ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ပေါ်တွင် သင်၏ Journal ချိန်ညှိခြင်းများကို ပြောင်းခြင်း

Journal အက်ပ် အတွက် ချိန်ညှိမှုများကို စိတ်ကြိုက်ပြုလုပ်နိုင်သည်။ သင်လက်ခံရရှိသည့် နေ့စဉ်မှတ်တမ်းအကြံပြုချက်များကို စိတ်ကြိုက်ပြုပြင်ပါ၊ သင့် ဂျာနယ်ကို သော့ခတ်ပါ၊ နေ့စဉ်မှတ်တမ်းအတွက် အချိန်ဇယားသတ်မှတ်ပြီး အစရှိသည်တို့ကို ပြုလုပ်ပါ။

နေ့စဉ်မှတ်တမ်းအကြံပြုချက်များကို စိတ်ကြိုက်ပြုပြင်ခြင်း

အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

  • ကိုယ်ရေးလုံခြုံမှုဆိုင်ရာချိန်ညှိချက်များကို ကစိတ်ကြိုက်ပြုလုပ်ခြင်း၊ Settings  > Privacy & Security > Journaling Suggestions သို့သွားကာ အောက်ပါအခန်းကဏ္ဍများမှ နှစ်သက်ရာကို ဖွင့်ပါ သို့မဟုတ် ပိတ်ပါ။

    အကြံပြုချက်များသည် သင်ဖွင့်ထားသော အက်ပ်များနှင့် ဝန်ဆောင်မှုများမှ အချက်အလက်ကိုသုံးသည်- အကြံပြုချက်များအတွက် သုံးသည့် အချက်အလက်သည် သင်၏ iPhone ထဲတွင်သီးသန့်ဖြစ်ပြီး သိမ်းဆည်းသည်။ ပိုမိုသိရှိလိုပါက နေ့စဥ်မှတ်တမ်းရေးရန်အကြံပြုချက်များ & ကိုယ်ရေးလုံခြုံမှုဆိုင်ရာ ဝက်ဘ်ဆိုက်ကိုကြည့်ပါ။

  • အကြောင်းကြားချက် ချိန်ညှိမှုများပြောင်းလဲခြင်း၊ Settings > Notifications > Journaling Suggestions သို့သွားပါ။

  • အကြံပြုချက်များကို မကြည့်ဘဲ ရေးသွင်းချက်အသစ်များကို ဖန်တီးခြင်း၊ Settings > Apps > Journal ကိုသွားပါ၊ ထို့နောက် Skip Journaling Suggestions ကိုဖွင့်ပါ။

ဂျာနယ်ရေးသွင်းချက်အသစ်များကို ခေါင်းစီးနှင့် ရက်စွဲ ထည့်ခြင်း

အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

  • ရေးသွင်းချက်အသစ်များကို ခေါင်းစီးတစ်ခု ထည့်ခြင်း၊ Settings  > Apps > Journal ကိုသွားပါ၊ Add Entry Title ကိုနှိပ်ပါ၊ ထို့နောက် Always၊ Only for Moments သို့မဟုတ် Never ကိုရွေးချယ်ပါ။

  • ရေးသွင်းချက်ရက်စွဲအဖြစ် လက်ရှိ ရက်စွဲကို အသုံးပြုခြင်း၊ Settings > Apps > Journal ကိုသွားပါ၊ ထို့နောက် Always Use Moment Date ကိုဖွင့်ပါ။

သင့်ဂျာနယ်ထိပ်တွင် ထိုထွင်းသိမြင်မှု အကျဉ်းချုပ်တစ်ခုကို ကြည့်ခြင်း

သင်၏ လက်ရှိနေ့စဥ်ရေးနိုင်သည့် ပမာဏ၊ ရေးထားသော စကားလုံးများနှင့် သင့် ဂျာနယ်ထိပ်တွင် နေ့စဉ်မှတ်တမ်းရေးထားသည့် နေ့စွဲများကဲ့သို့သော ထိုးထွင်းသိမြင်မှုများ၏ အကျဉ်းချုပ်တစ်ခုကို ကြည့်ရန် Settings  > Apps > Journal ကိုသွားပါ၊ ထို့နောက် Show Insights Summary ကို ဖွင့်ပါ။

သင်၏ ဂျာနယ်ကို သော့ခတ်ခြင်း

သင်၏ ဂျာနယ်ကို သီးသန့်သော့ခတ်ထားနိုင်ပြီး Face ID၊ Touch ID သို့မဟုတ် စကားဝှက်ဖြင့်သာ ဝင်ရောက်နိုင်ရန်လုပ်ဆောင်ထားနိုင်သည်။

သင်၏ ဂျာနယ်ကို သော့ဖွင့်ရန်အတွက် Face ID ကို အသုံးပြုရန် သင့်အားတောင်းဆိုထားသည့် ဖန်သားပြင်တစ်ခု။

သင့်ဂျာနယ်ကို သော့ပိတ်ရန် အောက်ပါနည်းလမ်းများမှ တစ်ခုခုကို အသုံးပြုပါ၊

Journal တွင် ရိုက်ထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများကို Photos အက်ပ်သို့ သိမ်းဆည်းခြင်း

  1. Settings  > Apps > Journal ကိုသွားပါ။

  2. Save to Photos ကို ဖွင့်ပါ။

Journal အကြောင်းကြားချက်များကို ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း

Settings  > Notifications > Journalကို သွားပါ။

သင်၏ iCloud ထဲရှိ နေ့စဉ်မှတ်တမ်း ရေသွင်းချက်များကို သိမ်းဆည်းခြင်း

  1. Settings  > [your name] > iCloud ကိုသွားပါ။

  2. See All ကိုနှိပ်ပါ၊ ထို့နောက် Journal ကို ဖွင့်ပါ။

iCloud ကို အသုံးမပြုဘဲ အရန်ကူးယူထားရန် Apple အထောက်အကူပြု ဆောင်းပါးဖြစ်သည့် သင်၏ iPhone၊ iPad သို့မဟုတ် iPod touch ပေါ်တွင် ကုဒ်ဝှက်ထားသော အရန်ကူးယူမှုများအကြောင်းကို ကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.