရာ သို့မဟုတ် မည်သည့်စာသားရွေးချယ်ထားသည် ကဲ့သို့သော ဖြည့်စွက်အချက်အလက်များကို နှုတ်ထွက်ရွတ်ဆိုပါ။

လက်ချောင်းသုံးချောင်းသုံးနှိပ်ခြင်း

လမ်းညွှန်ပုံစံများအကြောင်း ပိုမိုသိလိုပါက ပြင်ညီ သို့မဟုတ် အုပ်စုဖွဲ့ထားသော လမ်းညွှန်ကိုသုံးခြင်းကို ကြည့်ပါ။

အပေါ်၊ အောက်၊ ဘယ်နှင့်ညာသို့ ရွှေ့ပါ

နောက်စာမျက်နှာသို့သွားရန် VoiceOver လက်ဟန်များကိုသုံးပါ။

လုပ်ဆောင်မှု

လက်ဟန်

တစ်မျက်နှာစာ အပေါ်သို့ဆွဲရွှေ့ပါ

လက်ချောင်းသုံးချောင်းဖြင့်အောက်သို့ရွှေ့ပါ

တစ်မျက်နှာကိုအောက်သို့ရွှေ့ပါ

လက်ချောင်းသုံးချောင်းဖြင့်အပေါ်သို့ရွှေ့ပါ

တစ်မျက်နှာကိုဘယ်သို့ရွှေ့ပါ

လက်ချောင်းသုံးချောင်းဖြင့်ညာသို့ရွှေ့ပါ

တစ်မျက်နှာကိုညာသို့ရွှေ့ပါ

လက်ချောင်းသုံးချောင်းဖြင့်ဘယ်သို့ရွှေ့ပါ

အမျိုးအစားတစ်ခုကိုသာ လုပ်ဆောင်ပါ

အမျိုးအစားတစ်ခုကိုသာ လုပ်ဆောင်ရန် VoiceOver လက်ဟန်များကိုသုံးပါ။

လုပ်ဆောင်မှု

လက်ဟန်

အမျိုးအစားတစ်မျိုးကို ရွေးချယ်ပါ

နှိပ်ပါ

ရွေးချယ်ထားသည့် အမျိုးအစားကို စတင်ဖွင့်လှစ်ပါ

နှစ်ကြိမ်ဆက်နှိပ်ခြင်း

ရွေးချယ်ထားသည့်အမျိုးအစားကိုနှစ်ခါနှိပ်ပါ

သုံးကြိမ်ဆက်ခေါက်ခြင်း

ဆလိုက်ကို ဖိဆွဲပါ

၎င်းကိုရွေးချယ်ရန်ဆလိုက်ကိုနှိပ်ကာ လက်ချောင်းတစ်ချောင်းသုံး၍ အပေါ် သို့မဟုတ် အောက်သို့ ပွတ်ဆွဲပါ သို့မဟုတ် မြင့်တက်လာသည့်အသံသုံးသံ ကြားရသည်အထိ နှစ်ချက်ဆက်နှိပ်ပြီး ဆလိုက်ကို ထိန်းထားပါ၊ ထို့နောက် ဆလိုက်ကို ဖိဆွဲပါ

လက်ရှိလုပ်ဆောင်ချက်ကို စတင်ပါ သို့မဟုတ် ရပ်တန့်ပါ (ဥပမာအားဖြင့် ဂီတ သို့မဟုတ် ဗီဒီယိုတစ်ခုကို ဖွင့်ခြင်း သို့မဟုတ် ရပ်ခြင်း၊ ကင်မရာဖြင့် ဓာတ်ပုံရိုက်ခြင်း၊ အသံသွင်းခြင်းကို စခြင်း သို့မဟုတ် ရပ်ခြင်း၊ စံချိန်မှတ်နာရီကို စခြင်း သို့မဟုတ် ရပ်ခြင်း)

လက်နှစ်ချောင်းဖြင့် နှစ်ကြိမ်ဆက်နှိပ်ပါ

သတိပေးချက်ကိုပယ်ဖျက်ပါ သို့မဟုတ် ယခင်ဖန်သားပြင်သို့ပြင်သွားပါ

လက်ချောင်းနှစ်ချောင်းဖြင့် ပွတ်ပါ (လက်ချောင်းနှစ်ချောင်းကို ရှေ့နောက် သုံးကြိမ်လျှင်မြန်စွာရွှေ့ပြီး “z” ပုံစံလုပ်ပါ)

ပိုမိုရှာရလွယ်ရန်အမျိုးအစား၏အညွှန်းကိုတပ်ဆင်ပါ

လက်နှစ်ချောင်းဖြင့် နှစ်ကြိမ်ဆက်နှိပ်ပြီး ထိန်းထားပါ

အကြံပြုချက် အမျိုးအစားတစ်မျိုးရွေးချယ်ခြင်းနှင့် စတင်ဖွင့်ရန် နှစ်ကြိမ်ဆက်နှိပ်သည့် နည်းလမ်းတစ်ခုအနေနှင့် လက်ချောင်းတစ်ချောင်းဖြင့် အမျိုးအစားကို ထိ၍ ထိန်းထားကာ လက်နောက်တစ်ချောင်းဖြင့် ဖန်သားပြင်ကို နှိပ်ပါ။

VoiceOver ကိုထိန်းချုပ်ရန်လက်ဟန်များကိုသုံးပါ

VoiceOver ကိုထိန်းချုပ်ရန်အဆိုပါလက်ဟန်များကိုသုံးပါ။

လုပ်ဆောင်မှု

လက်ဟန်

VoiceOver ကိုအသံပိတ်ပါ သို့မဟုတ် အသံဖွင့်ပါ

လက်သုံးချောင်းဖြင့် နှစ်ကြိမ်ဆက်နှိပ်ပါ။

VoiceOver နှင့် Zoom တို့နှစ်ခုလုံးကို ဖွင့်ထားပါက လက်ချောင်းသုံးချောင်းဖြင့် သုံးကြိမ်ဆက်နှိပ် လက်ဟန်ကို အသုံးပြုပါ။

ဖန်သားပြင်ကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ

(ဖန်သားပြင်ကာကိုဖွင့်ထားလျှင် ဖန်သားပြင်ရှိအကြောင်းအရာများသည် မျက်နှာပြင်သည် အနက်ရောင်ဖြစ်နေပြီး ပိတ်ထားသည့်ပုံပေါ် နေလျှင်တောင်မှ ပွင့်နေမည်။)

လက်သုံးချောင်းဖြင့် သုံးကြိမ်ဆက်နှိပ်ပါ။

VoiceOver နှင့် Zoom တို့နှစ်ခုလုံးကို ဖွင့်ထားပါက လက်ချောင်းသုံးချောင်းဖြင့် လေးကြိမ်ဆက်နှိပ် လက်ဟန်ကို အသုံးပြုပါ။

ပုံမှန်သတ်မှတ်ထားသည့် လက်ဟန်တစ်ခုကို အသုံးပြုခြင်း

မြင့်တက်လာသည့်အသံသုံးသံကြားသည်အထိ ထိုဖန်သားပြင်ပေါ်တွင် သင်၏လက်ချောင်းဖြင့် နှစ်ကြိမ်ဆက်နှိပ်၍ ထိန်းထားကာ လက်ဟန်ကိုလုပ်ဆောင်ပါ။ သင့်လက်ချောင်းကိုမလိုက်သည့်အခါ VoiceOver လက်ဟန်များသည် ဆက်လက်လုပ်ဆောင်မည်။

ဥပမာအားဖြင့် အသံဆလိုက်ကို အပေါ် သို့ အောက်သို့ရွှေ့မည့်အစား သင့်လက်ချောင်းဖြင့် ဖိဆွဲရန် ဆလိုက်ကို ရွေးပါ၊ နှစ်ကြိမ်ဆက်နှိပ်ပြီး အသံသုံးခါကြားသည်အထိ ထိန်းထားပါ၊ ထို့နောက် ဘယ် သို့မဟုတ် ညာဘက်သို့ ဆွဲပါ။

Item Chooser ကိုဖွင့်ပါ

လက်နှစ်ချောင်းဖြင့် သုံးကြိမ်ဆက်နှိပ်ပါ။

အမျိုးအစားစာရင်းမှ အမြန်ဆုံးရွှေ့ရန်အတွက် ရှာဖွေမှုကွက်လပ်တွင် နာမည်တစ်ခုကို ရိုက်ထည့်ပါ၊ ၎င်းစာရင်းကို အက္ခရာစဉ်အတိုင်းရှာရန် ညာဘက် သို့မဟုတ် ဘယ်ဘက်သို့ ရွှေ့ပါ၊ သို့မဟုတ် စာရင်း၏ညာဘက်ရှိ ဇယားအညွန်းကိုနှိပ်ပြီး အပေါ် သို့မဟုတ် အောက်သို့ ရွှေ့ပါ။ ရှာလိုသည့်အမျိုးအမည်ကိုရေးခြင်းဖြင့် ၎င်းအမျိုးအစားကိုရွေးချယ်ရန် လက်ရေးမူ ကိုလည်းအသုံးပြုနိုင်သည်။

ရွေးချယ်မှုတစ်ခုမပြုလုပ်ဘဲ Item Chooser ကိုဖယ်ထုတ်ရန် လက်ချောင်းနှစ်ချောင်းဖြင့် ပွတ်ပါ (လက်ချောင်းနှစ်ချောင်းကို ရှေ့နောက် သုံးကြိမ်လျှင်မြန်စွာရွှေ့ပြီး “z” ပုံလုပ်ပါ)။

VoiceOver quick settings ကိုဖွင့်ခြင်း

လက်နှစ်ချောင်းဖြင့် လေးကြိမ်ဆက်နှိပ်ပါ။

VoiceOver ရိုတာကိုသုံးပါ

VoiceOver ချိန်ညှိမှုများ ကိုပြောင်းလဲရန်ဖန်သားပြင်ပေါ်တွင်အမျိုးအစားတစ်ခုမှနောက်တစ်ခုသို့ကျော်ရန်၊မျက်မမြင်စာဖန်သားပြင်ထည့်သွင်းခြင်း သို့မဟုတ် လက်ရေးမူအစရှိသကဲ့သို့အထူးဖြည့်သွင်းသည့်နည်းလမ်းများကိုရွေးချယ်ရန်ရိုတာကိုသုံးနိုင်သည်။ iPhone တွင်ရိုတာကိုသုံး၍ VoiceOver ကိုထိန်းချုပ်ခြင်း ကိုကြည့်ပါ။

၎င်းလက်ဟန်များကို ရိုတာနဲ့အတူ အသုံးပြုနိုင်သည်။

လုပ်ဆောင်မှု

လက်ဟန်

ရိုတာချိန်ညှိမှုတစ်ခုရွေးချယ်ပါ

လက်နှစ်ချောင်းဖြင့် လှည့်ပတ်ခြင်း

ယခင်အမျိုးအစားသို့ရွှေ့ပါ သို့မဟုတ် တိုးပါ (ရိုတာချိန်ညှိမှုပေါ်တွင်မူတည်သည်)

အပေါ်သို့ပွတ်ဆွဲပါ

နောက်ထပ်အမျိုးအစားသို့ရွှေ့ပါ သို့မဟုတ် လျှော့ပါ (ရိုတာချိန်ညှိမှုပေါ်တွင်မူတည်သည်)

အောက်သို့ပွတ်ဆွဲပါ

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.