ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ပေါ်တွင် သင်၏ Journal ချိန်ညှိခြင်းများကို ပြောင်းခြင်း

Journal အက်ပ် (iOS 17.2 သို့မဟုတ် နောက်ပိုင်း အမျိုးအစားများ) အတွက် ချိန်ညှိမှုများကို စိတ်ကြိုက်ပြုလုပ်နိုင်သည်။ သင်လက်ခံရရှိသည့် နေ့စဉ်မှတ်တမ်းအကြံပြုချက်များကို စိတ်ကြိုက်ပြုပြင်ပါ၊ သင့် ဂျာနယ်ကို သော့ခတ်ပါ၊ နေ့စဉ်မှတ်တမ်းအတွက် အချိန်ဇယားသတ်မှတ်ပြီး အစရှိသည်တို့ကို ပြုလုပ်ပါ။

နေ့စဉ်မှတ်တမ်းအကြံပြုချက်များကို စိတ်ကြိုက်ပြုပြင်ခြင်း

အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

  • ကိုယ်ရေးလုံခြုံမှုဆိုင်ရာချိန်ညှိချက်များကို ကစိတ်ကြိုက်ပြုလုပ်ခြင်း၊ Settings  > Privacy & Security > Journaling Suggestions သို့သွားကာ အောက်ပါအခန်းကဏ္ဍများမှ နှစ်သက်ရာကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ။

    အကြံပြုချက်များသည် သင်ဖွင့်ထားသော အက်ပ်များနှင့် ဝန်ဆောင်မှုများမှ အချက်အလက်ကိုသုံးသည်- အကြံပြုချက်များအတွက် သုံးသည့် အချက်အလက်သည် သင်၏ iPhone ထဲတွင်သီးသန့်ဖြစ်ပြီး သိမ်းဆည်းသည်။ ပိုမိုသိရှိလိုပါက နေ့စဥ်မှတ်တမ်းရေးရန်အကြံပြုချက်များ & ကိုယ်ရေးလုံခြုံမှုဆိုင်ရာ ဝက်ဘ်ဆိုက်ကိုကြည့်ပါ။

  • အကြောင်းကြားချက် ချိန်ညှိမှုများပြောင်းလဲခြင်း၊ Settings > Notifications > Journaling Suggestions သို့သွားပါ။

  • အကြံပြုချက်များကို မကြည့်ဘဲ ရေးသွင်းချက်အသစ်များကို ဖန်တီးခြင်း၊ Settings > Journalသို့သွားပါ၊ ထို့နောက် Skip Journaling Suggestions ကိုဖွင့်ပါ။

သင်၏ ဂျာနယ်ကို သော့ခတ်ခြင်း

  1. Settings  > Journal > Lock Journalကို သွားပါ၊ ထို့နောက် ဖန်သားပြင်ညွှန်ကြားချက်များကို လိုက်နာပါ။

  2. သင်၏ ဂျာနယ်ကို ဖွင့်ရန် Journal ကို ဖွင့်ပါ၊ ထို့နောက် Face ID၊ Touch ID သို့မဟုတ် သင်၏ လျှို့ဝှက်ကုဒ်ကို အသုံးပြုပါ။

    သင်၏ ဂျာနယ်ကို သော့ဖွင့်ရန်အတွက် Face ID ကို အသုံးပြုရန် သင့်အားတောင်းဆိုထားသည့် ဖန်သားပြင်တစ်ခု။

နေ့စဉ်မှတ်တမ်းအချိန်ဇယားတစ်ခု စီမံခြင်း

အလေ့အကျင့်တစ်ခုတည်ဆောက်ရာတွင် ကူညီရန် အချိန်ဇယားဆွဲထားသော နေ့စဉ်မှတ်တမ်းပြုလုပ်ခြင်းဆိုင်ရာအသိပေးချက်များကို သင်ရနိုင်သည်။

  1. Settings  > Journal > Journaling Schedule ကိုသွားပါ၊ ထို့နောက် Schedule ကို ဖွင့်ပါ။

  2. သီတင်းတစ်ပတ်၏ အချိန်နှင့် နေ့များကိုရွေးချယ်ပါ။

ရိုက်ကူးထားသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို ဂျာနယ်တွင် သိမ်းဆည်းခြင်း

ရိုက်ကူးထားသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို ဂျာနယ်ထဲရှိ Photos အက်ပ်တွင် သိမ်းဆည်းရန် Settings  > Journal သို့သွားပါ၊ထို့နောက် Save to Photos ကိုဖွင့်ပါ။

Journal အကြောင်းကြားချက်များကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း

Settings  > Notifications > Journalကို သွားပါ။

သင်၏ iCloud ထဲရှိ နေ့စဉ်မှတ်တမ်း ရေသွင်းချက်များကို သိမ်းဆည်းခြင်း

  1. Settings  > [your name] > iCloud သို့သွားပါ။

  2. Show All ကို နှိပ်ပါ၊ ထို့နောက် Journal ကို ဖွင့်ပါ။

iCloud ကို အသုံးမပြုဘဲ အရန်ကူးယူထားရန် Apple အထောက်အကူပြု ဆောင်းပါးဖြစ်သည့် သင်၏ iPhone၊ iPad သို့မဟုတ် iPod touch ပေါ်တွင် ကုဒ်ဝှက်ထားသော အရန်ကူးယူမှုများအကြောင်းကို ကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.