ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် ကတ်ဖတ်စက်နှင့် ငွေပေးချေမှုများပြုလုပ်ခြင်းအတွက် Apple Pay ကိုအသုံးပြုခြင်း

iPhone ရှိ Wallet အက်ပ်တွင် သင်သိမ်းထားသော ငွေပေးချေမှုကတ်များဖြင့် စတိုးဆိုင်များတွင်၊ စားသောက်ဆိုင်များ စသည်တို့တွင် ကတ်ဖတ်စက်ဖြင့် ဘေးကင်းလုံခြုံစွာ ငွေပေးချေရန် Apple Pay ကိုအသုံးပြုနိုင်သည်။

Wallet ဖန်သားပြင်ပေါ် အကြွေးဝယ်ကတ်တစ်ခု။ ကတ်အောက်တွင်ရှိသည်မှာ “Hold Near Reader” ဖြစ်သည်။

မှတ်စု (Apple Pay သည် အချို့သောနိုင်ငံများနှင့် ဒေသများတွင်သာ ရရှိနိုင်သည်- Apple Pay ကို ထောက်ပံ့ထားသည့် နိုင်ငံများနှင့် ဒေသများကို ကြည့်ပါ)။

Apple Pay ကိုလက်ခံသော နေရာများကိုရှာဖွေခြင်း

ကတ်ဖတ်စက် ငွေပေးချေမှု သင်္ကေတများတွေ့သည့် နေရာတွင် Apple Pay ကို အသုံးပြုနိုင်သည်၊

ကတ်ဖတ်စက်များပေါ်ရှိ သင်္ကေတများ။

မှတ်စု Apple Pay ကို လက်ခံသည့်အပြင် ကုန်သည်သည် သင်၏ ငွေပေးချေမှုကတ်နှင့် ငွေပေးချေမှုကွန်ရက်ကို လက်ခံရမည်။

တခြားနိုင်ငံများနှင့် ဒေသများတွင် သင်သည် မတူညီသည့် ကတ်ဖတ်စနစ်ပါသည့် ငွေပေးချေမှုသင်္ကေတများကို တွေ့ရနိုင်သည်။ Apple Pay အသုံးပြုပုံလေ့လာနည်းကို ကြည့်ပါ။

Face ID နှင့် iPhone တွင်သင်၏ပုံသေကတ်နှင့် ငွေပေးချေခြင်း

  1. ဘေးခလုတ်ကို နှစ်ကြိမ်ဆက်နှိပ်ပါ။

  2. သင်၏ပုံသေကတ်ပေါ်လာသည့်အခါ Face ID နှင့်အထောက်အထားပြပါ သို့မဟုတ် သင်၏စကားဝှက်ကိုနှိပ်ပါ။

  3. ဖန်သားပြင်ပေါ်တွင် Done သို့မဟုတ် အမှန်ခြစ်တစ်ခုကို တွေ့သည်အထိ ကတ်အနီးမှာ သင့် iPhoneကို ကိုင်ထားပါ။

Touch ID ပါသည့် iPhone တွင်သင်၏ပုံသေကတ်နှင့် ငွေပေးချေခြင်း

  1. Touch ID ပေါ်တွင် သင်၏လက်ချောင်းကိုတင်ထားပါ။

  2. ဖန်သားပြင်ပေါ်တွင် Done သို့မဟုတ် အမှန်ခြစ်တစ်ခုကို တွေ့သည်အထိ ကတ်အနီးမှာ သင့် iPhoneကို ကိုင်ထားပါ။

သင်၏ပုံသေကတ်အစား အခြားကတ်တစ်ကတ်နှင့် ငွေပေးချေခြင်း

  1. သင်၏ပုံသေကတ်ပေါ်လာသည့်အခါ နှိပ်၍ နောက်တစ်ကတ်ကို ရွေးချယ်ပါ။

  2. Face ID၊ Touch ID သို့မဟုတ် သင်၏လျှို့ဝှက်ကုဒ်နှင့် အထောက်အထားပြပါ။

  3. ဖန်သားပြင်ပေါ်တွင် Done သို့မဟုတ် အမှန်ခြစ်တစ်ခုကို တွေ့သည်အထိ ကတ်အနီးမှာ သင့် iPhoneကို ကိုင်ထားပါ။

အမှတ်စုကတ် သို့မဟုတ် ဆုထုတ်ယူကတ်များနှင့် Apple Pay ကို အသုံးပြုခြင်း

အသုံးပြုနိုင်သော စတိုးဆိုင်များ၌ Apple Pay ကိုအသုံးပြုသည့်အခါ ဆုလက်ဆောင်များ လက်ခံနိုင်သလို ရွေးချယ်နိုင်သည်။

  1. သင်၏ဆုထုတ်ယူကတ်ကို Wallet အက်ပ် ထဲသို့ထည့်သွင်းပါ။

  2. စတိုးဆိုင်ထဲတွင် ရှိနေစဉ် သင်၏ဆုထုတ်ယူကတ်အလိုအလျောက်ပေါ်လာစေရန် ကတ်ပေါ်ရှိ More Info ခလုတ်ကို ကိုနှိပ်ပြီး Pass Details ကိုနှိပ်ကာ Automatic Selection ကိုဖွင့်ပါ။

  3. စတိုးဆိုင်တွင် ငွေပေးချေရာ၌ ကတ်ဖတ်စက်နားတွင် iPhone ကိုကိုင်ထားခြင်းဖြင့် သင်၏ဆုထုတ်ယူသည့်ကတ်ကို ဖတ်စေပါ။

    Apple Pay သည် ဝယ်ယူမှုအတွက် ငွေပေးချေရန် သင်၏ပုံသေကတ်ဆီသို့ ကူးပြောင်းပေးသည်။ အချို့စတိုးဆိုင်များတွင် သင်၏ဆုထုတ်ယူသည့်ကတ်နှင့် ငွေပေးချေသည်ကတ်တို့ကို တစ်ဆင့်တည်းနှင့် သုံးနိုင်သည်။ အခြားစတိုးဆိုင်တို့တွင် ငွေရှင်းဂိတ် သို့မဟုတ် ငွေရှင်းကောင်တာတို့မှ ပေးချေမှုအတွက် တောင်းဆိုလာသည်အထိ စောင့်ရန်လိုအပ်ပါသည်။

မှတ်စု တည်နေရာဝန်ဆောင်မှုများကို ဖွင့်ထားပါက ငွေလိမ်လည်မှုမျိုးမဖြစ်စေရန်အလို့ငှာ ငွေပေးချေမှုတစ်ခုလုပ်နေချိန် သင့် iPhone ၏တည်နေရာကို Apple သို့မဟုတ် ကတ်ထုတ်လုပ်သူတို့ထံ ပိုပေးကောင်း ပို့ပေးပေမည်။ သင်မျှဝေသည့် တည်နေရာအချက်အလက်များကို ထိန်းချုပ်ခြင်းကို ကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.