ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင်ရှိသော Books အက်ပ်ထဲမှ စာအုပ်များကိုဖတ်ခြင်း

Books အက်ပ် တွင် သင်လက်ရှိဖတ်နေသည့်၊ ဖတ်လိုသည့်စာအုပ်များ၊ စာအုပ်လက်ရွေးစင်များအစရှိသည်တို့ကို မြင်နိုင်သည်။

  • Home၊ သင်လက်ရှိဖတ်နေသော စာအုပ်များ၊ အသံထွက်စာအုပ်များနှင့် PDFs ကိုကြည့်ရှုရန်နှိပ်ပါ၊ သင်ထပ်၍ဖတ်မည့်စာအုပ်အတွက် ကိုယ်ပိုင်အကြံပေးချက်များရယူခြင်း၊ သင်ဖတ်ရှုချင်သည်ဟု အမှတ်အသားပြုလုပ်ထားသော စာအုပ်များကိုရှာဖွေခြင်းနှင့် အစရှိသည်တို့ကိုလုပ်နိုင်သည်။ နေ့စဥ်စာဖတ်နှုန်းပန်းတိုင်များ သတ်မှတ်၍ တစ်နှစ်တာအတွင်း သင်ဖတ်ပြီးခဲ့သော စာအုပ်များကို စာရင်းပြုစုထားနိုင်သည်။

  • စာကြည့်တိုက်၊ Book Store မှ သင်ရရှိထားသည်ဖြစ်စေ Books သို့ ကိုယ်တိုင်ပေါင်းထည့်ထားသော စာအုပ်များ၊ အသံစာအုပ်များ၊ အခန်းဆက်များ၊ နမူနာများနှင့် PDFs များအားလုံးကိုကြည့်ရန်နှိပ်ပါ။ Want to Read၊ My Smaples၊ Audiobooks၊ Finished သို့မဟုတ် သင်ဖန်တီးထားသော စိတ်ကြိုက် စုစည်းမှုများကဲ့သို့ သင့်စုဆောင်းမှုထဲသို့ အမျိုးအစားခွဲထည့်ထားသည့် သင့်စာကြည့်တိုက်ကို ကြည့်ရန် Collections ကို နှိပ်ပါ (စုဆောင်းမှုတစ်ခု ဖန်တီးခြင်းကိုကြည့်ပါ)။

Books အက်ပ်ရှိ အိမ် ဖန်သားပြင်။ ဖန်သားပြ်အောက်ခြေတွင်၊ Home၊ Library၊ Book Store၊ Audiobooks နှင့်Search တက်ဘ်များသည် ဘယ်မှညာဘက်သို့ ရှိနေသည်။ Home တက်ဘ်ကို ရွေးချယ်ထားသည်။

စာအုပ်ဖတ်ခြင်း

ဖန်သားပြင်၏အောက်ခြေတွင်၊ Home၊ Library၊ သို့မဟုတ် Search ကိုနှိပ်ပါ။ စာအုပ်တစ်အုပ်ထံသို့ လမ်းကြောင်းရှာပါ၊ ထိုစာအုပ်ကိုဖွင့်ရန် အဖုံးကိုနှိပ်ပါ၊ ထို့နောက်အောက်ပါတို့အနက်မှ နှစ်သက်ရာကိုပြုလုပ်ပါ၊

  • စာမျက်နှာလှန်ခြင်း၊ ညာဘက်ဘေးကွက်လပ်ကိုနှိပ်ပါ သို့မဟုတ် ညာမှဘယ်သို့ရွှေ့ပါ။

    စာမျက်နှာကို လှည့်ရန် ဘယ်ဘက်ဖြစ်စေ ညာဘက်ဖြစ်စေကိုခွင့်ပြုရန် Settings  > Books သို့သွားကာBoth Margins Advanceကို ဖွင့်ပါ။

  • မူလစာမျက်နှာကိုပြန်သွားခြင်း၊ ဘယ်ဘက်ဘေးကွက်လပ်ကိုနှိပ်ပါ သို့မဟုတ် ဘယ်မှညာသို့ရွှေ့ပါ။

  • ယခင် ဖတ်နေသည့် နေရာကို ပြန်သွားပါ၊ စာမျက်နှာကို နှိပ်ပါ၊ ထို့နောက် စာမျက်နှာ၏ ဘယ်ဘက် အပေါ်ထောင့်ရှိ မြားအဝိုင်းကိုနှိပ်ပါ။ သင်လက်ရှိနေရာသို့ ပြန်သွားရန် ညာဘက်ထိပ်ထောင့်ရှိ မြားအဝိုင်းကိုထပ်နှိပ်ပါ၊

  • ဖတ်လိုသောသတ်မှတ်စာမျက်နှာ သို့မဟုတ် တည်နေရာကိုသွားပါ၊ စာမျက်နှာကိုနှိပ်ပါ၊ Menu ခလုတ်ကိုနှိပ်ပါ၊ Search Book ကိုနှိပ်ပါ၊ စာလုံးတစ်လုံး၊ စကားစုတစ်ခု သို့မဟုတ် စာမျက်နှာနံပါတ်တစ်ခုကိုဖြည့်ပါ၊ ထို့နောက် ရလဒ်ကိုနှိပ်ပါ။

  • အကြောင်းအရာပြဇယားကိုသုံးခြင်း၊ စာမျက်နှာကိုနှိပ်ပါ၊ Menu ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Contents ကိုနှိပ်ပါ။

    အကြံပြုချက် စာအုပ်တစ်အုပ်ကိုလျှင်မြန်စွာရွေ့ရန် Contents ကိုဖိ၍နှိပ်ပါ၊ ထို့နောက် သင့်လက်ချောင်းကို ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ ဖိဆွဲပါ၊ စာအုဖပ်ရှိ ထိုနေရာသို့ တိုက်ရိုက်သွားရန် သင့်လက်ချောင်းကို လွှတ်လိုက်ပါ။

  • သော့ပိတ်ထားသည့်ဖန်သားပြင်အလှည့်အပြောင်း၊ စာမျက်နှာကိုနှိပ်ပါ၊ Menu ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် ဖန်သားပြင်ကို အလျားလိုက် သို့မဟုတ် ဒေါင်လိုက် အလှည့်အပြောင်းဖြင့် ပိတ်ရန် Orientation Lock ခလုတ် ကိုနှိပ်ပါ။

  • စာအုပ်ကိုပိတ်ခြင်း၊ စာမျက်နှာကို နှိပ်ပါ၊ ထို့နောက် ညာဘက်ထိပ်ထောင့်ရှိ Close ခလုတ် ကိုနှိပ်ပါ။ သို့မဟုတ် စာမျက်နှာထိပ်မှ အောက်သို့ ဆွဲချပါ (ဒေါင်လိုက်ဆွဲခြင်းကို ဖွင့်ထားလျှင် မရရှိနိုင်ပါ)။

Books အက်ပ်ရှိ စာအုပ်တစ်အုပ်၏ စာမျက်နှာတစ်မျက်နှာ။ ဖန်သားပြင်ထိပ်တွင် သင်စတင်ဖတ်မည့်စာမျက်နှာသို့ ပြန်သွားရန်နှင့် စာအုပ်ကိုပိတ်ရန် ခလုတ်များဖြစ်သည်။ ဖန်သားပြင်၏ညာဘက်အောက်ခြေသည် Menu ခလုတ်ဖြစ်သည်။

စာသားများနှင့်စာမျက်နှာပုံစံကိုပြောင်းခြင်း

  1. စာမျက်နှာကိုနှိပ်ပါ၊ စာမျက်နှာအောက်ခြေရှိ Menu ခလုတ် ကိုနှိပ်ပါ၊ Themes & Settings ကိုနှိပ်ပါ၊ ထို့နောက် အောက်ပါတို့မှ တစ်ခုကိုလုပ်ဆောင်ပါ၊

    • စာလုံးပုံစံအရွယ်အစားပြောင်းခြင်း၊ စာလုံးအရွယ်အစားကိုကြီးရန် A အကြီးကိုနှိပ်ပါ သို့မဟုတ် အရွယ်အစားသေးရန် A အသေးကိုနှိပ်ပါ။

    • ဒေါင်လိုက်ရွှေ့ခြင်းကိုဖွင့်ပါ၊ Page Turn Style Curl ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Scroll Layout Scrolling ခလုတ်ကိုနှိပ်ပါ။

      PDF များအတွက် ဖန်သားပြင်ထိပ်ရှိ Appearance ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် Vertical Scrolling ကိုဖွင့်ပါ။

    • စာမျက်နှာလှန်ခြင်းပုံစံကို ပြောင်းခြင်း၊ Page Turn Style Curl ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် ရွေးချယ်စရာတစ်ခုကို ရွေးပါ။

    • နောက်ခံအရောင်ကို ချိန်ညှိခြင်း၊ Appearance Options Light ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် ရွေးစရာတစ်ခုကိုရွေးချယ်ပါ။

    • အလင်းပြသမှုကိုညှိခြင်း၊ အလင်းဝင်ရောက်အားကို ထိပ်ပါ ထို့နောက် သင်၏ လက်ချောင်းကို တစ်ဖက်ဖက်ကို ဆွဲယူပါ။

    • စာမျက်နှာပုံစံကို ပြောင်းခြင်း၊ Quiet သို့မဟုတ် Bold ကဲ့သို့ စာမျက်နှာအပြင်အဆင်တစ်ခုကိုနှိပ်ပါ။

    • စာလုံးပုံစံပြောင်းခြင်း၊ Customize ကိုနှိပ်ပါ၊ ထို့နောက် Font ကိုနှိပ်ပါ။ စာလုံးဖောင့်ရွေးချယ်စရာများကို ကြည့်ရန် အပေါ်သို့ပွတ်ဆွဲပါ။ ဖန်သားပြင်ထိပ်တွင် ကြိုတင်ကြည့်ရှုမှုတစ်ခုကို ကြည့်ရန် Original သို့မဟုတ် Palatino ကဲ့သို့သော စာလုံးဖောင့်အမည်ကို နှိပ်ပါ။ စာလုံးဖောင့်ကို အသုံးပြုရန် Done ကိုနှိပ်ပါ။

    • စာလုံးအမည်းပြုလုပ်ခြင်း၊ Customize ကိုနှိပ်ပါ၊ Bold Text (အစိမ်းရောင်လင်းနေမည်) ဘေးရှိ ခလုတ်ကိုနှိပ်ပါ Done ကိုနှိပ်ပါ။

    • အကွာအဝေးနှင့် စာကြောင်းညှိခြင်းကို စိတ်ကြိုက်ပြင်ခြင်း၊ Customize ကိုနှိပ်ပါ၊ ထို့နောက်Accessibility & Layout Options အောက်တွင် Customize (အစိမ်းရောင်လင်းနေမည်)ကို ဖွင့်ပါ။ စာသားလိုင်းနေရာလပ်၊ အက္ခရာနေရာလပ် နှင့် စာလုံးနေရာလပ်တို့ကိုညှိရန် ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ ဆလိုက်ကိုဖိဆွဲပါ။ Justify Text ကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်းလည်းပြုလုပ်နိုင်သည် (အစိမ်းရောင်လင်းနေမည်)။ သင်ပြောင်းလဲထားသည်များကို အသုံးပြုရန် Done ကိုနှိပ်ပါ။

  2. စာရင်းကို ပိတ်ရန် Close ခလုတ် ကိုနှိပ်ပါ သို့မဟုတ် အောက်သို့ ပွတ်ဆွဲပါ။

    Books အက်ပ်ရှိ စာအုပ်တစ်အုပ်၏ စာမျက်နှာတစ်မျက်နှာ။ Themes & Settings ရွေးချယ်စရာများသည် စာလုံးအရွယ်အစား၊ မြင်ကွင်းကိုဆွဲခြင်း၊ စာမျက်နှာလှန်ခြင်းပုံစံ၊ အလင်း နှင့် စာလုံးရွေးစရာများအတွက် ထိန်းချုပ်မှုများပြပေးသည်။

    မှတ်စု မည်သည့် ဖန်သားပြင်ဘက်တွင် Menu ခလုတ် ပေါ်လာမည်ကို ရွေးချယ်နိုင်သည်။ Settings  > Books သို့သွားပါ၊ ထို့နောက် Reading Menu Position အောက်ရှိ Left သို့မဟုတ် Right ကိုရွေးချယ်ပါ။

စာသားနှင့် အသွင်အပြင် စိတ်ကြိုက်ပြင်ဆင်မှုများကို အရင်အတိုင်းပြန်လုပ်ရန် Menu ခလုတ်ကိုနှိပ်ပါ၊ Customize ကိုနှိပ်ပါ၊ ထို့နောက် Reset Theme ကိုနှိပ်ပါ။

စာမျက်နှာကိုမှတ်သားခြင်း

သင်စာအုပ်တစ်အုပ်ကိုပိတ်သည့်အခါသင်ရောက်သည့်နေရာကိုအလိုအလျောက်သိမ်းပေးလိမ့်မည် စာအမှတ်အသားထည့်ရန်မလိုပါ။ သင်ပြန်ဖတ်ချင်၍ အမှတ်အသားပြုသိမ်းထားသော pages။

စာမျက်နှာကိုနှိပ်ပါ၊ Menu ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Bookmark Ribbonကိုနှိပ်ပါ- စာအမှတ်အသားကို ဖယ်ရန်၎င်းကိုထပ်နှိပ်ပါ။

သင်၏စာအမှတ်အသားအားလုံးကိုဝင်ရောက်ခွင့်ရရန် စာမျက်နှာကိုနှိပ်ပါ၊ Menu ခလုတ်ကိုနှိပ်ပါ၊ Bookmarks & Highlights ကိုနှိပ်ပါ၊ ထို့နောက် Bookmarks ကိုနှိပ်ပါ။

စာသားလက်ရွေးစင် သို့မဟုတ် စာအုပ်လင့်ခ်တစ်ခုကိုမျှဝေခြင်း

AirDrop၊ Mail သို့မဟုတ် Messages များကိုအသုံးပြုပြီးစာများကိုရွေးချယ်ပြီးမျှဝေနိုင်သည် သို့မဟုတ် ရွေးချယ်ထားသောစာကို Notes ထဲသို့ထည့်နိုင်သည်။ စာအုပ်သည်Book Store မှဖြစ်လျှင်စာအုပ်သို့သွားသည့်လင့်ခ်သည်အလိုအလျောက်ပါဝင်ပါသည်။ (မျှဝေမှုသည်နိုင်ငံများနှင့်နယ်ပယ်အားလုံးတွင်မလုပ်ဆောင်နိုင်ပါ။)

  1. စာလုံးတစ်လုံးကိုနှိပ်ပြီးဖိထားပါ ရွေးချယ်မှုကိုညှိရန်ယူထားသည့်အမှတ်များကိုရွေ့ပါ။

  2. အမျိုးအစားများစာရင်းပေါ်မှာ ညာဘက်ကို ပွတ်ဆွဲပါ၊ Share ကိုဆွဲပါ။

  3. ရွေးချယ်ထားသောအရာကိုမျှဝေရန် Mail၊ Messages သို့မဟုတ်အခြား အက်ပ် သို့မဟုတ် ဝန်ဆောင်မှုကို နှိပ်ပါ။

သင်သည် Book Store ရှိ စာအုပ်ကိုကြည့်ရန် လင့်ခ်တစ်ခုကိုလည်းမျှဝေနိုင်သည်။ စာမျက်နှာတစ်ခုခုကိုနှိပ်ပါ၊ Menu ခလုတ်ကိုနှိပ်ပါ၊ Share ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် လင့်ခ်ကိုမည်သို့မျှဝေချင်သည်ကိုရွေးချယ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.