ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

Face ID ပါသည့် iPhone အမျိုးအစားများအတွက် လက်ဟန်အမူအရာများကိုလေ့လာခြင်း

ဤသည်မှာ Face ID ပါသည့် iPhone အတွက် အပြန်အလှန်ဆက်သွယ်လုပ်ဆောင်ရန် သင်အသုံးပြုရမည့်လက်ဟန်အမူအရာများအတွက် အသုံးဝင်သည့် ကိုးကားချက်တစ်ခုဖြစ်သည်။

လက်ဟန်

ဖော်ပြချက်

အောက်ခြေမှအပေါ်သို့ ရွှေ့ခြင်းကိုညွှန်ပြသည့်မြားပါသည့် iPhone ၏သရုပ်ဖော်ပုံတစ်ပုံ။

Home သို့သွားခြင်း။ Home ဖန်သားပြင်သို့ အချိန်မရွေးပြန်သွားရန် ဖန်သားပြင်အစွန်းအောက်ခြေမှအပေါ်သို့ရွှေ့ပါ။ iPhone တွင် အက်ပ်များကိုဖွင့်ခြင်း ကိုကြည့်ပါ။

ညာဘက်ထိပ်ထောင့်မှအောက်သို့ရွှေ့ခြင်းကိုညွှန်ပြသည့်မြားပုံပါသည့် iPhone ၏ သရုပ်ဖော်ပုံတစ်ပုံ။

ထိန်းချုပ်မှုများကို လျှင်မြန်စွာအသုံးပြုခြင်း။ Control Center ကိုဖွင့်ရန် ညာဘက်ထိပ်ဆုံးမှ အောက်သို့ပွတ်ဆွဲချပါ ၊ ထပ်မံရွေးချယ်စရာများကိုဖော်ပြရန် ထိန်းချုပ်မှုတစ်ခုကို ထိပြီးထိန်းထားပါ။ ထိန်းချုပ်မှုများကိုဖြည့်ရန် သို့မဟုတ် ဖယ်ရှားရန်၊ Settings  > Control Center သို့သွားပါ။ iPhone တွင် Control Center ကိုသုံးခြင်းနှင့် စိတ်ကြိုက်ပြုလုပ်ထားခြင်း ကိုကြည့်ပါ။

iPhone ၏နမူနာပုံစံတစ်ခု။ အစက်တစ်ခုဖြင့်အဆုံးသတ်ထားသည့် လိုင်းတစ်လိုင်းသည် ဖန်သားပြင်အောက်ခြေမှ အပေါ်သို့ဆွဲယူမှုတစ်ခုအား ညွန်ပြခြင်းဖြစ်ပြီး ခေတ္တရပ်တန့်လိုက်ပါ။

App Switcher ကိုဖွင့်ခြင်း။ ဖန်သားပြင်အောက်အစွန်းမှ အပေါ်သို့ရွှေ့၍ အလယ်တွင် ရပ်ပါ၊ ထို့နောက်လက်ချောင်းကိုမလိုက်ပါ။ ညာဘက်သို့ဆွဲကာ ဖွင့်ထားသည့် အက်ပ်စ်များကိုရွေးချယ်ပြီး မိမိအသုံးပြုလိုသည့် အက်ပ်ကိုနှိပ်ပါ။ iPhone တွင် ဖွင့်ထားသည့်အက်ပ်စ်ကြား ကူးပြောင်းအသုံးပြုခြင်း ကိုကြည့်ပါ။

iPhone ၏နမူနာပုံစံတစ်ခု။ မြားခေါင်းနှစ်ခုပါမြားသည်ဖန်သားပြင်အစွန်းအောက်ခြေကိုဖြတ်၍ဘယ်ဘက်သို့မဟုတ် ညာဘက်သို့ရွှေ့ခြင်းကို ညွှန်ပြထားသည်။

ဖွင့်ထားသည့်အက်ပ်စ်တစ်ခုမှ တစ်ခုသို့ ကူးပြောင်းသုံးခြင်း။ ဖွင့်ထားသည့်အက်ပ်စ်များကို အလျင်အမြန်ကူးပြောင်းအသုံးပြုရန် ဖန်သားပြင်အောက်ခြေအစွန်းမှဘယ်ဘက် သို့မဟုတ် ညာဘက်သို့ ဆွဲပါ။ iPhone တွင် ဖွင့်ထားသည့်အက်ပ်စ်ကြား ကူးပြောင်းအသုံးပြုခြင်း ကိုကြည့်ပါ။

အပေါ်ညာဘက်ရှိ ဘေးခလုတ်သို့ညွှန်ပြထားသည့်မြားပုံပါသည့် iPhone သရုပ်ဖော်ပုံတစ်ပုံ။

Siri ကိုသုံးပါ။ “Siri” သို့မဟုတ် “Hey Siri.” ဟုသာပြောလိုက်ပါ သို့မဟုတ် မေးခွန်းတစ်ခုမေးစဉ် သို့မဟုတ် တောင်းဆိုမှုတစ်ခုပြုလုပ်စဉ် ဘေးခလုတ်ကို ဖိ၍နှိပ်ထားပါ၊ ထို့နောက် ထိုခလုတ်ကိုလွှတ်လိုက်ပါ။ iPhone ရှိ Siri ကိုတောင်းဆိုခြင်း ကိုကြည့်ပါ။

အပေါ်ညာဘက်ရှိဘေးခလုတ်ကိုနှစ်ခါနှိပ်ရန်ညွှန်ပြထားသည့်မြားနှစ်ခုပါသည့် iPhone ၏သရုပ်ဖော်ပုံတစ်ပုံ။

Apple Pay ကိုအသုံးပြုခြင်း။ သင်၏ပုံသေအကြွေးဝယ်ကတ်ကိုပြရန်ဘေးခလုတ်ကို နှစ်ကြိမ်ဆက်နှိပ်ကာ Face ID ဖြင့် အထောက်အထားပြရန် iPhone ကိုတစ်ချက်ကြည့်ပါ။ iPhone တွင် ကတ်ဖတ်စက်နှင့် ငွေပေးချေမှုများပြုလုပ်ခြင်းအတွက် Apple Pay ကိုအသုံးပြုခြင်း ကိုကြည့်ပါ။

အပေါ်ညာဘက်ရှိဘေးခလုတ်ကို သုံးကြိမ်ဆက်နှိပ်ရန်ညွှန်ပြထားသော မြားသုံးခုပါသည့် iPhone ၏သရုပ်ဖော်ပုံတစ်ပုံ။

Accessibility Shortcut သုံးခြင်း။ ဘေးခလုတ်ကို သုံးကြိမ်ဆက်နှိပ်ပါ။ iPhone ရှိ Accessibility Shortcut ဖြင့် လုပ်ဆောင်ချက်များကို လျှင်မြန်စွာဖွင့်ပါ ကိုကြည့်ပါ။

ညာဘက်အပေါ်ရှိ ဘေးခလုတ်နှင့် ဘယ်ဘက်အပေါ်ရှိအသံအတိုးအကျယ်ခလုတ်သို့ ညွှန်ပြထားသော မြားပုံပါသည့် iPhone ၏သရုပ်ဖော်ပုံတစ်ပုံ။

ဖန်သားပြင်ပုံရိပ်တစ်ပုံ ရိုက်ယူခြင်း။ ဘေးခလုတ်နှင့် အသံကျယ်သည့်ခလုတ်တို့ကို တစ်ပြိုင်နက်တည်းနှိပ်ပြီးနောက် ခပ်မြန်မြန်လွှတ်လိုက်ပါ။ Face ID ရှိသည့် iPhone ဖြင့် ဖန်သားပြင်ပုံရိပ် ရိုက်ကူးပါ ကိုကြည့်ပါ။

ညာဘက်အပေါ်ရှိ ဘေးခလုတ်နှင့် ဘယ်ဘက်အပေါ်ရှိ အသံအတိုးအကျယ်ခလုတ် များကို ညွှန်ပြထားသောမြားပုံများပါသည့် iPhone ၏သရုပ်ဖော်ပုံတစ်ပုံ။

Emergency SOS (အိန္ဒိယနိုင်ငံမှလွဲ၍ နိုင်ငံစုံ သို့မဟုတ် ဒေသစုံတွင်) အသုံးပြုခြင်း။ ဆလိုက်များပေါ်လာသည်အထိ ဘေးခလုတ်နှင့် အသံအတိုးအကျယ်ခလုတ်တစ်ခုခုအား တစ်ပြိုင်တည်းဖိ၍နှိပ်ထားပြီး Emergency SOS ကိုပြီးဆုံးသည်အထိ ရေတွက်ခြင်းကိုဖွင့်ထားပြီးနောက် ခလုတ်ကို လွှတ်လိုက်ပါ။ အရေးပေါ်ဌာနများကို လျင်မြန်စွာ ခေါ်ဆိုခြင်း (အိန္ဒိယနိုင်ငံမှလွဲ၍ နိုင်ငံစုံသို့မဟုတ် ဒေသစုံတွင်) အသုံးပြုခြင်း ကိုကြည့်ပါ။

ညာဘက်အပေါ်ရှိ ဘေးခလုတ်အား သုံးကြိမ်ဆက်နှိပ်ရန်ညွှန်ပြထားသော မြားတစ်ခုပါသည့် iPhone ၏သရုပ်ဖော်ပုံတစ်ပုံ။

Emergency SOS (အိန္ဒိယနိုင်ငံတွင်) အသုံးပြုခြင်း။ ဆလိုက်များပေါ်လာသည်အထိ ဘေးခလုတ်ကို 3 ချက်ဆက်တိုက်နှိပ်ပြီး Emergency SOS ပြီးဆုံးသည်အထိ ရေတွက်ခြင်းကို ဖွင့်ထားပါ။

Accessibility Shortcut ဖွင့်ထားလျှင် ဆလိုက်များပေါ်လာသည်အထိ ဘေးခလုတ်နှင့် အသံအတိုးအကျယ်ခလုတ်တစ်ခုခုအား တစ်ပြိုင်တည်းဖိ၍နှိပ်ထားပြီး Emergency SOS ကိုပြီးဆုံးသည်အထိ ရေတွက်ခြင်းကိုဖွင့်ထားပြီးနောက် ခလုတ်ကို လွှတ်လိုက်ပါ။

အရေးပေါ်ဌာနများကို လျင်မြန်စွာ ခေါ်ဆိုခြင်း (အိန္ဒိယနိုင်ငံတွင်) ကိုကြည့်ပါ။

ညာဘက်အပေါ်ရှိ ဘေးခလုတ်နှင့် ဘယ်ဘက်အပေါ်ရှိ အသံအတိုးအကျယ်ခလုတ် များကို ညွှန်ပြထားသောမြားပုံများပါသည့် iPhone ၏သရုပ်ဖော်ပုံတစ်ပုံ။

ပိတ်ခြင်း။ ဆလိုက်များပေါ်လာသည်အထိဘေးခလုတ်နှင့်အသံအတိုးအကျယ်ခလုတ်တစ်ခုခုကို တစ်ပြိုင်နက်တည်း ဖိ၍ထိန်းထားပြီးနောက် စက်ပိတ်သွားစေရန် ထိပ်ဆုံးဆလိုက်ဘားကို ပွတ်ဆွဲပါ။ သို့မဟုတ် Settings > General > Shut Down သို့သွားပါ။ iPhone ကိုပိတ်ခြင်း ကိုကြည့်ပါ။

ညာဘက်အပေါ်ရှိ ဘေးခလုတ်နှင့် ဘယ်ဘက်အပေါ်ရှိ အသံအတိုး အကျယ်ခလုတ်များကို ညွှန်ပြထားသောမြားပုံများပါသည့် iPhone ၏သရုပ်ဖော်ပုံတစ်ပုံ။

ပြန်လည်စတင်ရန် အားထည့်လုပ်ဆောင်ခြင်း။ အသံကျယ်သည့်ခလုတ်ကို ဖိပြီးနောက် လွှတ်လိုက်ပါ။ အသံတိုးသည့်ခလုတ်ကို ဖိပြီးနောက် လွှတ်လိုက်ပါ။ ထို့နောက် ဘေးဘက်ခလုတ်အား Apple တံဆိပ်ပေါ်လာသည်အထိ ဖိ၍ထိန်းထားပါ။ iPhone ကိုပြန်လည်စတင်ရန် အားထည့်လုပ်ဆောင်ခြင်း ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.