ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

သင်၏ iPhone ကင်မရာဖြင့် Apple Vision Pro အတွက် spatial ဗီဒီယိုများကို ရိုက်ကူးခြင်း

Spatial ဗီဒီယိုများကို မှတ်တမ်းတင်ရန် ရှိ Camera ကို အသုံးပြုပြီးနောက် Apple Vision Pro ကိုသုံံး၍ Photos အက်ပ် ထဲတွင် မှတ်တမ်းများကို သုံံးဖက်မြင်ဖြင့်ပြန်အသက်သွင်းနိုင်သည်။

မှတ်စု Spatial ဗီဒီယိုသည် iOS 17.2 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများပါရှိသည့် iPhone 15 Pro နှင့် iPhone 15 Pro Max အမျိုးအစားများတွင် အသုံးပြုနိုင်သည်။

Spatial ဗီဒီယိုရိုက်ကူးခြင်း

  1. သင်၏ iPhone 15 Pro သို့မဟုတ် iPhone 15 Pro Max ရှိ Camera ကိုဖွင့်ပါ။

  2. Video မုဒ်ကို ရွေးပါ၊ ထို့နောက် သင့် iPhone ကို အလျားလိုက်ပုံစံထားထားပါ။

  3. Spatial Video Off ခလုတ်ကို နှိပ်ပါ၊ ထို့နောက် ရိုက်ကူးမှုစတင်ရန် Record ခလုတ် သို့မဟုတ် အသံအတိုးအကျယ်ခလုတ်ကို ဖိထားပါ။ အကောင်းဆုံးရလဒ်များအတွက် သင်ရိုက်ကူးနေစဥ် အောက်ပါတို့ကို လုပ်ပါ၊

    • သင်၏ iPhone ကို မလှုပ်ဘဲ ညီအောင်ထိန်းပြီးကိုင်ထားပါ။

    • သင်ရိုက်ကူးလိုသည့် အရာဝတ္ထုကို ကင်မရာကနေ 3 ပေမှ 8 ပေအကွာထားပြီး ချိန်ထားပါ။

    • ညီညာပြီး တောက်ပသောအလင်းရောင်ကို အသုံးပြုပါ။

  4. ရိုက်ကူးမှုကို ရပ်ရန် Record ခလုတ် သို့မဟုတ် အသံအတိုးအလျော့ခလုတ်တစ်ခုခုကိုနှိပ်ပါ။

  5. Spatial Video On ခလုတ် ကို နှိပ်ပြီး spatial ဗီဒီယိုရိုက်ကူးတာကို ပိတ်ပါ။

Spatial ဗီဒီယိုတစ်ခုကိုရိုက်ကူးပြီးသည့််အခါ၊ ၎င်းကိုသင့််Apple Vision Pro‌ပေါ်မှ Photos အက်ပ် ထဲတွင် သုံံးဘက်မြင်ရှုထောင့်ဖြင့်ကြည့်ရှုနိုင်သည်။ Spatial ဗီဒီယိုများကို သင့်အခြား Apple စက်ပစ္စည်းများပေါ်မှ သာမန်ဗီဒီယိုများကဲ့သို့ပင် နှစ်ဘက်မြင်ရှုထောင့်ဖြင့်ကြည့်နိုင်ပြီး မျှဝေနိုင်သည်။ တူညီသည့် Apple ID ဖြင့် အကောင့်ဝင်ထားပြီး iCloud Photos ဖွင့်ထားသည့် သင်၏စက်ပစ္စည်းများအားလုံးတွင်လည်း Spatial ဗီဒီယိုများကို တစ်ပြိုင်နက်ချိန်ကိုက်ထားနိုင်ပါသည်။

မှတ်စု iPhone 15 Pro နှင့် iPhone 15 Pro Max တို့တွင် ရိုက်ကူးထားသော Spatial ဗီဒီယိုများကို SDR ထဲတွင် 1080p၊ 30fps တို့ဖြင့် မှတ်တမ်းတင်ထားပါသည်။ Spatial ဗီဒီယိုတစ်မိနစ်စာသည် ခန့်မှန်းခြေ 130 MB ရှိပါသည် (ပုံမှန် 1080p 30 fps ဗီဒီယိုတစ်မိနစ်စာသည် ခန့်မှန်းခြေ 65 MB ရှိပါသည်။)

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.