ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် မက်ဆေ့ချ်များကို ပိတ်ဆို့ခြင်း၊ စိစစ်ခြင်းနှင့် တိုင်ကြားခြင်း

Messages အက်ပ် တွင် သင်ရရှိထားသည့် အလိုမရှိသောမက်ဆေ့ချ်အရေအတွက်ကို လျှော့ချနိုင်သလို တစ်ခုချင်းလည်း တားမြစ်ခြင်း၊ အမည်မသိပေးပို့သူများထံမှ မက်ဆေ့ချ်များကို စိစစ်ထုတ်နိုင်ပြီး ကြော်ငြာမက်ဆေ့ချ် သို့မဟုတ် အနှောင့်အယှက်မက်ဆေ့ချ်များကို တိုင်ကြားနိုင်သည်။

မှတ်စု လူသိများသော ပေးပို့သူသည် Contacts အက်ပ်တွင် ထည့်သွင်းထားသော သို့မဟုတ် မက်ဆေ့ချ်တစ်ခု ပေးပို့ထားသည့် တစ်စုံတစ်ယောက်ဖြစ်သည်။

သီးခြားပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ဖုန်းနံပါတ်တစ်ခုထံမှ မက်ဆေ့ချ်များကိုတားဆီးခြင်း

သတ်မှတ်ထားသော အဆက်အသွယ် သို့မဟုတ် ဖုန်းနံပါတ်ကို သင်ပိတ်ဆို့ထားသည့်အခါ ထိုပုဂ္ဂိုလ်ထံ သို့မဟုတ် ထိုနံပါတ်မှ မက်ဆေ့ရောက်မည်မဟုတ်ပေ။ (မက်ဆေ့ချ်ပို့သူသည် ၎င်းတို့၏ မက်ဆေ့ချ်ကို ပိတ်ဆို့ထားကြောင်း မသိပါ။)

  1. သင့် iPhone တွင် Messages အက်ပ် ကိုဖွင့်ခြင်း။

  2. စကားပြောဆိုမှုမက်ဆေ့ချ်များတွင် စကားပြောဆိုမှုထိပ်ရှိ အမည်သို့မဟုတ် နံပါတ်ကိုနှိပ်ပါ။

  3. Info ကိုနှိပ်ပါ၊ အောက်သို့ရွှေ့ပါ၊ ထို့နောက် Block this Caller ကိုနှိပ်ပါ။

အကြံပြုချက် အဖွဲ့စကားပြောဆိုမှုတစ်ခုတွင် ပေးပို့သူအားလုံးကို ပိတ်ဆို့မည့်အစား ၎င်းကို ထားရုံထားခဲ့နိုင်သည် သို့မဟုတ်၎င်း၏အကြောင်းပြချက်များကို ရပ်နိုင်သည်

သင်သည် မလိုလားအပ်တဲ့ မက်ဆေ့ချ်များနှင့် အခက်အခဲဖြစ်နေသေးပါက Apple အထောက်အကူပြု ဆောင်းပါးဖြစ်သည့် သင်၏ iPhone သို့မဟုတ် iPadတွင် ဖုန်းနံပါတ်များ၊ အဆက်အသွယ်များနှင့် အီးမေးလ်များကို ပိတ်ဆို့ခြင်းကို ကြည့်ပါ။

အမည်မသိပေးပို့သူများမှ မက်ဆေ့ချ်များကိုစစ်ခြင်း

iMessageနှင့် သင်မသိသော ပေးပို့သူမှ သင့်အား မက်ဆေ့ချ် တိုက်ရိုက်ပို့ခြင်းကို ကာကွယ်နိုင်သည်။ ၎င်းတို့၏မက်ဆေ့ချ်များကို အခြားဖိုင်တွဲသို့ စစ်ထုတ်ထားပြီး ၎င်းတို့အကြောင်း သင့်အား အကြောင်းမကြားပါ။

  1. Settings  > Messagesကိုသွားပါ။

  2. Message Filtering အထိ အောက်သို့ဆွဲပါ၊ ထို့နောက် Filter Unknown Senders ကိုဖွင့်ပါ။

ဤချိန်ညှိချက်ကို ဖွင့်ထားပြီး သင်သည် မက်ဆေ့ချ် တစ်စောင်ပျောက်နေပါက ၎င်းကို Unknown Senders သို့ စစ်ထုတ်ထားခြင်း ရှိမရှိ စစ်ဆေးပါ။ စကားပြောဆိုမှုစာရင်း ဘယ်ဘက်ထိပ်ထောင့်ရှိ Filters ကို နှိပ်ပါ၊ Unknown Senders ကို နှိပ်ပါ။

မှတ်စု သင်၏အဆက်အသွယ်များတွင်ထိုပေးပို့သူကို ဖြည့်လိုက်သည်အထိ သို့မဟုတ် ထိုမက်ဆေ့ချ်ကိုပြန်ပို့ခြင်းဖြင့်—အသိမိတ်ဆွေဟု မလုပ်မချင်း အမည်မသိပေးပို့သူထံမှ မက်ဆေ့ချ်တွင်မည်သည့်လင့်ခ်တစ်ခုမျှဖွင့်၍မရနိုင်ပါ။

အနှောင့်အယှက် သို့မဟုတ် ကြော်ငြာမက်ဆေ့ချ်များကို တိုင်ကြားခြင်း

iMessage ကို အသုံးပြုသည့်အခါ အနှောင့်အယှက် သို့မဟုတ် ကြော်ငြာမက်ဆေ့ချ်များကို ပေးပို့သူ၏ သတင်း အချက်အလက်နှင့် မက်ဆေ့ချ်ကိုလက်ခံသည့် Apple သို့ တိုင်ကြားနိုင်သည်။ သင်၏ဖုန်းလိုင်းဝန်ဆောင်မှုကုမ္ပဏီနှင့် နိုင်ငံ သို့မဟုတ် ဒေသပေါ်မူတည်၍ သင်လက်ခံရရှိသော အနှောင့်အယှက်မက်ဆေ့ခ်ျများကို SMS နှင့် MMS များဖြင့် သတင်းပို့နိုင်ပါသည်။

  1. သင့် iPhone တွင် Messages အက်ပ် ကိုဖွင့်ခြင်း။

  2. အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • သင် မက်ဆေ့ချ်ကို မဖွင့်လိုလျှင်၊ မက်ဆေ့ချ်ပေါ်တွင် ဘယ်ဘက်သို့ ပွတ်ဆွဲပါ၊ Delete ခလုတ်ကို နှိပ်ပါ၊ ထို့နောက် Delete နှင့် Report Junk ကို နှိပ်ပါ။

    • သင်မက်ဆေ့ချ်ကို ဖွင့်ပြီးသားဖြစ်ပါက၊ Report Junk လင့်ခ်တစ်ခုသည် အမည်မသိပေးပို့သူထံမှ မည်သည့်မက်ဆေ့ချ်၏ အောက်ချေတွင်မဆို ပေါ်သည်။ Report Junk ကိုနှိပ်ကာ Delete နှင့် Report Junk ကိုနှိပ်ပါ။

      မှတ်စု သင်၎င်းကို ပြန်စာပို့ပြီးနောက် မက်ဆေ့ချ်တစ်ခုကို မတိုင်ကြားနိုင်ပါ။

    • SMS သို့မဟုတ် MMS မှတစ်ဆင့် အနှောင့်အယှက် သို့မဟုတ် ကြော်ငြာမက်ဆေ့ချ်များကို တိုင်ကြားရန် ရွေးချယ်စရာကို မတွေ့ပါက၊ သင်၏ ဖုန်းလိုင်းဝန်ဆောင်မှုပေးသူကို ဆက်သွယ်ပါ။ Apple အထောက်အကူပြုဆောင်းပါး iPhone အတွက် ကြိုးမဲ့ဖုန်းဝန်ဆောင်မှုပေးကုမ္ပဏီထောက်ပံ့မှုနှင့် လုပ်ဆောင်ချက်များကိုကြည့်ပါ။

ပေးပို့သူ၏ အချက်အလက်များနှင့် ထိုမက်ဆေ့ချ်သည် Apple သို့ရောက်သွားပြီး ထိုမက်ဆေ့ချ်ကို သင်၏ iPhone ထဲမှ အပြီးအပိုင်းပယ်ဖျက်ပေးပါသည်။

မတော်တဆ တိုင်ကြားပြီး ဖျက်လိုက်လျှင် ၎င်းတို့ကို ပြန်လည်ရယူ နိုင်သည်။

ကြော်ငြာ သို့မဟုတ် အနှောင့်အယှက်အဖြစ် တိုင်ကြားခြင်းဖြင့် ထိုပေးပို့သူကို မက်ဆေ့ချ်များ ထပ်မံမပို့ရန်မတားဆီးနိုင်သော်လည်း မက်ဆေ့ချ်ရရှိခြင်းကို ရပ်တန့်ရန် ထိုနံပါတ်ကို ပိတ်ဆို့နိုင်သည်။

နံပါတ်အသစ်များမှ အနှောင့်အယှက် သို့မဟုတ် ကြော်ငြာမက်ဆေ့ချ်များဝင်လာခြင်းကို လျှော့ချရန် ၎င်းတို့ကို စစ်ထုတ်နိုင်သည်။ အပေါ်တွင် အမည်မသိပေးပို့သူများမှ မက်ဆေ့ချ်များကိုစစ်ခြင်း၊ ကြည့်ပါ။

သင်၏ ပိတ်ဆို့ထားသော အဆက်အသွယ်များစာရင်းကိုစီမံခြင်း

  1. Settings  > Messages > Blocked Contacts သို့သွားပါ။

  2. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • သင်ပိတ်ဆို့ထားသည့် နံပါတ်ကို ပြန်ဖွင့်ခြင်း၊ စာရင်းထဲရှိ နံပါတ်တစ်ခုကို ဘယ်ဘက်သို့ ပွတ်ဆွဲပါ၊ ထို့နောက် Unblock ကိုနှိပ်ပါ။ သို့မဟုတ် Edit ကိုနှိပ်ပါ၊ ထို့နောက် Remove ခလုတ်ကိုနှိပ်ပါ။

    • စာရင်းထဲသို့ နောက်ထပ်အဆက်အသွယ် သို့မဟုတ် နံပါတ်များကို တိုက်ရိုက်ထည့်ခြင်း၊ အောက်သို့ ဆွဲချပါ၊ ထို့နောက် Add New ကို နှိပ်ပါ။

မလိုလားသည့် မက်ဆေ့ချ်များကို တိုင်ကြားခြင်းနှင့် ကြိုတင်တားဆီးနိုင်သည့် တခြားနည်းလမ်းများအကြောင်းလေ့လာရန် Apple အထောက်အကူပြုဆောင်းပါဖြစ်သည့် အလိမ်အညာမက်ဆေ့ချ်များ၊ အတုအယောင်ဖုန်းခေါ်ဆိုမှုများနှင့် အခြားအလိမ်အညာများကို သိရှိ၍ ရှောင်ရှားခြင်းကို ကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.