ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ဖြင့်အပြန်အလှန်တုံ့ပြန်ရန် Voice Control ကိုသုံးပါ။

iPhone ကို သင့်အသံဖြင့်ထိန်းချုပ်နိုင်သည်။ လက်ဟန်များလုပ်ဆောင်ရန်၊ ဖန်သားပြင်ပါအစိတ်အပိုင်းများနှင့်အပြန်အလှန်တုံ့ပြန်ရန်၊ စာသားကိုနှုတ်တိုက်ချပေးပြီးတည်းဖြတ်ရန်စသည်တို့ကိုလုပ်ဆောင်ရန်အသံဖြင့်ညွှန်ကြားချက်များ ပြုလုပ်ပါ။

မှတ်စု ထောက်ပံ့ထားသော ဘာသာစကားများအတွက် Voice Control ရရှိနိုင်သည်။ iOS နှင့် iPadOS Feature ရနိုင်သည့်ဝက်ဘ်ဆိုက် ကို ကြည့်ပါ။

Voice Control ကိုစီမံခြင်း

ပထမဆုံးအကြိမ် Voice Control မဖွင့်မီ iPhone သည် Wi-Fi ကွန်ရက်မှတစ်ဆင့်အင်တာနက်သို့ချိတ်ဆက်ထားခြင်းရှိမရှိသေချာအောင်လုပ်ပါ။ iPhone သည် Apple မှ ဖိုင်တစ်ဖိုင်တစ်ကြိမ်ဒေါင်းလုတ်ရယူပြီးသည့်နောက် Voice Control ကိုသုံးရန်အင်တာနက်ချိတ်ဆက်မှု မလိုအပ်တော့ပါ။

  1. Settings  > Accessibility > Voice Control သို့သွားပါ။

  2. Set Up Voice Control ကိုနှိပ်ပါ၊ ထို့နောက် ထိုဖိုင်ကိုစတင်ဒေါင်းလုတ်ဆွဲရန် Continue ကိုနှိပ်ပါ။

    ဒေါင်းလုတ်ရယူမှုပြီးသွားသည့်အခါ Voice Control ဖွင့်ထားကြောင်းပြသရန်အတွက် Voice Control သင်္ကေတ သည် အခြေအနေပြ ဘားတန်းထဲတွင် ပေါ်လာသည်။

  3. အောက်ပါတို့ကဲ့သို့ ရွေးချယ်မှုများကို စီစဥ်ပါ၊

    • ဘာသာစကား၊ ဘာသာစကားနှင့် အော့ဖ်လိုင်းအသုံးပြုရန်အတွက် ဒေါင်းလုတ်လုပ်ထားသော ဘာသာစကားများကို စီစဥ်ပါ။

    • ညွှန်ကြားချက်များကို နှစ်သက်သလိုပြုပြင်ခြင်း၊ ရရှိနိုင်သောညွှန်ကြားချက်များကို ကြည့်ရှု၍ ညွှန်ကြားချက်အသစ်များကို ဖန်တီးပါ။

    • ဝေါဟာရ၊ Voice Control ကို စကားလုံးအသစ်များ သင်ပေးပါ။

    • အတည်ပြုချက်ပြရန်၊ Voice Contro က ညွှန်ကြားချက်တစ်ခုကို အသိအမှတ်ပြုသည့်အခါ ဖန်သားပြင်ထိပ်တွင် သွင်ပြင်အတည်ပြုချက်တစ်ခုပေါ်လာမည်။

    • အသံဖွင့်ခြင်း၊ Voice Control က ညွှန်ကြားချက်တစ်ခုကို အသိအမှတ်ပြုသည့်အခါ အသံကို ဖွင့်ပေးမည်

    • သဲလွန်စများပြရန်၊ ညွှန်ကြားချက်အကြံပြုချက်များနှင့် သဲလွန်စများကို မြင်တွေ့ရခြင်း။

    • အလွှာဖြင့်ပြသရန်၊ နံပါတ်များ၊ အမည်များ၊ သို့မဟုတ် ဖန်သားပြင်ပါအစိတ်အပိုင်းများကို ဂရစ်ဖြင့် ဖော်ပြသည်။

    • အထူးအာရုံစိုက်မှုသတိထားရန်၊ Face IDပါရှိသည့် iPhone တွင် သင်၏ iPhone ကိုကြည့်လိုက်သည့်အခါ Voice Control ဖြင့်နိုးစေနိုင်မည်ဖြစ်ပြီး သင်မကြည့်တော့သည့်အခါ ဖန်သားပြင် ပြန်ပိတ်သွားမည်ဖြစ်သည်။

Voice Control ကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း

Voice Control စီမံပြီးသည့်နောက် အောက်ပါတို့မှ နှစ်သက်ရာကိုပြုလုပ်၍ ၎င်းကို အလျင်အမြန် ဖွင့်ခြင်းပိတ်ခြင်းလုပ်နိုင်သည်၊

  • ၎င်းကို ထည့်ပြီးသွားလျှင် Control Center ကိုအသုံးပြုပါ။

  • သင်စီမံထားပြီးလျှင် Accessibility Shortcut ကိုအသုံးပြုပါ။

Siri၊ ထိုကဲ့သို့တစ်ခုခုပြောပါ၊ “Turn on Voice Control” သို့မဟုတ် “Turn off Voice Control.” Siri အားအသုံးပြုပုံကိုလေ့လာခြင်း

Voice Control ညွှန်ကြားချက်များကို လေ့လာခြင်း

Voice Control ကိုဖွင့်ထားသည့်အခါ အောက်ပါအတိုင်း စေခိုင်းချက်များကို ပြောဆိုနိုင်သည်၊

  • “Control Center ဖွင့်ပါ”

  • “home သို့ သွားပါ”

  • အမျိုးအစားအမည် ကို နှိပ်ပါ”

  • အက်ပ် အမည်ကို ဖွင့်ပါ”

  • “ဖန်သားပြင်ပုံရိပ်တစ်ပုံ ရိုက်ယူပါ”

  • “အသံကို ကျယ်ပါ”

Voice Control ညွှန်ကြားချက်များကိုပိုမိုလေ့လာရန် “Show me what to say” သို့မဟုတ် “Show commands” ဟုပြောပါ။ Voice Control Guide ဟုခေါ်သော ဖန်သားပြင်ပေါ်မှ ကျူတိုရီယယ်ကိုလည်းအသုံးပြုနိုင်ပါသည်။

  1. Settings  > Accessibility > Voice Control သို့သွားပါ။

  2. Open Voice Control Guide ကိုနှိပ်ကာ ဖန်သားပြင်ပေါ်ရှိညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။

Voice Controlကိုခေတ္တရပ်ခြင်း သို့မဟုတ် ပြန်စတင်ခြင်း

သင်ပြောသောစကားလုံးများကို ညွှန်ကြားချက်များ သို့မဟုတ် သတ်ပုံခေါ်ပေးခြင်းအနေဖြင့် အဓိပ္ပါယ်မဖွင့်ဆိုစေလိုသည့်အခါ Voice Control ကိုခေတ္တရပ်ထားပါ။ ညွှန်ကြားချက်များနှင့် သတ်ပုံခေါ်ပေးခြင်းများကို ပြန်လည်နားထောင်စေလိုရန် အသင့်ဖြစ်သည့်အခါတွင် Voice Control ကိုပြန်လည်စတင်ပါ။

  • Voice Control ကိုခေတ္တရပ်တန့်ခြင်း၊ “Stop listening” ဟုပြောပါ။

  • Voice Control ကိုပြန်လည်စတင်ခြင်း၊ “Start listening” ဟုပြောပါ။

ဖန်သားပြင်အလွှာဖြင့်ဖော်ပြမှုကိုအသုံးပြု၍ ဖန်သားပြင်ပေါ်မှ အမျိုးအစားများကို အညွှန်းတပ်ခြင်း

လုပ်ဆောင်ချက်ပိုမြန်ဆန်စေရန် သင်္ကေတအမည်များ၊ နံပါတ်များ သို့မဟုတ် ဂရစ် ကိုဖော်ပြသည့် ဖန်သားပြင်အလွှာဖော်ပြမှုဖြင့် iPhone ကို လမ်းညွှန်ပါ။

  • အမျိုးအစားအမည်များ၊ “Show names” သို့မဟုတ် “Show names continuously” ဟုပြောပါ၊ ထို့နောက် “Tap item name” ကိုပြောပါ။

  • Numbers၊ “Show numbers” သို့မဟုတ် “Show numbers continuously” ဟုပြော၍ သင့်အလိုရှိသည့်သင်္ကေတ၏ဘေးရှိ နံပါတ်ကိုပြောပါ။ “Tap number၊” “Long press number၊” “Swipe up at number” သို့မဟုတ်“Double tap number” ကဲ့သို့ လက်ဟန်တစ်ခုကိုလုပ်ဆောင်ရန် ညွှန်ကြားချက်တစ်ခုကိုလည်းပေးနိုင်သည်။

  • ဂရစ်၊ Grid၊ သင်္ကေတအမည် သို့မဟုတ် နံပါတ်ဖြင့် ကိုယ်စားမပြုထားသည့် ဖန်သားပြင်တည်နေရာတစ်ခုဖြင့် လုပ်ဆောင်ရန် “Show numbers” or “Show numbers continuously,”ဟုပြောဿ အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပေးသည်။

    • မွှေနှောက်ရှာဖွေခြင်း၊ ပို၍အသေးစိတ်ဖော်ပြထားသည့်ဂရစ်ကိုပြရန် ၎င်းအလိုက် နံပါတ်တစ်ခုကိုပြောပါ။

    • ဂရစ်ဧရိယာနှင့် အပြန်အလှန်တုံ့ပြန်ရန် ညွှန်ကြားချက်တစ်ခုကိုပြောခြင်း၊ ထိုကဲ့သို့တစ်ခုခုပြောပါ၊ “Tap number” သို့မဟုတ် “Zoom in number” ကိုနှိပ်ပါ။

    အကြံပြုချက် အတန်းများနှင့်ကော်လံများ၏ ဂရစ်အရေအတွက်ကိုညှိရန် Settings  > Accessibility > Voice Control > Overlay သို့သွားပါ၊ ထို့နောက် Numbered Grid ကိုရွေးချယ်ပါ။ Voice Control ဖွင့်ထားသည့်အချိန်တွင် ထိုကဲ့သို့အရာမျိုးကိုလည်း ပြောနိုင်ပါသည်၊ “Show grid with five rows,” သို့မဟုတ် “Show grid continuously with three columns.”

အလွှာဖော်ပြမှုကိုပိတ်ရန် “Hide names ” ၊ “Hide numbers ” သို့မဟုတ်“Hide grid” ဟုပြောပါ။

နှုတ်တိုက်ချခြင်း၊ စာလုံးပေါင်းခြင်းနှင့် ညွှန်ကြားခြင်းကြားပြောင်းခြင်း

သင်သည် စာသားထည့်သွင်းသည့်နေရာတွင် အလုပ်လုပ်နေသည့်အခါ—ဥပမာ၊ စာရွက်စာတမ်းတစ်ခု၊ အီးမေးလ်တစ်စောင် သို့မဟုတ် မက်ဆေ့ချ် ရေးသားခြင်း—သင်သည် ထိုမုဒ်သုံးခုကြားလိုအပ်သလို အလွယ်တကူပြောင်းလဲနိုင်ပါသည်၊

  • သတ်ပုံမုဒ်၊ ပုံသေအားဖြင့်—Voice Control ညွှန်ကြားချက်များမဟုတ်သည့် သင်ပြောလိုက်သည့် စကားတိုင်းကို စာသားအဖြစ် ရိုက်ထည့်ပေးသည်။

    စကားလုံးအများအပြားသည် သင်ပြောသည်နှင့် သဒ္ဒဗေဒဆိုင်ရာကိုက်ညီပါက ဖန်သားပြင်ပေါ်တွင်ပေါ်သည်။ သင်ဆိုလိုသော စကားလုံးတစ်ခုကို ရွေးရန်နှိပ်ပါ။ (ရွေးချယ်စရာဘာသားစကားများတွင် အသုံးပြုနိုင်ပါသည်။)

  • စာလုံးပေါင်းမုဒ်၊ သင်သည် နှုတ်တိုက်ချပေးသည့်မုဒ်တွင်ရှိပြီး စာလုံးတစ်လုံးကိုစာလုံးပေါင်းရွတ်ရန်လိုအပ်သည့်အခါ “Spelling mode” ဟုပြောပါ။

    မှတ်စု စာလုံးပေါင်းမုဒ်ကို စာလုံ အင်္ဂလိပ် (အမေရိကန်) သို့မဟုတ် အင်္ဂလိပ် (ကနေဒါ)အတွက် အသုံပြုနိုင်သည်။

  • ညွှန်ကြားချက်မုဒ်၊ Voice Control သည် ညွှန်ကြားချက်များကိုသာ တုံ့ပြန်သည်။ အခြားစာလုံးများကို လျစ်လျူရှုပြီး စာသားအနေဖြင့်မရိုက်ထည့်ပါ။

    သင်သည် ညွှန်ကြားချက်များကို အဆက်မပြတ်အသုံးပြုသည့်အချိန်နှင့် သင်အမှတ်တမဲ့ပြောလိုက်သည်များကို စာသားထည့်သွင်းသည့်နေရာတွင် ထည့်သွင်းခြင်းများ မဖြစ်စေရန်အတွက် ၎င်းမုဒ်သည် အထူးပင် အထောက်အကူဖြစ်စေပါသည်။

    ညွှန်ကြားချက်မုဒ်ကို ဖွင့်ရန်၊ “ညွှန်ကြားချက်မုဒ်” ဟုပြောပါ။

နှုတ်တိုက်ချပေးသည့်မုဒ်ကို ပြန်ဖွင့်ရန်၊ “နှုတ်တိုက်ချပေးမုဒ်” ဟုပြောပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.