ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် ဆက်သွယ်မှုအချက်အလက်များကိုထည့်သွင်း အသုံးပြုခြင်း

Contacts အက်ပ် တွင် ကိုယ်ရေးကိုယ်တာ၊ လုပ်ငန်းသုံးနှင့် အခြားအကောင့်များမှ အဆက်အသွယ်လူစာရင်းများကို ကြည့်ရှုနိုင်သလို ပြုပြင်နိုင်သည်။ ဆက်သွယ်မှုများကို ဖန်တီးနိုင်သလို သင်သိရှိထားသော အချက်အလက်များဖြင့် ဆက်သွယ်မှုကတ်တစ်ခုကိုပြုလုပ်နိုင်သေးသည်။

Siri၊ ထိုကဲ့သို့တစ်ခုခုပြောပါ၊

  • “What’s my brother’s work address?”

  • “Sarah Milos is my sister”

  • “Send a message to my sister”

Siri အားအသုံးပြုပုံကို လေ့လာခြင်း

ဆက်သွယ်မှုတစ်ခုဖန်တီးခြင်း

Add ခလုတ် ကိုနှိပ်ပါ။

Calendar တွင် သင်လက်ခံရရှိသည့် ဖိတ်ကြားမှုများ နှင့် Mail တွင် သင်လက်ခံရရှိသည့် အီးမေးလ် ကဲ့သို့သော အခြားအက်ပ်များကိုသင်၏အသုံးပြုမှုအပေါ် အခြေခံ၍ ဆက်သွယ်မှုအသစ်များကိုလည်း Siri က အကြံပြုဖော်ပြပေးသည်။ (ထိုလုပ်ဆောင်ချက်ကို ပိတ်ရန် Settings  > Contacts > Siri & Search သို့သွားကာ Show Siri Suggestions for Contacts ပိတ်ပါ။)

Contacts ကို သင်အသုံးပြုမှုအပေါ်အခြေခံ၍ အခြားအက်ပ်များအတွင်းမှ ဆက်သွယ်မှုအချက်အလက်ဆိုင်ရာအကြံပြုချက်များကိုလည်း Siri က ထောက်ပံ့ဖော်ပြပေးသည်။ (ထိုလုပ်ဆောင်ချက်ကို ပိတ်ရန် Settings  > Contacts > Siri & Search သို့သွားကာ Learn from this App ကိုပိတ်ပါ။) iPhone ရှိ Siri အကြံပြုမှုများ ကိုကြည့်ပါ။

ဆက်သွယ်မှုတစ်ခုကိုရှာခြင်း

ဆက်သွယ်မှုစာရင်း၏ထိပ်ဆုံးရှိ ရှာဖွေမှုကွက်လပ်ကိုနှိပ်ပါ၊ ပြီးလျှင် အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ သို့မဟုတ် အခြားဆက်သွယ်မှုဆိုင်ရာအချက်အလက်များကို ရိုက်ထည့်ပါ။

Search ကိုသုံး၍လည်း သင့်၏ဆက်သွယ်မှုများကို ရှာဖွေနိုင်သည်။(iPhone တွင် Spotlight ဖြင့် ရှာဖွေခြင်းကိုကြည့်ပါ။)

ဆက်သွယ်မှုတစ်ခုကို မျှဝေခြင်း

ဆက်သွယ်မှုတစ်ခုကို ထိနှိပ်ပါ၊ Share Contact ကိုနှိပ်၍ ဆက်သွယ်မှုဆိုင်ရာအချက်အလက်များ ပေးပို့ရန်အတွက် နည်းလမ်းတစ်ခုကို ရွေးချယ်ပါ။

အဆက်အသွယ်တစ်ခုကိုမျှဝေခြင်းသည် ဆယ်သွယ်မှုကတ်မှ သတင်းအချက်အလက်အားလုံးကို မျှဝေခြင်းဖြစ်သည်။

အဆက်အသွယ်တစ်ခုကို လျင်မြန်စွာရောက်ရှိခြင်း

မက်ဆေ့ချ်ပေးပို့မှုစတင်ရန်၊ ဖုန်းခေါ်ဆိုရန် သို့မဟုတ် FaceTime ဖုန်းခေါ်ဆိုရန်၊ အီးမေးလ်ပို့ရန်၊ သို့မဟုတ် Apple Pay ဖြင့် ငွေပို့ရန် ဆက်သွယ်မှု၏အမည်အောက်ရှိ ခလုတ်တစ်ခုကို နှိပ်ပါ။

ဆက်သွယ်မှုနည်းလမ်းအတွက် မူလဖုန်းနံပါတ် သို့မဟုတ် အီးမေးလ်လိပ်စာပြောင်းလဲရန် ဆက်သွယ်မှု၏အမည်အောက်နားရှိ ထိုနည်းလမ်းအတွက်ခလုတ်ကို နှိပ်ဖိထားပြီး ဖော်ပြလာသည့်စာရင်းအတွင်း ရွေးချယ်မှုပြုလုပ်ပါ။

ဆက်သွယ်မှုတစ်ခုကို ဖျက်ခြင်း

  1. ဆက်သွယ်မှုကတ်သို့ သွားကာ Edit ကိုနှိပ်ပါ။

  2. အောက်သို့ ရွှေ့ဆင်းပြီးနောက် Delete Contact ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.