ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Screen Time ကိုစတင်အသုံးပြုခြင်း

သင်နှင့်သင့်မိသားစုဝင်များက မည်သည့်အက်ပ်များနှင့် ဝဘ်ဆိုက်များကို အသုံးပြုသလဲ ဆိုသည်နှင့် သင့်စက်ပစ္စည်းကို ဘယ်နှကြိမ် ကောက်ကိုင်မိနေသလဲ အပါအဝင် သင်၏စက်ပစ္စည်းများတွင် အချိန်မည်မျှကုန်ဆုံးနေသလဲဆိုသည်ကို အချက်အလက်များ ရရှိနိုင်ရန် Screen Time ကိုအသုံးပြုနိုင်သည်။

Screen Time ကိုဖွင့်ခြင်း

Settings  > Screen Time ကိုသွား၍ App & Website Activity ကိုနှိပ်ပါ၊ ထို့နောက် Turn On App & Website Activity ကိုနှိပ်ပါ။

App & Website Activity ခလုတ်ကို ပြထားသည့်၊ Screen Time ကို သတ်မှတ်ခြင်းအတွက် ဖန်သားပြင်။

သင်၏စက်ပစ္စည်းအားလုံးအတွက် Screen Time ကိုအသုံးပြုခြင်း

Apple ID တစ်ခုတည်းဖြင့် သင့်အကောင့်ဝင်ထားသော သင့် စက်ပစ္စည်းများအားလုံးရှိ Screen Time ချိန်ညှိမှုများနှင့် သတင်းပေးပို့ချက်များကို မျှဝေနိုင်သည်။

  1. Settings  > Screen Time သို့သွားပါ။

  2. အောက်သို့ပွတ်ဆွဲပါ၊ ထို့နောက် Share Across Devices ကိုဖွင့်ပါ။

သင်၏ Screen Time အကျဉ်းချုပ်ကိုကြည့်ခြင်း

App & Website Activity ကိုဖွင့်ထားသည့်အချိန်တိုင်း အချို့သောအက်ပ်အမျိုးအစားများကိုအသုံးပြုရာတွင် သင်မည်မျှအချိန်ကုန်ဆုံးသလဲ၊ သင့် iPhone နှင့်အခြားစက်များကို ဘယ်နှကြိမ်ကောက်ကိုင်မိနေသလဲ၊ မည်သည့်အက်ပ်များက သင့်ကို အသိပေးချက်များပေးပို့မှုအများဆုံးလဲ၊ စသည်တို့အပါအဝင် သင်၏စက်ပစ္စည်းအသုံးပြုမှုမှတ်တမ်းတစ်ခုကို ကြည့်ရှုနိုင်သည်။

  1. Settings  > Screen Time သို့သွားပါ။

  2. See All App & Website Activity ကိုနှိပ်ပါ၊ ထို့နောက် သင်အသုံးပြုနည်းသိလိုသော စက်ပစ္စည်းကို ရွေးချယ်ရန် Devices ကိုနှိပ်ပါ။

  3. သင်၏အပတ်စဉ်အသုံးပြုမှုအကျဉ်းချုပ်ကို ကြည့်ရန် Week ကိုနှိပ်ပါ သို့မဟုတ် သင်၏နေ့စဉ်အသုံးပြုမှုကို ကြည့်ရန် Day ကိုနှိပ်ပါ။

    အမျိုးအစားအလိုက်၊ အက်ပလီကေးရှင်းအလိုက် အက်ပလီကေးရှင်းများကို စုစုပေါင်းအသုံးပြုထားသည့်အချိန်အား ဖော်ပြထားသည့် Screen Time အပတ်စဉ် အစီရင်ခံစာတစ်ရပ်။

သင့်စက်အသုံးပြုမှုကို တစ်ချက်ကြည့်၍ စစ်ဆေးရန် Screen Time အလွယ်သုံးပုံစံကို အသုံးပြုခြင်း

Screen Time အလွယ်သုံးပုံစံကို သင့် Home ဖန်သားပြင်သို့ ထည့်ခြင်းဖြင့် သင့်စက်ပစ္စည်းအသုံးပြုမှုကို အမြန်စစ်ဆေးနိုင်သည်။ ထိုအလွယ်သုံးပုံစံသည် သင်၏ Screen Time အကျဉ်းချုပ်မှ အချက်အလက်များကို ပြသသည်—သင်ထည့်လိုက်သည့် အလွယ်သုံးပုံစံက ကြီးလေ ၎င်းပြသသည့် အချက်အလက်ပိုများလေဖြစ်သည်။

Screen Time ကို မိသားစုဝင်များအတွက် Family Sharing မှတဆင့် စီမံထားလျှင် သင့်မိသားစုအုပ်စုအတွင်းရှိ လူများ၏စာရင်းကို ကြည့်ရန် အလွယ်သုံးပုံစံကို နှိပ်လိုက်နိုင်သည်။ သင်ကြည့်လိုသည့် မှတ်တမ်းပိုင်ရှင် မိသားစုဝင်၏အမည်ကို နှိပ်ပါ။

သင့်ဖန်သားပြင်ပေါ်တွင်တစ်ခုပေါ်လာသည့်အခါ Screen Time Weekly Report အကြောင်းကြားချက်ကိုနှိပ်ခြင်းဖြင့် သင့်အကျဉ်းချုပ်ကိုလည်းကြည့်ရှုနိုင်သည်။ (ထိုအကြောင်းကြားချက်ပျောက်သွားပါက Notification Center တွင် ၎င်းကိုတွေ့နိုင်သည်။)

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.