ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် ဖန်သားပြင်လှုပ်ရှားမှုကို ရပ်ခြင်း သို့မဟုတ် လျှော့ချခြင်း

သင့် iPhone တွင် လှုပ်ရှားမှုကဲ့သို့ခံစားမှုမျိုးရှိပါက ဖန်သားပြင်အစိတ်အပိုင်းအချို့ ၊ အကူးအပြောင်းများ၊ သက်ဝင်လှုပ်ရှားမှုများ အစရှိသည်တို့၏ လှုပ်ရှားမှုကို ရပ်တန့်နိုင်ခြင်း သို့မဟုတ် လျှော့ချနိုင်ခြင်း သို့မဟုတ် ရပ်တန့်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။

  • wallpaper၊ အက်ပ်စ်များနှင့် သတိပေးချက်များ၏ပြိုင်တူပြုလုပ်ချက်

  • ဖန်သားပြင်ကူးပြောင်းမှုများ

  • Siri သက်ဝင်လှုပ်ရှားနည်းပညာများ

  • စာရိုက်ခြင်းအလိုအလျောက်ပြီးစီးမှု

  • Messages အက်ပ်ထဲမှ သက်ဝင်လှုပ်ရှားပြီး ဖန်သားပြင်အပြည့်ဖြစ်သော ပူဖောင်းအထူးပြုလုပ်ချက်

  • ဝက်ဘ်နှင့်အက်ပ်များထဲမှ သက်ဝင်လှုပ်ရှားသော ရုပ်ပုံများ

  1. Settings  > Accessibility > Motion သို့သွားပါ။

  2. ဤချိန်ညှိမှုများသည် လှုပ်ရှားမှုကိုရပ်တန့်စေ သို့မဟုတ် လျော့ကျစေသည်၊

    • လှုပ်ရှားမှု လျှော့ချရန်၊ ဖွင့်ခြင်း။ (ပိတ်ထားသည့်အခါ၊ သင်္ကေတများ၏ ပြိုင်တူပြုလုပ်ချက်ကဲ့သို့၊ သုံးစွဲသူကြားခံထဲမှ အခြားအမျိုးအစားများ သက်ဝင်လှုပ်ရှားပါသည်။)

    • Message ဖန်တီးချက်များ အလိုအလျောက်ပြသရန်၊ ပိတ်ခြင်း။ (ဖွင့်ထားသည့်အခါ Messages အက်ပ်သည် ဖန်သားပြင်အပြည့်ပြုလုပ်ချက်များကို အလိုအလျောက်ပြသပေးနိုင်သည်။ ၎င်းချိန်ညှိမှု ပိတ်လိုက်လျှင် မက်ဆေ့ချ်သင်္ကေတအဝိုင်းအောက်ရှိ Replay ကိုနှိပ်၍ ၎င်းပြုလုပ်ချက်များကို ကိုယ်တိုင်လုပ်ဆောင်နိုင်ပါသေးသည်။

    • Video နမူနာဖော်ပြချက်များ အလိုအလျောက်ပြသရန်၊ ပိတ်ခြင်း။ (ဖွင့်ထားသည့်အခါ ဗီဒီယိုနမူနာဖော်ပြမှုများကို အလိုအလျောက်ပြသရန် App Store ကဲ့သို့သော အက်ပ်များကို ခွင့်ပြုသည်။)

    • သက်ဝင်လှုပ်ရှားသော ရုပ်ပုံများကို အလိုအလျောက်ပြသခြင်း၊ ပိတ်ခြင်း။ (ဖွင့်ထားသည့်အခါ၊ အမြန်သက်ဝင်လှုပ်ရှားသော ရုပ်ပုံများနှင့် မက်ဆေ့ချ်၊ Safari တို့ထဲမှ GIF များကဲ့သို့သော ရွေ့လျားနေသည့် အစိတ်အပိုင်းများကို အလိုအလျောက်ပြသပါသည်။)

    • Dim Flashing Lights၊ ဖွင့်ခြင်း။ (မီးပွင့်စေသော သို့မဟုတ် တဖျတ်ဖျတ်လင်းစေသော အထူးပြုလုပ်ချက်များကို ထောက်လှမ်းတွေ့ရှိသည့်အခါ မီဒီယာပြသမှုကို အလိုအလျောက်မှိန်ပေးသည်။)

    • ဖလင်တစ်ကွက်စာရိုက်နှုန်း ကန့်သတ်ခြင်း၊ ဖွင့်ခြင်း။ (ProMotion ပြသမှုနည်းပညာပါသည့် အမျိုးအစားများတွင် ၎င်းသည် ပြသမှု၏အများဆုံး ဖလင်တစ်ကွက်စာရိုက်နှုန်းကို တစ်စက္ကန့်လျှင် 60 ကွက်အထိ ကန့်သတ်သည်။

သတ်မှတ်ထားသောအက်ပ်များတွင် အဆိုပါပြုလုပ်ချက်များကိုအသုံးပြုရန် iPhone တွင် သတ်မှတ်ထားသောအက်ပ်များအတွက် ပုံရိပ်ယောင်ဆိုင်ရာအသုံးပြုရလွယ်သော ချိန်ညှိမှုများကို စိတ်ကြိုက်ပြုလုပ်ခြင်းကိုကြည့်ပါ။

အရေးကြီးသော သင်၏ iPhone သည် ထောက်ပံ့ပေးထားသော ဗီဒီယိုအကြောင်းအရာတွင် ပါဝင်သော မီးပွင့်ခြင်း သို့မဟုတ် တဖျတ်ဖျတ်လင်းခြင်းကို ထောက်လှမ်းရန် စက်ပစ္စည်းတွင်ပါဝင်သော အယ်လဂိုရစ်သမ်တစ်ခုကို သုံးပြီး ၎င်းတို့ကို သင်၏ iPhone တွင် အချိန်နှင့်တပြေးညီ အလိုအလျောက် မှိန်စေပါသည်။ Motion ချိန်ညှိမှုများကို သင်အန္တရာယ်ဖြစ်စေနိုင်သည့် သို့မဟုတ် ထိခိုက်စေနိုင်သည့်အခြေအနေမျိုး၊ အန္တရာယ်အလွန်များသည့် အခြေအနေမျိုးတွင် လမ်းညွှန်ပြသခြင်း သို့မဟုတ် မည်သည့်ကျန်းမာရေး အခြေအနေမျိုးအတွက်မဆို ရောဂါရှာဖွေရန် သို့မဟုတ် ကုသမှုခံယူရန်အတွက် ယုံကြည်အားထားခြင်းမျိုး မပြုလုပ်သင့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.