ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် VoiceOver ဖြင့် မျက်မမြင်စာပြသမှုကို သုံးပါ

iPhone သည် နိုင်ငံတကာမှ မျက်မမြင်စာဇယားများစွာနှင့် ပြန်လည်သစ်လွင်စေနိုင်သော မျက်မမြင်စာပြသမှုများကိုလည်း ထောက်ပံ့ပေးသည်။ ကြိုးမဲ့ Bluetooth® မျက်မမြင်စာပြသမှုတစ်ခုကို ချိတ်ဆက်၍ VoiceOver ကိုပြန်ရွတ်စေနိုင်သည့်အပြင် Nemeth ကုဒ်နံပါတ်ကိုအသုံးပြု၍ ပုံမှန်နှင့် ချုံ့ထားသည့် မျက်မမြင်စာနှင့် ညီမျှခြင်းများကို ဖတ်နိုင်သည်။ စာသားကိုပြင်ဆင်ရေးသားသည့်အခါ မျက်မမြင်စာပြသမှုသည် ဆက်စပ်အကြောင်းအရာတွင် ထိုစာသားကို ပြသပေးပြီး သင်၏ပြင်ဆင်ရေးသားချက်များသည် မျက်မမြင်စာမှ ပုံနှိပ်စာသားအဖြစ် အလိုအလျောက်ပြောင်းပေးသည်။ VoiceOver ဖွင့်ထားသည့်အချိန်တွင် မျက်မမြင်စာပြသမှုတစ်ခုကို ထည့်သွင်းခလုတ်များနှင့် အသုံးပြု၍ သင်၏ iPhone ကိုထိန်းချုပ်နိုင်သည်။

ထည့်သွင်း၍ရနိုင်မည့် မျက်မမြင်စာပြသမှုစာရင်းတစ်ခုအတွက် Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် iPhone, iPad, and iPod touchတို့တွင် ပံ့ပိုးပေးထားသည့် မျက်မမြင်စာပြသမှုများ ကို ဖတ်ပါ။

မျက်မမြင်စာပြသမှုတစ်ခုနှင့် ချိတ်ဆက်၍ iPhone ကိုထိန်းချုပ်ရန် ညွှန်ကြားချက်များကို လေ့လာပါ

  1. မျက်မမြင်စာပြသမှုကိုဖွင့်ပါ။

  2. iPhone တွင် Settings  > Bluetooth သို့သွားပါ၊ Bluetooth ကိုဖွင့်ပါ၊ ထို့နောက်၎င်းပြသမှုကိုရွေးချယ်ပါ။

  3. iPhone တွင် Settings > Accessibility > VoiceOver > Braille သို့သွားပါ၊ ထို့နောက်ပြသမှုကိုရွေးချယ်ပါ။

  4. iPhone ထိန်းချုပ်ခြင်းအတွက် မျက်မမြင်စာညွှန်ကြားချက်များကို မြင်ရရန် More Info ကိုနှိပ်၍ Braille Commands ကိုနှိပ်ပါ။

Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် သင်၏ iPhone၊ iPad နှင့် iPod touch ရှိ VoiceOver အတွက် အသုံးများသော မျက်မမြင်စာညွှန်ကြားချက်များ ကိုကြည့်ပါ။

မျက်မမြင်စာပြသမှုချိန်ညှိချက်များကို ပြောင်းလဲခြင်း

  1. iPhone တွင် Settings  > Accessibility > VoiceOver > Braille သို့သွားပါ။

  2. အောက်ဖော်ပြပါတို့မှ မည်သည်ကိုမဆို ရွေးချယ်သတ်မှတ်ပါ၊

    ချိန်ညှိခြင်း

    ဖော်ပြချက်

    သတင်းအချက်အလက် ထုတ်ပေးခြင်း

    မျက်မမြင်စာပြသမှုမှ သတင်းအချက်အလက်ထုတ်ပေးခြင်းကို မချုံ့ထားသည့် အစက်ခြောက်စက်၊ မချုံ့ထားသည့်အစက်ရှစ်စက် သို့မဟုတ် ချုံ့ထားသောမျက်မမြင်စာအဖြစ် သတ်မှတ်ပါ။

    သတင်းအချက်အလက်ထည့်သွင်းခြင်း

    ပြသမှုတွင် မျက်မမြင်စာများထည့်သွင်းခြင်းအတွက် ထည့်သွင်းစနစ်ကို ရွေးချယ်ပါ—မချုံ့ထားသည့် အစက်ခြောက်စက်၊ မချုံ့ထားသည့်အစက်ရှစ်စက် သို့မဟုတ် ချုံ့ထားသောမျက်မမြင်စာဟူ၍ရှိသည်။ အလိုအလျောက် ဘာသာပြန်ခြင်းကိုလည်းဖွင့်နိုင်သည်။

    မျက်မမြင်စာဖန်သားပြင်တွင် ထည့်သွင်းမှု

    ဖန်သားပြင်ကိုအသုံးပြုကာ မျက်မမြင်စာများ ထည့်သွင်းရန်အတွက် ထည့်သွင်းမည့်နည်းကို ရွေးချယ်ပါ။ VoiceOver နှင့် မျက်မမြင်စာကို iPhone ဖန်သားပြင်ပေါ်တွင် တိုက်ရိုက်စာရိုက်ပါ ကိုကြည့်ပါ။

    မျက်မမြင်စာဇယားများ

    မျက်မမြင်စာဇယားရိုတာသို့ ဇယားများထည့်သွင်းပါ။

    အခြေအနေပြ အကန့်များ

    ယေဘုယျနှင့် စာသားအခြေအနေပြအကန့်များကို ဖွင့်၍ ၎င်းတို့၏ တည်နေရာကို ရွေးချယ်ပါ။

    Nemeth ကုဒ်နံပါတ်ကိုအသုံးပြုသော ညီမျှခြင်းများ

    သင်္ချာနှင့်ဆိုင်သည့် ညီမျှခြင်းများအတွက် Nemeth ကုဒ်နံပါတ်ကိုဖွင့်ပါ။

    On-screen Keyboard ဖော်ပြခြင်း

    ဖန်သားပြင်ပေါ်ရှိ စာရိုက်ခလုတ်ခုံကို ပြသပါ။

    အနီးကပ်ဆွဲချဲ့ထားချိန် Pages ကိုလှန်ခြင်း

    အနီးကပ်ဆွဲချဲ့ထားချိန် pages ကို အလိုအလျောက်လှန်ပါ။

    စာလုံးနေရာစီခြင်း

    စာလုံးများကို နောက်စာကြောင်းသို့ နေရာပြောင်းစီပါ။

    မျက်မမြင်စာသတိပေးချက်မက်ဆေ့ချ်များ

    ဖွင့်ထားသည့်အခါ မျက်မပြင်စာပြသမှုမှ သတ်မှတ်ထားသည့်ကြာချိန်အတွက် သတိပေးချက်မက်ဆေ့ချ်တစ်ခုကိုပြသည်။

    မိတ်ဖက်သံလက်ကွက် ကြာချိန်ကို လျစ်လျူရှုခြင်း

    နောက်ဆက်တွဲသံစဥ်ခလုတ်များကို မျက်မမြင်စာမိတ်ဖက်သံလက်ကွက်များအဖြစ် အသိအမှတ်မပြုမီ လိုအပ်သောအချိန်ပမာဏကို ချိန်ညှိပါ။

    အလိုအလျောက် ဖတ်ရှုခြင်းမြန်နှုန်းကြာချိန်

    သင်ကြိုက်နှစ်သက်သော စာဖတ်ခြင်းမြန်နှုန်းဖြစ်စေရန် ၎င်းချိန်ညှိမှုကို ချိန်ညှိပါ။

မီဒီယာပြန်ဖွင့်နေစဉ်အတွင်းမျက်မမြင်စာဖြင့်အပိတ်ခေါင်းစီးပေါ်အောင်လုပ်ပါ

  1. iPhone တွင် Settings  > Accessibility > VoiceOver > Verbosity သို့သွားပါ။

  2. Braille သို့မဟုတ် Speech and Braille ကိုရွေးပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.