ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Home နှင့်ဆက်စပ်ပစ္စည်းများကို ထိန်းချုပ်ခြင်း

သင့်အိမ်ရှိဆက်စပ်ပစ္စည်းများကိုထိန်းချုပ်မည့်အခြားသူများကိုဖိတ်ခေါ်ရန် Home အက်ပ် နှင့် Control Center ကိုသုံးပါ။

Home အက်ပ်အတွင်းရှိ ထိန်းချုပ်မှုဆက်စပ်ပစ္စည်းများ

Home တက်ဘ်တွင် ဆက်စပ်ပစ္စည်းတစ်ခုကို လျှျှမြန်စွာ ဖွင့်ရန် သို့မဟုတ် ပိတ်ရန် အကွက်ငယ်၏ ဘေးဘက်ရှိ ဆက်စပ်ပစ္စည်းတစ်ခု၏သင်္ကေတ—ဥပမာ မီးတစ်ခု—ကိုနှိပ်ပါ။ ဆက်စပ်စ္စည်း၏ ထိန်းချုပ်မှုကို ပြသရန် အကွက်ငယ်၏ ညာဘက်ရှိ ဆက်စပ်ပစ္စည်း၏ နာမည် ကိုနှိပ်ပါ။

ဤရနိုင်သည့်ထိန်းချုပ်မှုများသည်ယင်းဆက်စပ်ပစ္စည်းအမျိုးအစားပေါ်တွင်မူတည်သည်။ ဥပမာအားဖြင့်၊ မီးလုံးအချို့နှင့်အရောင်များပြောင်းခြင်းအတွက်ထိန်းချုပ်မှုများရှိသည်။ သင်၏ smart TV နှင့်ဖြည့်သွင်းသည့်အရင်းအမြစ်တစ်ခုကိုရွေးချယ်နိုင်သည်။

Control Center အတွင်း ထိန်းချုပ်ဆက်စပ်ပစ္စည်းများ

သင့် iPhone နှင့်အတူ အိမ်ပြန်ရောက်လာသည့်အချိန်တွင် Control Center ကိုဖွင့်လိုက်သည့်အခါ ထိုအချိန်နှင့် သက်ဆိုင်သည့်မြင်ကွင်းများနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရမည်။ ဥပမာ မနက်ပိုင်းတွင် ကော်ဖီဖျော်စက်တစ်လုံးပေါ်လာနိုင်သလို ညဘက်ဆို သင့်အိပ်ရာဘေးတွင် အိပ်ရာဝင်မီးအိမ်လေး အစားထိုးရောက်ရှိနေနိုင်သည်။

Control Center ကိုဖွင့်ပါ ထို့နောက် ဆက်စပ်ပစ္စည်းတစ်ခုကို ဖွင့်ရန် သို့မဟုတ် ပိတ်ရန် ခလုတ်တစ်ခုကိုသာ နှိပ်ပါ သို့မဟုတ် ထိန်းချုပ်ခလုတ်များ ပေါ်မလာမချင်း ခလုတ်ကို ထိ၍ဖိထိန်းထားပါ။

သင်၏ရိုက်ကွက်များနှင့် ဆက်စပ်ပစ္စည်းများ (ကင်မရာများမှလွဲ၍) အားလုံးကို အမြန်မြင်တွေ့နိုင်ရန် Home Favorites ခလုတ်ကိုနှိပ်ပါ။

ဆက်စပ်ပစ္စည်းများကို Control Center အတွင်းမပေါ်လာစေလိုပါက Settings  > Control Center သို့သွား၍ Show Home Controls ကိုပိတ်ပါ။

အမျိုးအစားများ နှင့် အိမ် အနေအထားကိုကြည့်ရှုခြင်း

Lights၊ Climate၊ Security၊ Speakers နှင့် TVs နှင့် Water အမျိုးအစားများသည် သင့်အား သက်ဆိုင်ရာဆက်စပ်ပစ္စည်းများကို လျင်မြန်စွာ ဝင်ရောက်ကြည့်ရှုနိုင်စေပါသည်။

  1. Home တက်ဘ်ကိုပြရန် Home အက်ပ် ကိုဖွင့်ပါ။

    သင့်အိမ်အမည်အောက်တွင် အမျိုးအစားတစ်ခုတွင် ပါဝင်နေသည့် ဆက်စပ်ပစ္စည်းများ၏အနေအထားကို ပြသသည့်ခလုတ်များ—ဥပမာ၊ "3 on" ကိုပြသသည့် Lights အမျိုးအစားတစ်ခု ရှိသည်။

  2. အမျိုးအစားခလုတ်များထဲမှ တစ်ခုကို နှိပ်ပြီး အခန်းအလိုက် စနစ်တကျထားရှိပေးထားသော ထိုအမျိုးအစားအတွင်း ဆက်စပ်ပစ္စည်းများအားလုံးကို ကြည့်နိုင်ပါသည်။

  3. အမျိုးအစားတစ်ခုကို ကြည့်နေချိန်တွင် ဆက်စပ်ပစ္စည်းအကွက်ငယ်တစ်ခု၏ ဘယ်ဘက်ရှိ သင်္ကေတတစ်ခုကိုနှိပ်ပြီး လုပ်ဆောင်ချက်တစ်ခု—မီးအလင်းတစ်ခု သို့မဟုတ် မီးအလင်းအုပ်စုများကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း၊ HomePod တွင် သီချင်းစတင်ဖွင့်ခြင်း သို့မဟုတ် အိမ်ရှေ့တံခါးကိုပိတ်ခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။

လုပ်ဆောင်မှုမှတ်တမ်းကိုကြည့်ခြင်း

သင်တွင် Home ဗိသုကာအသစ် ကိုအသုံးပြုရာတွင်နောက်ဆုံးပေါ်ဆော့ဝဲလ်နှင့် အိမ်ပင်မစက်ရှိလျှင်၊ သင့်အိမ်မှလူတိုင်းသည် ဂိုဒေါင်တံခါးများ၊ သော့ခလောက်များနှင့်၊ လုံခြုံရေးစနစ်များကဲ့သို့ ဆက်စပ်ပစ္စည်းများ၏ လုပ်ဆောင်မှမှတ်တမ်းကို ကြည့်ရှုနိုင်သည်။ ဥပမာ၊ တံခါးတစ်ချပ်ကို မည်သည့်အချိန်တွင် မည်သူဖွင့်ခဲ့သည်ဆိုသည်ကို သိရှိနိုင်သည်။

  1. Home တက်ဘ်တွင် More ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Home Settings ကိုနှိပ်ပါ။

  2. Safety & Security > Home History သို့သွားပါ၊ ထို့နောက်ရက်30 ရက်စာလုပ်ဆောင်ချက်များကိုကြည့်ရန် One Month ကိုနှိပ်ပါ။

  3. Home တက်ဘ်ထဲတွင် Security အမျိုးအစားကိုနှိပ်ပါ၊ ထို့နောက်လုပ်ဆောင်ချက်မှတ်တမ်းကို ကြည့်ရန် Home Activity ကိုနှိပ်ပါ။

Adaptive Lighting ကိုဖွင့်ခြင်း

အချို့ HomeKit နှင့်တွဲဖက်သုံးနိုင်သောအလင်းရောင်များသည် ၎င်းတို့၏အရောင်အပူချိန်ကို၊ အပြာလဲ့လဲ့ မှ အဝါရင့်ရင့်သို့ ချိန်ညှိခွင့်ပြုသည်။ ထောက်ပံ့ထားသောအလင်းရောင်များကို တစ်နေ့တာအတွင်း အရောင်အပူချိန်ကို အလိုအလျောက် ချိန်ညှိရန် သတ်မှတ်နိုင်သည်။ အိပ်ရာထခြင်းကို အရောင်ရင့်လေးများ၊ နေ့လယ်ဘက်ကို အရောင်အေးလေးများနှင့် လန်းဆန်းစွာနှင့် အာရုံစိုက်နိုင်ခြင်း နှင့် ညဘက်တွင် အပြာရောင်အလင်းကိုဖယ်၍ အနားယူပါ်။ Adaptive Lighting ကို အထောက်အပံ့ပေးသော မီးအလင်းတစ်ခုအတွက် ဤအချက်များအတိုင်း လုပ်ဆောင်ပါ၊

  1. ထိန်းချုပ်မှုများကို ပြသရန် မီးအကွက်ငယ်ကိုနှိပ်ပါ။

    အကွက်ငယ်ကို နှိပ်၍ ဖိထားပြီး Accessory Settings ကို ရွေးချယ်ခြင်းကိုလည်း ပြုလုပ်နိုင်ပါသည်။

  2. Adaptive Lighting ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Adaptive Lighting ကိုဖွင့်ပါ။

မှတ်စု Adaptive Lighting သည် ပင်မစက်—Apple TV (4th generation သို့မဟုတ် နောက်ပိုင်းထွက်အမျိုးအစားများ) သို့မဟုတ် HomePod စပီကာများကဲ့သို့ စက်တစ်ခုလိုအပ်သည်။

Home ဆက်စပ်ပစ္စည်းများကို ပြင်ဆင်ခြင်း

ဆက်စပ်ပစ္စည်းချိန်ညှိမှုများကို ပြင်ဆင်ရန်၊ ဆက်စပ်ပစ္စည်းအကွက်ငယ်တစ်ခု၏ ညာဘက်ကိုနှိပ်ပါ၊ Settings ခလုတ် ကို နှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှ တစ်ခုကိုလုပ်ပါ၊

  • ဆက်စပ်ပစ္စည်းတစ်ခုကို နာမည်ပြန်ပေးခြင်း၊ အမည်ဟောင်းကို ဖျက်ရန် Delete ခလုတ် ကိုနှိပ်၍ အသစ်ရိုက်ထည့်ပါ။

  • ဆက်စပ်ပစ္စည်း၏သင်္ကေတကိုပြောင်းခြင်း၊ ဆက်စပ်ပစ္စည်း၏အမည်ဘေးရှိသင်္ကေတကိုနှိပ်ပါ၊ ထို့နောက်သင်္ကေတအသစ်ကိုရွေးချယ်ပါ။ အခြားသင်္ကေတများရွေးချယ်မရပါက၊ ထိုသင်္ကေတသည်ယင်းဆက်စပ်ပစ္စည်းအတွက်မပြောင်းလဲနိုင်သည့်သဘောဖြစ်သည်။

ဆက်စပ်ပစ္စည်းများကို အုပ်စုဖွဲ့ခြင်း

ဆက်စပ်ပစ္စည်းများစွာကို ခလုတ်တစ်ချက်နှိပ်၍ အစုဖွဲ့ခြင်းအားဖြင့် ထိန်းချုပ်နိုင်သည်။

  1. ဆက်စပ်ပစ္စည်းအကွက်ငယ်တစ်ခု၏ ညာဘက်ကိုနှိပ်ပါ၊ Settings ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Group with Other Accessories ကိုနှိပ်ပါ။

  2. ဤဆက်စပ်ပစ္စည်းနှင့် သင်အစုဖွဲ့လိုသည့်ဆက်စပ်ပစ္စည်းကို နှိပ်ပါ—ဥပမာ အခန်းတွင်းအခြားမီးအလင်းရောင်။

  3. Group Name နေရာတွင် အစုအတွက် အမည်ကို ရိုက်ထည့်ပါ။

  4. Done ကိုနှိပ်ပါ။

    Home တက်ဘ်ပေါ်ရှိ Favorites တွင် အဖွဲ့ကို ထည့်သွင်းရန် Favorites ရှိ Include ကို ဖွင့်ထားပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.