ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

သင့် iPhone ကို ကိုယ်ပိုင်ပြုလုပ်ခြင်း

သင့်ကိုယ်ပိုင်စိတ်ဝင်စားမှုများနှင့် ဦးစားပေးများအတွက် သင့် iPhone ကိုအံဝင်ခွင်ကျစီမံနိုင်သည်။ သင်၏ သော့ပိတ်ထားသည့်ဖန်သားပြင်ကို ကိုယ်ပိုင်အမှတ်အသားပြုလုပ်ပါ၊ ဖုန်းခေါ်မှုများနှင့် မက်ဆေ့ချ်များအတွက် အသံများနှင့်တုန်ခါမှုများကိုပြောင်းပါ၊ ဓာတ်မီ သို့မဟုတ် ဂဏန်းတွက်စက်ကဲ့သို့ အစီအစဉ်များကို အဆင်သင့်ထားရှိပါ၊ စာလုံးအရွယ်အစားအစရှိသည်ကို ချိန်ညှိပါ။

iPhone Control Center။

သင့်စိတ်ကြိုက်လုပ်ဆောင်ချက်များကို အဆင်သင့်ထားရှိခြင်း

iPhone ရှိ—ဓာတ်မီး၊ အချိန်တိုင်းစနစ် သို့မဟုတ် ဂဏန်းတွက်စက်ကဲ့သို့—အချို့အစီအစဥ်များသည် Control Center တွင် ဆွဲရွှေ့လိုက်ရုံပင်ဖြစ်သည်။ Face ID ပါသည့် iPhone တွင် Control Center ကိုလျင်မြန်စွာဖွင့်ရန် ထိပ်ညာဘက်အစွန်းမှအောက်သို့ရွှေ့ပါ- Home ခလုတ်ပါသည့် iPhone တစ်လုံးတွင် ဖန်သားပြင်အောက်ခြေမှ အပေါ်သို့ရွှေ့ပါ။

Settings  > Control Center ရှိ Control Center သို့ —နှိုးစက် သို့မဟုတ် မှန်ဘီလူးကဲ့သို့—အစီအစဉ်များကိုထပ်ထည့်နိုင်သည်။

iPhone သော့ပိတ်ထားသည့်ဖန်သားပြင်ကို စိတ်ကြိုက်ပြုလုပ်ရန်အတွက် wallpaper ရွေးချယ်စရာများပြခန်းတစ်ခုကို ပြပေးသည့် Add New Wallpaper ဖန်သားပြင်။

သင်၏ သော့ပိတ်ထားသည့် ဖန်သားပြင်ကို ကိုယ်ပိုင်အမှတ်အသားပြုလုပ်ခြင်း

သင်အကြိုက်ဆုံးဓာတ်ပုံပြခြင်း၊ စစ်ထုတ်မှုများနှင့် အလွယ်သုံးပုံစံများထည့်ခြင်းတို့အပြင် ရက်စွဲနှင့်အချိန်၏စာလုံးကိုပင်ပြောင်းနိုင်သည်။

စတင်ရန် သော့ပိတ်ထားသည့် ဖန်သားပြင်ကိုထိ၍ထိန်းထားပါ၊ ထို့နောက် ဖန်သားပြင်အောက်ခြေရှိ Add New ခလုတ် ကိုနှိပ်ပါ။ ရွေးစရာများ၏ပြခန်းကိုရှာဖွေပါ၊ ထို့နောက် ပုံသဏ္ဍာန်ကို စိတ်တိုင်းကျ စီစဉ်ရန် တစ်ခုကိုနှိပ်ပါ။ သင်ကြိုက်သည့် သော့ပိတ်ထားသည့် ဖန်သားပြင်တစ်ခုဖန်တီးလိုက်သည့်အခါ Add ကိုနှိပ်ပါ၊ ထို့နောက် Set as Wallpaper Pair ကိုနှိပ်ပါ။

iPhone Home ဖန်သားပြင်ပေါ်ရှိ Weather၊ Reminders နှင့် Home အလွယ်သုံးပုံစံများ။ Reminders နှင့် Home အလွယ်သုံးပုံစံများသည် အပြန်အလှန်တုံ့ပြန်မှု လုပ်ဆောင်ချက်များကို ပြသည်။

အလွယ်သုံးပုံစံများကို သင့် Home ဖန်သားပြင်တွင် ပေါင်းထည့်ခြင်း

အလွယ်သုံးပုံစံများသည် လက်ရှိရာသီဥတုနှင့် လာမည့်ပွဲရက်များကဲ့သို့ သင့်အတွက်အရေးအကြီးဆုံး အချက်အလက်ကို လွယ်ကူစွာကြည့်နိုင်သည်။ သင်သည် အလုပ်များကိုလည်း ပြီးမြောက်နိုင်သည်—ဥပမာ၊လုပ်ဆောင်ရမည့်စာရင်းကို ပြသနေသည့် Reminders ကို စစ်ဆေးခြင်း သို့မဟုတ် Musicတွင် သီချင်းတစ်ပုဒ်ဖွင့်ခြင်း။

အလွယ်သုံးပုံစံတစ်ခုထည့်သွင်းရန် အက်ပ်များတလှပ်လှပ်လှုပ်လာသည်အထိ Home ဖန်သားပြင်စာမျက်နှာတစ်ခုခုပေါ်တွင် နောက်ခံကိုဖိ၍နှိပ်ပါ၊ ထို့နောက်Add Widget ခလုတ်ကိုနှိပ်ပါ။

ထူးခြားသော Contact Poster ဖြင့် iPhone ဖုန်းခေါ်ဆိုမှု ဖန်သားပြင်။

သင်၏ ဖုန်းခေါ်ဆိုမှုများကို စိတ်ကြိုက်ပြုပြင်ခြင်း

သင် သူတို့ကို ဖုန်းခေါ်သောအခါ လူများမြင်ရသည့်အရာကို စိတ်ကြိုက်ပြင်ဆင်ရန် သင့်ကိုယ်ပိုင်ထူးခြားသောခေါ်ဆိုမှုပိုစတာကို ဖန်တီးပါ။ သင်အကြိုက်ဆုံး ဓာတ်ပုံ သို့မဟုတ် အီမိုဂျီကို ရွေးပါ၊ ၎င်းကို သင်နှစ်သက်သော စာလုံးဖောင့်နှင့် တွဲချိတ်ပါ၊ ထို့နောက် ပေါ်လွင်စေရန် အရောင်များထည့်ပါ။ ဖုန်းခေါ်ဆိုသောအခါတွင် သင်ခေါ်ဆိုနေသောသူ၏ ဖန်သားပြင်ပေါ်တွင် သင့်ခေါ်ဆိုမှုပိုစတာ ပေါ်လာပါသည်။

စတင်ရန် Contacts အက်ပ် ကိုဖွင့်ပါ၊ သင့်နာမည်ကို နှိပ်ပါ၊ ထို့နောက် Contact Photo & Poster ကို နှိပ်ပါ။

Settings ရှိ Sounds နှင့် Haptics ဖန်သားပြင်။ အထက်မှ အောက်အထိ ဖန်သားပြင်ရွေးစရာများသည် အသံအနိမ့်အမြင့်ကိုချိန်ညှိရန်ဆလိုက်ဘားနှင့် အသံအနိမ့်အမြင့်ကိုခလုတ်များဖြင့်ပြောင်းရန် ရွေးစရာပါသည့် Headphone Audio နှင့် Headphone Safety၊ Ringtone နှင့် Alert Volume၊ Ringtone နှင့် Text Tone ပါဝင်သည့် Sounds and Haptic Patterns တို့ဖြစ်သည်။

အသံများနှင့် တုန်ခါမှုများကိုရွေးချယ်ခြင်း

iPhone သည် ဖုန်းခေါ်ဆိုမှုများ၊ စာသားမက်ဆေ့ချ်များ၊ ပြက္ခဒိန်သတိပေးချက်များ နှင့် အခြားအကြောင်းကြားချက်များအတွက် မတူညီသော အသံများနှင့်တုန်ခါမှုများကိုဖွင့်နိုင်သည်။

Settings  > Sounds & Haptics သို့သွားပါ။ အချို့သောသူများအတွက် iPhone အားဖွင့်သည့်အသံကိုလည်းပြောင်းနိုင်သည်၊ Contacts အက်ပ် တွင် လူ၏အမည်တစ်ခုကိုနှိပ်ပါ၊ Edit ကိုနှိပ်ပါ၊ ထို့နောက် Ringtone or Text Tone ကိုနှိပ်ပါ။

အထက်မှအောက်သို့ အောက်ဖော်ပြပါ ပါရှိသည့် လုပ်ဆောင်မှုများကိုပြသည့် Settings ထဲရှိ Accessibility ဖန်သားပြင်၊ VoiceOver၊ Zoom၊ Display နှင့် Text Size၊ Motion၊ Spoken Content၊ Audio Descriptions တို့ပါဝင်သည့်Vision အစီအစဉ်များ နှင့် Touch နှင့် Face ID နှင့် Attention ပါဝင်သည့် Physical နှင့် Motor အစီအစဉ်များ။

ပါရှိသည့် အသုံးပြုရလွယ်သောလုပ်ဆောင်မှုများကိုသုံးခြင်း

iPhone သည် သင်၏မြင်ကွင်း၊ ရွေ့လျားမှု၊ အကြားအာရုံ၊ စကားပြောဆိုမှုနှင့်သိမြင်တတ်မှုလိုအပ်ချက်များကို အထောက်အကူဖြစ်စေသည့် အသုံးပြုရလွယ်သောလုပ်ဆောင်မှုများစွာကို စီစဉ်ပေးထားသည်။ စာလုံးအရွယ်အစားကို ပြောင်းခြင်း၊ ဖန်သားပြင်ထိတွေ့မှုကိုသုံးရပိုလွယ်စေခြင်း၊ သင့်အသံဖြင့်သာ သင့် iPhone အားထိန်းချုပ်ခြင်း အစရှိသည်။

ထိုချိန်ညှိမှုများကို စိတ်ကြိုက်ပြုလုပ်ရန် Settings  > Accessibility သို့သွားပါ။

Settings တွင် တွေ့ရသော Safety Check ထဲရှိ Manage Sharing & Access ဖန်သားပြင်။

ကိုယ်ရေးလုံခြုံမှုချိန်ညှိချက်များကို စစ်ဆေးခြင်း

သင့်ကိုယ်ရေးလုံခြုံမှုနှင့် အချက်အလက်ကိုကာကွယ်ရန် iPhone ကို စီမံထုတ်လုပ်ထားပါသည်။ အခြားကုမ္ပဏီများ၏အက်ပ်များနှင့် ဝက်ဘ်ဆိုက်များအထိ သင်၏လုပ်ဆောင်မှုကို ခြေရာခံခွင့်ကို ခွင့်ပြုခြင်း သို့မဟုတ် ငြင်းဆိုလိုက်ခြင်းတို့လုပ်နိုင်သည်။ သင့်အချက်အလက်ကို မည်သည့် လူများနှင့် အက်ပ်များမှဝင်ရောက်ကြည့်ရှုခွင့်ရှိသည်ကို ပြန်လည်သုံးသပ်ရန်နှင့် အချိန်နှင့်တစ်ပြေးညီပြုလုပ်ရန် Safety Check ကိုလည်းသုံးနိုင်သည်။ Settings  > Privacy & Security သို့သွားပါ၊ ထို့နောက် Tracking သို့မဟုတ် Safety Check ကိုနှိပ်ပါ။

ပိုမိုလေ့လာလိုပါသလား။

အစီအစဉ်အားလုံးအား iPhone အမျိုးအစားအားလုံးအတွက် မရနိုင်ပါ။
Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.