ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် ဓာတ်ပုံများနှင့် ဗီဒီယိုများကို ရက်စွဲဖြင့်ရှာဖွေခြင်း

သီးသန့်ဖြစ်သော ရက်စွဲတစ်ခုတွင်—ခုနှစ်၊ လ သို့မဟုတ် နေ့ရက်—ရိုက်ကူးခဲ့သော ဓာတ်ပုံများနှင့် ဗီဒီယိုများကို Photos အက်ပ်ထဲတွင် ရှာဖွေကာကြည့်ရှုနိုင်သည်။

လတ်တလောနေ့ရက်တစ်ခုတွင် သင်ရိုက်ကူးခဲ့သော ဓာတ်ပုံနှင့်ဗီဒီယိုများကို ကြည့်ရှုခြင်း

(ဓာတ်ပုံစုစည်းမှုအောက်ရှိ) Recent Days စုဆောင်းမှုထဲတွင် သီးသန့်ဖြစ်သော နေ့တစ်နေ့၌ သင်ရိုက်ကူးခဲ့သော ဓာတ်ပုံနှင့်ဗီဒီယိုများကို ရှာဖွေနိုင်သည်။

သီးသန့်ဖြစ်သော နေ့ရက်တစ်ရက်တွင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံများ၏ စုဆောင်းမှုတစ်ခုကို ပြသနေသော Photos အက်ပ်။
  1. သင့် iPhone ရှိ Photos အက်ပ် ကိုသွားပါ။

  2. Recent Days သို့ပွတ်ဆွဲချကာ နေ့ရက်တစ်ရက်မှ ဓာတ်ပုံနှင့်ဗီဒီယိုများကို ကြည့်ရန်အတွက် ထိုနေ့ရက်ကိုနှိပ်ပါ။

    အခြားနေ့ရက်များသို့ အမြန်ရွှေ့ရန် ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ပွတ်ဆွဲပါ။

Recent Days ထဲတွင် နေ့ရက်တစ်ခုအား သင်ဖွင့်လိုက်သည့်အခါ၊ ထိုနေ့ရက်မှ အကောင်းဆုံးဓာတ်ပုံများ၏ အကျဥ်းချုပ်တစ်ခုကိုမြင်ရမည်။ သင်ထိုနေ့ရက်တွင် ရိုက်ကူးခဲ့သော ဓာတ်ပုံအားလုံးကိုကြည့်ရန် Summary ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် All ကိုနှိပ်ပါ။

သင့်စုစည်းမှု အား ခုနှစ်သို့မဟုတ်လအားဖြင့် ရှာဖွေကြည့်ခြင်း

  1. သင့် iPhone ရှိ Photos အက်ပ် ကိုသွားပါ။

  2. စုစည်းမှုကိုဖွင့်ရန် ဓာတ်ပုံဂရစ်ပေါ်တွင် အောက်သို့ပွတ်ဆွဲချပါ၊ ထို့နောက် ဖန်သားပြင်၏ အောက်ခြေနားရှိ အောက်ပါတို့အနက်မှ တစ်ခုကိုနှိပ်ပါ၊

    • နှစ်ကာလများ၊ သင်၏ဓာတ်ပုံစုဆောင်းမှုထဲတွင် သီးသန့်နှစ်တစ်ခုကို အမြန်ရှာဖွေပါ။

    • လများ၊ မိသားစုအပျော်ခရီးတို၊ လူမှုရေးပွဲ၊ မွေးနေ့ပွဲ၊ သို့မဟုတ်ခရီးကဲ့သို့အရေးပါသည့်ပွဲများဖြင့်စုစည်းထားသည့်၊ တစ်လလုံးသင်ရိုက်ကူးခဲ့သည့်ဓာတ်ပုံလက်ရွေးစင်များကိုကြည့်နိုင်သည်။

သင်၏အကောင်းဆုံးရိုက်ချက်များကိုပြသရန် နှစ်များနှင့် လများအလိုက် မြင်ကွင်းများကိုစုစည်းထားပြီး အလားတူဓာတ်ပုံများ၊ ဖန်သားပြင်ဓာတ်ပုံများ၊ အဖြူရောင်ဘုတ်များနှင့် လက်ခံဖြတ်ပိုင်းများကဲ့သို့ အမြင်အာရုံရှုပ်ထွေးစေမည့်အရာများကိုပြသမည်မဟုတ်ပါ။ ဓာတ်ပုံနှင့် ဗီဒီယိုတိုင်းကိုကြည့်ရန် All ကိုနှိပ်ပါ။

တိကျသော ရက်စွဲတစ်ခုကိုလည်း ရှာဖွေနိုင်သည်။ ဓာတ်ပုံများနှင့် ဗီဒီယိုများကို ရှာဖွေခြင်းအားကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.