ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Freeform ဘုတ်ပြားများ မျှဝေခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

၎င်းတို့သည် အွန်လိုင်းဖွင့်ထားပြီး သူတို့၏ Apple Account သို့ အကောင့်ဝင်ရောက်ထားသည့်အခါ iCloud တွင်ရှိသော Freeform ဘုတ်ပြားတစ်ခုကို ပူးပေါင်းဆောင်ရွက်ရန် လူများကိုလည်းဖိတ်ခေါ်နိုင်ပြီး လူတိုင်းသည် နောက်ဆုံးပြောင်းလဲမှုများကို မြင်တွေ့ရမည်ဖြစ်သည်။ ပါဝင်သူတိုင်း ဘုတ်ပြားကိုအသုံးပြုနိုင်စေရန် အသွင်အပြင်အမျိုးအစားများအတွက် ဖော်ပြချက်များထည့်နိုင်ပါသည်။

တစ်စုံတစ်ယောက်သည် အခြားသူ၏ Freeform ဘုတ်ပြားတစ်ခုကို စောင့်ကြည့်နေသည်။

ဘုတ်ပြားတစ်ခုတွင် ပူးပေါင်းဆောင်ရွက်ရန် အခြားသူများကို ဖိတ်ခေါ်ခြင်း

မျှဝေထားသော Freeform ဘုတ်ပြားတစ်ခုကို အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်နေချိန်တွင် အခြားသူများမှ ပြင်ဆင်မှုများ ပြုလုပ်ပါက သင်မြင်နိုင်မည်ဖြစ်သည်။ ပြောင်းလဲမှုများကို iCloud တွင် သိမ်းဆည်းထားမည်ဖြစ်သည့်အတွက် ဘုတ်ပြားကို ဝင်ရောက်ကြည့်ရှုခွင့်ရသူအားလုံးသည် ၎င်းတို့ဖွင့်လိုက်ချိန်တွင် နောက်ဆုံးဗားရှင်းကို တွေ့နိုင်မည်ဖြစ်သည်။

မှတ်စု ဘုတ်ပြားများကို ပိုင်ရှင်၏ iCloud အကောင့်တွင်သာ သိုလှောင်ထားမည်ဖြစ်သည်။ ပါဝင်သူများ၏ iCloud သိုလှောင်မှုသည် ဘုတ်ပြားတစ်ခုရှိ အမျိုးအစားများကို သက်ရောက်မှု ရှိမည်မဟုတ်ပါ။

  1. သင့် iPhone ရှိ Freeform အက်ပ် ကိုသွားပါ။

  2. အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • All Boards ကို ရှာဖွေနေချိန်တွင်၊ သင် မျှဝေလိုသော ဘုတ်ပြားကို ထိပြီး ဖိထားပါ၊ ထို့နောက် Share ကိုနှိပ်ပါ။

    • ဘုတ်ပြားတစ်ခုအထဲမှ၊ သင်မျှဝေလိုသောဘုတ်ပြားကိုဖွင့်ပါ (သို့မဟုတ်ဘုတ်ပြားအသစ်တစ်ခုစတင်ရန် New Board ခလုတ်ကိုနှိပ်ပါ) ၊ ထို့နောက် Share Board ခလုတ်ကိုနှိပ်ပါ။

  3. လက်ရှိ မျှဝေခြင်းချိန်ညှိချက်ကို ဘုတ်ပြား၏အမည်အောက်တွင် “Only invited people can edit” ကဲ့သို့ ဖော်ပြထားမည်ဖြစ်သည်။ ၎င်းကို ပြောင်းလဲရန် ချိန်ညှိချက်ကို နှိပ်ပါ။ မျှဝေခြင်းချိန်ညှိချက်များကို စီမံခြင်းကိုကြည့်ပါ။

    မှတ်စု အခြားသူများကို သင်တစ်ယောက်တည်းသာ ဖိတ်ခေါ်လိုပါက “Only invited people” ကိုရွေးချယ်ပြီး “Allow others to invite” ကိုပိတ်ပါ (အစိမ်းရောင် လင်းနေမည်)။

  4. ဘုတ်ပြားကို—Messages တွင်သို့မဟုတ် Mail တွင်ကဲ့သို့— မျှဝေချင်သည့်ပုံစံကို ရွေးချယ်ပါ သို့မဟုတ် သင်မကြာသေးမီကမျှဝေရန် ဆက်သွယ်ခဲ့သော တစ်ယောက်ယောက်၏ သင်္ကေတကို နှိပ်ပါ။

သင် ဘုတ်ပြားတစ်ခုကို စတင်မျှဝေပြီးပါက လူများကို ထည့်သွင်းနိုင်သည်။ Collaborate ခလုတ်ကိုနှိပ်ပါ၊ Manage Shared Board ကိုနှိပ်ပါ၊ ထို့နောက် Share With More People ကိုနှိပ်ပါ။ Messages တွင် တခြားသူများ၏ ချိန်ညှိချက်များအပေါ်မူတည်၍Collaborate ခလုတ် ပုံစံသည် ပြောင်းလဲနိုင်သည်။

မှတ်စု သင်မျှဝေထားသူတိုင်းသည် ထိုဘုတ်ပြားကို ပြန်လည်ပြုပြင်ရန် သို့မဟုတ် ကြည့်ရန် iOS 16.2၊ iPadOS 16.2၊ macOS 13.1 သို့မဟုတ် နောက်ပိုင်းအမျိုးအစားပါသည့် သူတို့၏ Apple Account သို့ အကောင့်ဝင်ရောက်ထား ရမည်။ မက်ဆေ့ချ်များကို အသုံးပြုပြီး ပူးပေါင်းဆောင်ရွက်ရန်အတွက် သင်နှင့်သင်ဖိတ်ကြားသော မည်သူမဆို iMessageကိုဖွင့်ရမည်

ဘုတ်ပြားတစ်ခုတွင် အခြားသူများကို ကြည့်ခြင်း

သင့်ဘုတ်ပြားပေါ်တွင် အခြားသူများ မည်သည့်နေရာတွင်အလုပ်လုပ်နေသည်ကို တိုက်ရိုက်ကြည့်နိုင်သည် သို့မဟုတ် အခြားပါဝင်သူများ ဘုတ်ပြားပေါ်တွင် နေရာရွှေ့သွားလျှင် လိုက်ကြည့်နိုင်သည်။ ဥပမာ၊ Freeform ဘုတ်ပြားပေါ်တွင် ဒီဇိုင်းအဆိုပြုချက်ကို တင်ပြနေသောတစ်စုံယောက်ကို သင် မလွတ်တမ်းကြည့်ထားသည်ဆိုလျှင် ၎င်းတို့၏ဘုတ်ပြားပေါ်မှတည်နေရာနှင့် ၎င်းတို့မြင်ရသည့်အရာများကို သင်မြင်နိုင်သည်။

ပူးပေါင်းဆောင်ရွက်ခြင်းစာရင်း ပေါ်နေသော iPhone ပေါ် ရှိ Freeform ဘုတ်ပြားတစ်ခု။
  1. သင့် iPhone ရှိ Freeform အက်ပ် ကိုသွားပါ။

  2. သင်ကြည့်ချင်သော အခြားသူများအလုပ်လုပ်နေသည့် မျှဝေထားသောဘုတ်ပြားကိုဖွင့်ပါ၊ ထို့နောက် Collaborate ခလုတ်ကိုနှိပ်ပါ။

  3. Participant Cursors ၏ ချိန်ညှိမှုကပိတ်နေပါက ဖွင့်ပါ။

  4. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • ပါဝင်သူများအလုပ်လုပ်နေသည့် နေရာသို့သွားခြင်း၊ ပါဝင်သူတစ်ယောက်၏ အမည်ကိုနှိပ်ပါ။

      ပါဝင်သူ၏ အမည်ဘေးတွင်ရှိသောအရောင်သည် ဘုတ်ပြားပေါ်တွင် ၎င်းတို့ နေရာကိုသတ်မှတ်ထားသော အရောင်ဖြစ်သည်။

    • ၎င်းတို့အလုပ်လုပ်နေသော သို့မဟုတ် တင်ဆက်နေသောအချိန်တွင် ၎င်းတို့၏ဘုတ်ပြားမြင်ကွင်းအားလိုက်ကြည့်ခြင်း၊ ပါဝင်သူတစ်ယောက်၏ အမည်ဘေးမှ More ခလုတ် အားနှိပ်ပါ၊ ထို့နောက် Follow Along ကိုနှိပ်ပါ။ သို့မဟုတ် ဘုတ်ပြားပေါ်မှ မည်သည့်နေရာတွင်မဆိုရှိနေသော ထို့ပုဂ္ဂိုလ်၏ စာသားကို နှိပ်နိုင်ပါသည်၊ ထို့နောက် Follow ကိုနှိပ်ပါ။

      ထိုမုဒ်အားမဝင်ခင် သင်ရွေးချယ်ခဲ့သောအရာများအား မရွေးချယ်တော့ပါ။ (သင်လိုက်ကြည့်နေသောပုဂ္ဂိုလ်၏ အညွှန်းမြားတံနှင့်အရောင်ကိုက်ညီသော) ဘောင်တစ်ခုသည် ဘုတ်ပြားပေါ်တွင် ၎င်းတို့မြင်နေရသောအရာကို ဘောင်ခတ်ထားသည်။

      သင်နှင့် သင်လိုက်ကြည့်သောတင်ဆက်သူတို့ နှစ်ယောက်လုံးသည်အွန်လိုင်းဖြစ်နေရန်လိုပါသည်။

သင်လိုက်ကြည့်နေချိန်တွင် ဘုတ်ပြားပေါ်ရှိ မည်သည့်အရာကိုမှ သင်မရွေးချယ်နိုင်ပါ၊ ထို့အပြင် ပုံချုံ့ချဲ့ခြင်းအဆင့်သည် အခြားသူ၏မြင်ကွင်းပေါ်တွင် မူတည်ပါသည်။

လိုက်ကြည့်နေခြင်းကိုရပ်တန့်ရန် ထိပ်ဆုံးညာဘက်ထောင့်မှ Stop ကိုနှိပ်ပါ—သို့မဟုတ် ပြင်ဆင်ရန်၊ အောက်သို့ဆွဲရန်၊ ချုံ့ချဲလုပ်ရန်အတွက်။

မှတ်စု ဘုတ်ပြားပေါ်တွင် သင်နှင့်အတူလုပ်ဆောင်နေသော အခြားသူများသည် ဘုတ်ပြားကိုဖွင့်ထားစဉ်တွင်သာ ၎င်းတို့၏ အပြောင်းအလဲများကို ပြုပြင်ခြင်းနှင့် ပြန်ပြင်ခြင်းများ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သင်၏ ကိုယ်ပိုင် iPhone တွင် ပြုလုပ်ခဲ့သော အပြောင်းအလဲများကြားတွင် ရွှေ့ပြောင်းရန် Undo ခလုတ် ကိုသုံးပါ။ ပြောင်းလဲမှုတစ်ခုကို သင် ပယ်ဖျက်ပြီးချိန်တွင် ပြန်လုပ်ရန် Undo ခလုတ်ကို ထိပြီး ထိန်းပါ၊ ထို့နောက် Redo ကိုနှိပ်ပါ။

အသုံးပြုရလွယ်ကူမှု ဖော်ပြချက်များထည့်ခြင်း

သင့်ဘုတ်ပြားပေါ်မှ အမျိုးအစားတိုင်းသို့ မြင်နေရသောအကြောင်းအရာ၏ ဖော်ပြချက်တစ်ခုကိုထည့်နိုင်သည်။ ဤနည်းဖြင့်၊ VoiceOver ကဲ့သို့အကူအညီပေးသည့် နည်းပညာကိုအသုံးပြုသူများသည် မြင်နေရသောအကြောင်းအရာအား အသံဖြင့်ကြားနိုင်သည်။ (ဖော်ပြချက်များသည် ဘုတ်ပြားပေါ်တွင် အလိုအလျောက် မြင်နိုင်မည်မဟုတ်ပါ။)

  1. သင့် iPhone ရှိ Freeform အက်ပ် ကိုသွားပါ။

  2. အသုံးပြုရလွယ်ကူမှု ဖော်ပြချက်များထည့်လိုသည့် ဘုတ်ပြားအားဖွင့်ပါ။

  3. သင်ဖော်ပြချင်သည့် အမျိုးအစားကို ရွေးချယ်ပါ၊ More ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Description ကိုနှိပ်ပါ။

  4. မြင်နေရသောအကြောင်းအရာအတွက် ဖော်ပြချက်တစ်ခုကို ရိုက်ထည့်ပါ၊ ထို့နောက် Close ခလုတ်ကိုနှိပ်ပါ။

  5. ဖော်ပြချက်ကို ကြားနိုင်ရန် VoiceOver ကိုဖွင့်ပါ၊ ထို့နောက် အမျိုးအစားကို နှိပ်ပါ။

မျှဝေခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်ခြင်းကို ရပ်ခြင်း

  1. သင့် iPhone ရှိ Freeform အက်ပ် ကိုသွားပါ။

  2. သင်မျှဝေခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်ခြင်း ရပ်တန့်လိုသော ဘုတ်ပြားကိုဖွင့်ပါ။

  3. Collaborate ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Manage Shared Board ကိုနှိပ်ပါ။

  4. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • လူများကို ဖယ်ရှားရန်၊ သင်ဖယ်ရှားလိုသည့် ပါဝင်သူ၏အမည် ကိုနှိပ်ပါ၊ ထို့နောက် Remove Access ကိုနှိပ်ပါ။

    • တစ်စုံတစ်ယောက်၏ ဘုတ်ပြားမှ သင့်ကိုယ်သင် ဖယ်ရှားခြင်း၊ သင်၏အမည် ကိုနှိပ်ပါ၊ ထို့နောက် Remove Me ကိုနှိပ်ပါ။

    • လူတိုင်းနှင့် မျှဝေခြင်းကိုရပ်ခြင်း၊ Stop Sharing ကိုနှိပ်ပါ၊ ထို့နောက် Stop Sharing ကိုနှိပ်ပါ။

      ဤ ရွေးချယ်စရာကို ရွေးလိုက်သောအခါ သင့်တွင် ဘုတ်ပြားကို ဝင်ရောက်ကြည့်ရှုခွင့် ရှိနေသည့်တိုင် ၎င်းကို အခြားပါဝင်သူများ၏ ကိရိယာများတွင် ပေါ်နေတော့မည် မဟုတ်ပါ။

သင် ဘုတ်ပြားတစ်ခုကို စတင်မျှဝေပြီးပါက တစ်ဦးချင်းစီ သို့မဟုတ် အားလုံးအတွက် ဝင်ရောက်ကြည့်ရှုခွင့်နှင့် ခွင့်ပြုချက်များကို ပြောင်းလဲနိုင်သည်။ မျှဝေခြင်းချိန်ညှိချက်များကို စီမံခြင်းကိုကြည့်ပါ။

ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ဆောင်ချက်များကို အပြည့်အဝ အသုံးပြုရန် ပါဝင်သူတိုင်းသည် အွန်လိုင်းဖြစ်နေရန်၊ ၎င်းတို့၏ Apple Account များသို့ အကောင့်ဝင်ရောက်ထားရန်၊ Freeform ကို iCloud တွင် ဖွင့်ထားရန် (iCloud သုံးစွဲသူလမ်းညွှန်ထဲရှိ သင်၏စက်ပစ္စည်းများအားလုံးတွင် Freeform အတွက် iCloud ကိုစီမံခြင်းကိုကြည့်ပါ) နှင့် အထောက်အထားနှစ်ရပ်ထည့်သွင်းခြင်းကို ဖွင့်ထားရန် မဖြစ်မနေ လိုအပ်သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.