ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် အချိန်ကြာသည့် ဗီဒီယိုများကို မျှဝေခြင်း

အချို့ရှည်လျားသော ဗီဒီယိုဖိုင်များသည် စံသတ်မှတ်ထားသည့်စာသားမက်ဆေ့ချ် တစ်ခုထဲတွင်ပို့ရန် ကြီးလွန်းနေသည်။ AirDrop၊ iCloud၊ သို့မဟုတ် Mail Drop ကို အသုံးပြု၍ သင့် iPhone ကင်မရာနှင့် ရိုက်ကူးထားသော အချိန်ကြာသည့် ဗီဒီယိုများကို ပေးပို့နိုင်သည်။

AirDrop ကို အသုံးပြု၍ ဗီဒီယိုတစ်ခု ပို့ခြင်း

ကြီးမားသော ဗီဒီယိုတစ်ခုကို အနီးအနားရှိ iPhone၊ iPad၊ Mac၊ သို့မဟုတ် Apple Vision Pro သို့ပို့ရန် အရိုးရှင်းဆုံးနည်းလမ်းမှာ AirDrop ကိုအသုံးပြုခြင်းဖြစ်သည်။ AirDrop သည် Wi-Fi နှင့် Bluetooth® ကို အသုံးပြု၍ပေးပို့သောကြောင့် မပို့မီ သင်နှင့် လက်ခံသူနှစ်ဦးလုံးသည် Control Centerတွင် ဤခလုတ်များကို ဖွင့်ထားရမည်။

  1. သင်ဗီဒီယိုဖိုင်ပို့သောသူသည် သင်၏အဆက်အသွယ်များတွင် မရှိပါက ထိုသူတို့ကို အောက်ပါတို့မှ တစ်ခုကို ပြုလုပ်ခိုင်းပါ၊

    • iPhone သို့မဟုတ် iPadတွင်၊ Settings  > General > AirDrop သို့သွားကာ Everyone ကို 10 မိနစ်ကြာ နှိပ်ပါ။

    • Mac တွင်၊ Apple menu  > System Settingsကိုရွေးချယ်ပါ၊ ဘေးဘက်တန်းရှိ General ကိုနှိပ်ပါ။ AirDrop & Handoff ကိုနှိပ်ပါ၊ ထို့နောက် AirDrop ၏ဘေးတွင်ပေါ်လာသည့် စာရင်းကိုနှိပ်ကာ Everyone ကိုနှိပ်ပါ။

  2. သင့် iPhone ရှိ Photos အက်ပ် ကိုသွားပါ။

  3. သင်ပို့ချင်သည့် ဗီဒီယိုကိုနှိပ်ပါ၊ ထို့နောက် Share ခလုတ်ကိုနှိပ်ပါ။

    မက်တာဒေတာအပါအဝင် တည်နေရာနှင့် သက်ဆိုင်သည့်မည်သည့် ပြုပြင်မှတ်တမ်းကိုမဆို ၎င်း၏ မူရင်းပုံစံဖြင့် ဗီဒီယိုကို ပို့ချင်ပါက Options ကိုနှိပ်ပါ၊ ထို့နောက် All Photos Data ကိုဖွင့်ပါ။

  4. AirDrop နှိပ်ကာ သင်မျှဝေချင်သည့် အဆက်အသွယ်သို့မဟုတ် စက်ပစ္စည်းကို နှိပ်ပါ။

    သင်မျှဝေပြီးနောက် လက်ခံသူသည် AirDrop ပြောင်းရွှေ့ခြင်းကို လက်ခံရန် သို့မဟုတ် ငြင်းဆိုရန် အသိပေးချက်တစ်ခုကို လက်ခံရရှိသည်။

iCloud လင့်ခ်တစ်ခုကို အသုံးပြု၍ ဗီဒီယိုတစ်ခုကို ပေးပို့ခြင်း

iCloud လင့်ခ်တစ်ခုသည် Messages သို့မဟုတ် Mail ဖြင့် ဗီဒီယိုဖိုင်ကြီးတစ်ခုကို ပေးပို့ရန် အသုံးပြုနိုင်သည့် URL တစ်ခုဖြစ်သည်။

iCloud လင့်ခ်ကို ပို့ရန်၊ iCloud Photosကို သေချာဖွင့်ထားရမည်။ ဖော်ပြပါအဆင့်များအတိုင်း လိုက်နာလုပ်ဆောင်ပါ၊

  1. သင့် iPhone ရှိ Photos အက်ပ် ကိုသွားပါ။

  2. သင်ပို့ချင်သည့် ဗီဒီယိုကိုနှိပ်ပါ၊ ထို့နောက် Share ခလုတ်ကိုနှိပ်ပါ။

  3. Options ကိုနှိပ်ပါ၊ ထို့နောက် Copy iCloud Link ကိုနှိပ်ပါ။

  4. Messages Mail သို့မဟုတ် အခြားဆက်သွယ်ရေးအက်ပ်သို့သွားပါ၊ ထို့နောက် iCloud လင့်ခ်၏လက်ခံသူကို ထည့်သွင်းပါ။ iCloud လင့်ခ်ကို မက်ဆေ့ချ်တစ်ခုအတွင်းသို့ ကူးထည့်ပါ၊ ထို့နောက်၎င်းကိုပို့ပါ။

    လက်ခံသူများသည် iCloud လင့်ခ်ဖြင့် ပို့လိုက်သည့် ဗီဒီယိုတစ်ခုကို ဒေါင်းလုတ်လုပ်ရန် ရက် 30 အချိန်ရသည်။

Mail Drop ကို အသုံးပြု၍ ဗီဒီယိုတစ်ုခုကိုပို့ခြင်း

Mail Drop ဖြင့် Mail တွင် တွဲဆက်ဖိုင်အဖြစ် ဗီဒီယိုအကြီးတစ်ခုကို ပေးပို့နိုင်သည်။

  1. သင့် iPhone ရှိ Photos အက်ပ် ကိုသွားပါ။

  2. သင်ပို့ချင်သော ဗီဒီယိုကိုနှိပ်ပါ၊ Share ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Mail ကိုနှိပ်ပါ။

  3. To ကွက်လပ်ကိုနှိပ်ကာ အဆိုပါလက်ခံမည့်သူ၏အမည်ကို ရိုက်ထည့်ပါ။

    အရာဝတ္ထုတစ်ခု သို့မဟုတ် မက်ဆေ့ချ်တစ်ခုကို ထည့်ချင်ပါက Subject ကွက်လပ်သို့မဟုတ် email စာကိုယ်ကို နှိပ်ပါ။

  4. ပေးပို့ရန် Send ခလုတ် ကိုနှိပ်ပါ။

    လက်ခံသူများသည် Mail Drop တွဲဆက်ပါရှိသည့်ဖိုင်များကို ဒေါင်းလုတ်လုပ်ရန် ရက် 30 အချိန်ရသည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.