ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Files အတွင်းမှ ဖိုင်များ၊ ဖိုင်တွဲများနှင့် ဒေါင်းလုတ်များကို ပြုပြင်ခြင်း

သင့်ဖိုင်များ၊ ဖိုင်တွဲများနှင့်၊ ဒေါင်းလုတ်များကို ပြုပြင်ရန်သို့မဟုတ် ပြန်လည်စီစဥ်ရန် Files အက်ပ် ကိုအသုံးပြုပါ။ သင့် စာရွက်စာတမ်းများ၊ ဓာတ်ပုံများနှင့် အခြားဖိုင်များကိုပြုပြင်နိုင်ပါသည်။

Files အက်ပ်သည် Artwork၊ Family Portraits၊ Letters၊ Scrapbook၊ Screenshots၊ Shortcuts နှင့် Work Documents အမည်ရှိသော iCloud Drive ဖိုင်တွဲများကိုပြထားသည်။ ဖန်သားပြင်အောက်ခြေသည် Recent ဖိုင်များ၊ Shared ဖိုင်များနှင့် Browse တက်ဘ်များအတွက် ခလုတ်များဖြစ်သည်။

ဒေါင်းလုတ်ဆွဲထားခဲ့သော ဖိုင်များကို ရှာဖွေပါ

သင်၏ iPhone ထဲသို့ အင်တာနက်မှဖိုင်များကို ဒေါင်းလုတ်ဆွဲထားလိုက်သောအခါ Files အက်ပ်ထဲရှိ Downloads စုစည်းမှုများတွင် ၎င်းတို့ကိုရှာတွေ့နိုင်သည်။

  1. သင့် iPhone တွင် Files အက်ပ် ကိုဖွင့်ခြင်း။

  2. ဖန်သားပြင်အောက်ခြေရှိ Browse ကို နှိပ်ပါ။

  3. ဒေါင်းလုတ်လုပ်ထားသောဖိုင်များကို ကြည့်နိူင်ရန် Downloads ဖိုဒါကိုနှိပ်ပါ။

စာရွက်စာတမ်းများကို ပြုပြင်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း

ထောက်ပံ့ထားသည့်စာတမ်းဖိုင်ပုံစံရှိဖိုင်တစ်ခုကို ကြည့်သည့်အခါ Files အက်ပ်ကို အသုံးပြု၍ ထိုစာတမ်း၏အကြောင်းအရာများကို ပြုပြင်ပြီး ပြန်လည်စီစဥ်နိုင်သည်။

  1. စာတမ်းတစ်ခုကိုဖွင့်ပါ၊ ထို့နောက်ဘယ်ဘက်ထိပ်ရှိ စာမျက်နှာနံပါတ်ကိုနှိပ်ပါ။

  2. More ခလုတ်ကိုနှိပ်ကာ အောက်ပါတို့မှ နှစ်သက်ရာကို ရွေးချယ်ပါ၊

    • ဘယ်ဘက်ကိုလှည့်ခြင်း၊ ဦးစားပေးဖော်ပြထားသောစာမျက်နှာကို ဘယ်ဘက်သို့လှည့်ပါ။

    • ညာဘက်ကိုလှည့်ခြင်း၊ ဦးစားပေးဖော်ပြထားသောစာမျက်နှာကို ညာဘက်သို့လှည့်ပါ။

    • စာမျက်နှာအလွတ်ကို ထည့်သွင်းခြင်း၊ ဦးစားပေးဖော်ပြထားသည့်စာမျက်နှာပြီးနောက် စာမျက်နှာအလွတ်ကိုထည့်သွင်းခြင်း။

    • ဖိုင်မှထည့်သွင်းခြင်း၊ ဦးစားပေးဖော်ပြထားသည့် page ပြီးနောက် ဖိုင်တစ်ဖိုင်မှစာမျက်နှာများကို ထည့်သွင်းခြင်း။

    • Pages ကို စကင်န်ဖတ်ခြင်း၊ ဦးစားပေးဖော်ပြထားသည့် page ပြီးနောက် စကင်န်ဖတ်ထားစာဖိုင်များမှ pages ကိုထည့်သွင်းခြင်း။

    • ဖျက်သိမ်းရန်၊ ဦးစားပေးဖော်ပြထားသည့်စာမျက်နှာကို ဖျက်ခြင်း။

    စာတမ်းတစ်ခုကိုပြန်စီစဥ်ရန် ဦးစားပေးဖော်ပြထားသည့်စာမျက်နှာကို ထိပြီးနှိပ်ထား၍ ၎င်းကို နေရာအသစ်ကို ပြောင်းပါ။

    စာတမ်းတစ်ခုကိုပြင်ရန် Show Handwriting Tools ခလုတ်ကိုနှိပ်ပါ။

မှတ်စု စာတမ်းပုံစံများအားလုံးကို Files အက်ပ်ဖြင့် ထောက်ပံ့ထားခြင်းမရှိပါ။

စာရင်းပုံစံ သို့မဟုတ် သင်္ကေတပုံစံပြောင်းလဲပါ။

ဖွင့်ထားသော တည်နေရာ သို့မဟုတ် ဖိုင်တွဲတစ်ခုမှ More ခလုတ်ကိုနှိပ်ကာ List သို့မဟုတ် Iconsကို နှိပ်ပါ။

More ခလုတ်ပါသည့် Files အက်ပ်ရွေးချယ်ထားသည်။ မြင်နိုင်သော စာရင်းများတွင် Select၊ New Folder၊ Scan Documents နှင့် Connect to Server အတွက် ရွေးချယ်စရာများရှိသည်။ ၎င်းအောက်တွင် သင်္ကေတများ သို့မဟုတ် List တစ်ခုအနေဖြင့် ဖန်သားပြင်ပေါ်တွင် အမျိုးအစားများကိုကြည့်ရန် ရွေးချယ်စရာများရှိသည်။ အောက်ခြေအတွက် View Options ဖြင့် လိုက်ကြည့်ထားသည့် Name၊ Kind၊ Date၊Size နှင့်Tags အတွက် ရွေးချယ်စရာများရှိသည်။

Browse ဖန်သားပြင်ကို ပြန်စဉ်ခြင်း

Browse ဖန်သားပြင်ထိပ်ရှိ More ခလုတ် ကို နှိပ်ပါ၊ ထို့နောက် Edit ကို နှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှ တစ်ခုကို လုပ်ဆောင်ပါ၊

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.