ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

Live Listen နှင့်အဝေးထိန်းကိရိယာစကားပြောခွက်အဖြစ် iPhone ကိုသုံးခြင်း

iPhone ရှိ စကားပြောခွက်မှ အသံကို သင်၏ MFi နားကြားကိရိယာများ သို့မဟုတ် AirPods သို့ စီးဆင်းစေနိုင်သည်။ ယင်းသည်အခြေအနေအချို့တွင်ပိုမိုကြားရနိုင်သည်၊ ဥပမာအားဖြင့် ဆူညံသည့်ပတ်ဝန်းကျင်တွင် စကားပြောဆိုမှုရှိသည့်အခါတွင်ဖြစ်သည်။

  1. AirPods ကိုသုံးပါက၊ သင့်နားထဲသို့၎င်းတို့ကိုထည့်ပါ။

    သင်၏ AirPods သည် iPhone သို့ အလိုအလျောက်ချိတ်ဆက်ခြင်းမရှိပါက Control Center ထဲရှိ သို့မဟုတ် သော့ပိတ်ထားသည့်ဖန်သားပြင်ပေါ်တွင် Playback Destination ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် သင်၏ AirPods ကိုရွေးချယ်ပါ။

  2. Live Listen ကိုဖွင့်ရန် သို့မဟုတ် ပိတ်ရန်အောက်ပါတို့မှ တစ်ခုခုကို ပြုလုပ်ပါ၊

    • Control Center ကိုဖွင့်ပါHearing Devices ခလုတ် ကို နှိပ်ပါ၊ သင်၏နားကြားကိရိယာ သို့မဟုတ် AirPods ကိုနှိပ်ပါ၊ ထို့နောက် Live Listen ကိုဖွင့်ပါ။

      (Hearing Devices ခလုတ် ကို မမြင်ရပါက ၎င်းကို Control Center သို့ထည့်ပါ—Settings  > Control Center သို့သွားပါ၊ ထို့နောက် Hearing ဘေးရှိ Insert ခလုတ် ကိုရွေးချယ်ပါ။)

    • Accessibility Shortcutကို စီမံပြီးလျှင် ဘေးခလုတ်ကို သုံးချက်နှိပ်ပါ၊ Hearing Devices ကိုနှိပ်ပါ၊ ထို့နောက် Live Listen ကို နှိပ်ပါ။

    • သင်သည်နားကြားကိရိယာများကို အသုံးပြုနေပါက Settings > Accessibility > Hearing Devices သို့သွားပါ၊ ထို့နောက် Live Listen ကိုဖွင့်ပါ။

  3. iPhone အား အသံထွက်ရာအနီးတွင် နေရာချထားခြင်း။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.