ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ပေါ်တွင် Offline Mode ကိုအသုံးပြု၍ဒေါင်းလုတ်ဆွဲထားသော News အကြောင်းအရာကိုဖတ်ရှုခြင်း

iOS 17.5 နှင့် နောက်ပိုင်းအမျိုးအစားများတွင်၊ Apple News+ စာရင်းသွင်းထားသူများသည် လေယာဉ်ပျံသန်းခြင်း သို့မဟုတ် ရထားစီးခြင်းကဲ့သို့သော Wi-Fi သို့မဟုတ် cellular ချိတ်ဆက်မှုမရှိသောအခါ အကြောင်းအရာအသစ်များကို အလိုအလျှောက်ဒေါင်းလုတ်ဆွဲပြီး ခံစားနိုင်သည်။

မှတ်စု Offline မုဒ်အတွက်ဒေါင်းလုတ်လုပ်နိုင်သောအကြောင်းအရာများတွင် သတင်းများ၊ မဂ္ဂဇင်းများ၊ အသံဇာတ်လမ်းများနှင့် ပဟေဠိများပါဝင်နိုင်သည်။ အကြောင်းအရာအမျိုးအစားအားလုံးကို ဒေသအားလုံး သို့မဟုတ် နိုင်ငံအားလုံးတွင် မရနိုင်ပါ။

Apple News+ အတွက် Automatic Downloads ကို ဖွင့်ခြင်း

News အကြောင်းအရာကို အလိုအလျှောက်ဒေါင်းလုတ်ဆွဲရန် ဤအဆင့်များအတိုင်း ဆောင်ရွက်ပါ၊

  1. Settings > News ကိုသွားပါ၊ ထို့နောက် Background App Refresh နှင့် Automatic Downloads ကိုဖွင့်ပါ။

  2. Download Options ကိုနှိပ်ပါ၊ ထို့နောက် သင်အလိုအလျှောက်ဒေါင်းလုတ်လုပ်ချင်သော အကြောင်းအရာကိုရွေးချယ်ပါ။

    • လတ်တလောသတင်းများ၊ Today စာမျက်နှာ၊အကောင်းဆုံးNews+ စာမျက်နှာ၊ အားကစား စာမျက်နှာ၊ Shared with You နှင့် History ရှိ နောက်ဆုံး သတင်းများကို ဒေါင်းလုတ်ဆွဲခြင်း

    • သတင်းများကို သိမ်းဆည်းထားခြင်း၊ သင်၏ Saved Stories တွင် နောက်ဆုံးပေါ်သတင်းများကိုဒေါင်းလုတ်ဆွဲခြင်း

    • မဂ္ဂဇင်းထုတ်ဝေမှုများ၊ သင်စောင့်ကြည့်နေသည့် နောက်ဆုံးပေါ်မဂ္ဂဇင်းထုတ်ဝေခြင်းအား ဒေါင်းလုတ်ဆွဲခြင်း

    • ပဟေဠိများ၊ Puzzles စာမျက်နှာနှင့် ၎င်းထဲရှိ ပဟေဠိများကိုဒေါင်းလုတ်ဆွဲပါ

    • အသံဖိုင်သတင်းများ၊ Today စာမျက်နှာနှင့် Audio တက်ဘ်ထဲတွင် အသံသတင်းကိုဒေါင်းလုတ်ဆွဲခြင်း

    မှတ်စု သတင်းများတွင် ဗားရှင်းအသေးစားဓာတ်ပုံများကို ဒေါင်းလုတ်ဆွဲရန် Optimize Storageကို ဖွင့်ပါ။

သင့် iPhone သည် သိမ်းဆည်းရန် နေရာလုံလုံလောက်လောက်ရှိပြီး Wi-Fi နှင့် ပါဝါချိတ်ဆက်ထားသောအခါ သင်ရွေးချယ်သော News အကြောင်းအရာကို ဒေါင်းလုတ်လုပ်သည်။ သင့်တွင် Wi-Fi မရှိဘဲ cellular ချိတ်ဆက်မှုသာရှိပါက Today စာမျက်နှာပေါ်တွင်Top Storiesကိုသာ အလိုအလျှောက်ဒေါင်းလုတ်ဆွဲထားမည်။

Offline မုဒ်တွင် News ကို အသုံးပြုပါ

သင့်မှာ Wi-Fi သို့မဟုတ် cellular ချိတ်ဆက်မှုမရှိပါက၊ မျက်နှာပြင်၏အပေါ်တွင် No Internet Connection ပေါ်နေမည်ဖြစ်ပြီး ဒေါင်းလုတ်မဆွဲထားခဲ့သည့်အက်ပ်၏ မည်သည့်အကြောင်းအရာမဆို အရောင်မှိန်နေမည်ဖြစ်သည်။ စာမျက်နှာတစ်ခုစီ၏ လက်ရှိတင်ထားသောဗားရှင်းမှ ဒေါင်းလုတ်လုပ်ထားသောဗားရှင်းသို့ ပြောင်းရန် Offline မုဒ်အတွက် Show Stories Downloaded ကိုနှိပ်ပါ။

အင်တာနက်ချိတ်ဆက်မှုတစ်ခုကို သင်ပြန်လည်စတင်သောအခါ၊ သတင်းအသစ်များအတွက် ဖန်သားပြင်ထိပ်ရှိ Check ကို နှိပ်ပါ။ အက်ပ်ထဲရှိ စာမျက်နှာများအားလုံးပြန်လည်သစ်လွင်စေပြီး နောက်ဆုံးပေါ်အကြောင်းအရာများကိုပြသပေးသည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.