ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင်Touch ID ကိုထည့်သွင်းခြင်း

သင်၏လက်ချောင်း သို့မဟုတ် လက်မဖြင့်ပင်မခလုတ်ကိုနှိပ်၍Touch ID ၏ (အထောက်အကူပြုသည့် အမျိုးအစားများ) ကိုသုံးခြင်းဖြင့် iPhone ကို လုံခြုံစွာနှင့် လွယ်ကူအဆင်ပြေစွာ ဖွင့်ရန်၊ ဝယ်ယူမှုများနှင့် ငွေပေးချေမှုများ တရားဝင်ပြုလုပ်နိုင်ရန်နှင့် ကြားခံအက်ပ်များသို့ဝင်ရောက်နိုင်သည်။

Touch ID ကိုသုံးရန်၊ သင်၏ iPhone တွင်ကုဒ်နံပါတ်တစ်ခုကိုလည်းထည့်သွင်းရမည်။

လက်ဗွေရာအသိအမှတ်ပြုမှုကိုဖွင့်ခြင်း

  1. သင်သည် iPhone ကိုပထမဆုံးစကိုင်သည့်အခါ fingerprint ဖြင့် အသိအမှတ်ပြုခြင်းကို ဖွင့်မထားပါက၊ Settings  > Touch ID & Passcode သို့သွားပါ။

  2. မည်သည့်ရွေးချယ်စရာကိုမဆိုဖွင့်ပါ၊ ထို့နောက် ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာပါ။

iTunes & App Store ကိုဖွင့်ထားပါက၊ App Store၊ Apple Books သို့မဟုတ် iTunes Store တို့မှပထမဆုံးဝယ်ယူမှုပြုလုပ်သည့်အခါ သင်၏ Apple ID စကားဝှက်ကိုတောင်းဆိုခြင်းခံရမည်။ သင်နောက်ထပ်ဝယ်ယူမှုများပြုလုပ်သည့်အခါ၊ Touch ID ကိုသုံးရန် တောင်းဆိုခြင်းခံရမည်ဖြစ်သည်။

မှတ်စု လက်ဗွေရာထည့်မရခြင်းသို့မဟုတ် Touch ID ကိုသုံးကာ iPhone ကို ဖွင့်မရခြင်းတို့ ဖြစ်ပါက၊ Touch IDသည် သင့်iPhone သို့မဟုတ် iPadတွင်အလုပ်မလုပ်နေပါက Apple အထောက်အကူပြုဆောင်းပါးကိုကြည့်ပါ။

လက်ဗွေရာတစ်ခုကိုထည့်ခြင်း

လက်ချောင်းစုံ၏ fingerprint များကိုထည့်နိုင်သည် (ဥပမာအားဖြင့်သင်၏လက်မများနှင့်လက်ညှိုးများအားလုံး)။

  1. Settings  > Touch ID & Passcode သို့သွားပါ။

  2. Add a Fingerprint ကိုနှိပ်ပါ။

  3. ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ၊

လက်ဗွေရာတစ်ခုကိုအမည်ပေးခြင်းသို့မဟုတ်ဖျက်ခြင်း

  1. Settings  > Touch ID & Passcode သို့သွားပါ။

    Fingerprint တစ်ခုထက်ပို၍ထည့်ထားပါက၊ ယင်း၏ပုံစံကို ခွဲခြားရန်ပင်မခလုတ်ပေါ်တွင် လက်ချောင်းတစ်ချောင်းကိုထားပါ။

  2. လက်ဗွေရာကိုနှိပ်ပါ၊ ထို့နောက်အမည်တစ်ခုကိုဖြည့်ပါ (“Thumb” ကဲ့သို့) သို့မဟုတ် Delete Fingerprint ကိုနှိပ်ပါ။

Touch ID ကိုပိတ်ခြင်း

Settings  > Touch ID & Passcode သို့သွားပါ၊ ထို့နောက် တစ်ခု သို့မဟုတ် ယင်းထက်ပိုသည့်ရွေးချယ်မှုများကိုပိတ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.