ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Safety Check နှင့်မျှဝေထားသော အချက်အလက်ကိုစီမံခြင်း

သင်လူများ၊ အက်ပ်များနှင့် စက်ပစ္စည်းများနှင့် မျှဝေထားသော အချက်အလက်များကို အချိန်အခါအလိုက် ပြန်လည်သုံးသပ်ပြီး အချိန်နှင့်တစ်ပြေးညီပြုလုပ်ရန် Safety Check ကို အသုံးပြုပါ။ Safety Check မှ သင်သည် Find My တွင် အခြားသူများနှင့် သင့်တည်နေရာကို မျှဝေခြင်းကို ရပ်တန့်နိုင်သည်၊ Photos၊ Notes နှင့် Calendar ကဲ့သို့သော မျှဝေထားသော အကြောင်းအရာများသို့ အခြားသူများ ဝင်ရောက်ခွင့်ကို ဖယ်ရှားနိုင်သည်၊ အက်ပ်များအတွက် စနစ်ကိုယ်ရေးကိုယ်တာခွင့်ပြုချက်များကို ပြန်လည်သတ်မှတ်နိုင်သည်၊ Messages နှင့် FaceTime ကို သင့်လက်ထဲတွင်ရှိသော စက်ပစ္စည်းသို့ ကန့်သတ်ခြင်းနှင့် အစရှိသည်တို့ကို ပြုလုပ်နိုင်သည်။

Emergency Reset နှင့် Manage Sharing & Access အတွက် လုပ်ဆောင်ချက်နှင့် ခလုတ်များအကြောင်း အချက်အလက်ကို ပြထားသည့် Safety Check ဖန်သားပြင်။
  1. Settings  > Privacy & Security > Safety Check ကိုသွားပါ။

  2. Manage Sharing & Accessကိုနှိပ်ပါ၊ Continue ကိုနှိပ်ပါ၊ ထို့နောက် ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လိုက်နာပါ။

    လုပ်ဆောင်ချက်အလုပ်လုပ်ပုံနှင့်ပတ်သက်သည့် အချက်အလက်ပါသည့် Manage Sharing & Access ဖန်သားပြင်။ Continue ခလုတ်သည် အောက်ခြေတွင်ရှိသည်။

Safety Check မှ ပြန်လည်မသုံးသပ်နိုင်သော သို့မဟုတ် မပြောင်းလဲနိုင်သော သတင်းအချက်အလက်များ—ဥပမာ၊ အကောင့်များနှင့် စကားဝှက်များ၊ လူမှုကွန်ရက် မျှဝေထားမှုများနှင့် အခြား ကိရိယာများမှ မျှဝေထားသော သတင်းအချက်အလက် စသည်တို့ကိုလည်း မျှဝေသွားနိုင်သည်။ သင်မျှဝေသော သတင်းအချက်အလက်ကို လျော့ချခြင်းအကြောင်းကို ပိုမိုသိရှိစေရန် ကိုယ်ရေးကိုယ်တာဘေးကင်းရေးဆိုင်ရာ သုံးစွဲသူလမ်းညွှန်ရှိ Safety Check အသုံးပြုစဉ် ထပ်ဆောင်းထည့်သွင်းစဉ်းစားစရာများ ကိုကြည့်ပါ။

အရေးကြီးသော အရေးပေါ်အခြေအနေတွင် သင့်စက်ပစ္စည်းနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်သို့ ဝင်ရောက်ခွင့်ကို အမြန်ပြန်လည်သတ်မှတ်ရန် Safety Check ကိုလည်း အသုံးပြုနိုင်ပါသည်။ Settings > Privacy & Security > Safety Checkကိုသွားပါ၊ Emergency Reset ကိုနှိပ်ပါ၊ Start Emergency Reset ကိုနှိပ်ပါ၊ ထိုနောက် ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လိုက်နာပါ။

Safety Check အကြောင်းပိုမိုလေ့လာရန် ကိုယ်ရေးကိုယ်တာဘေးကင်းရေးဆိုင်ရာ သုံးစွဲသူလမ်းညွှန်ထဲရှိ iPhone တွင် Safety Check သည် သင့်အားဘေးကင်းအောင်ပြုလုပ်ပုံ ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.