ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ပေါ် တွင်သင့်အတွက် ရွေးချယ်ထားသောသတင်းသစ်များကိုကြည့်ခြင်း

News အက်ပ်ရှိ Today feed သည် Apple News အယ်ဒီတာများမှ ရွေးချယ်ပေးထားသော ထိပ်တန်းအကြောင်းအရာများ၊ သင်စောင့်ကြည့်သော ရုပ်သံလိုင်းများနှင့် သတင်းခေါင်းစဉ်များမှ အကောင်းဆုံးအကြောင်းအရာများနှင့်Apple News+တို့မှ အကြောင်းအရာများနှင့် ထုတ်ပြန်ချက်များကို တင်ပြပေးသည်။ Today feed သည် Siri— မှအကြံပြုပေးသော သတင်းများအပါအဝင် အခြား News ဖတ်ရှုသူပရိသတ်များ၊ My Sportsအစရှိသည်တို့ကြား နာမည်ကြီးရေပန်းစားသော သတင်းအကြောင်းအရာများ စသည်တို့ပါဝင်သည်။ သင့်တည်နေရာကို မူတည်၍ Today feed တွင် Apple News Today အသံအကျဉ်းချုပ်များနှင့် ပဟေဠိများ နှင့် (ဒေသတွင်းရာသီဥတုအခြေအနေများအပါ)ပါဝင်သော ပြည်တွင်းသတင်းများလည်း ပါဝင်နိုင်သည်။

မှတ်စု အသံဖိုင်သတင်းအကျဉ်းများ၊ ပြည်တွင်းသတင်းများနှင့် ပဟေဠိများသည် နိုင်ငံ သို့မဟုတ် ဒေသများအားလုံးတွင် မရနိုင်ပါ။

Today feed ရှိ သတင်းများသို့ဝင်ရောက်ခြင်း

  1. သင့် iPhone ရှိ News အက်ပ် ကိုသွားပါ။

  2. အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • သတင်းကိုဖွင့်ခြင်း၊ သတင်းကိုနှိပ်ပါ။

    • အုပ်စုတစ်ခုအတွင်း သတင်းသစ်များကိုပို၍ဖတ်ခြင်း၊ အုပ်စုအောက်ခြေရှိမြားကိုနှိပ်ပါ။

    • ဗီဒီယိုတစ်ခုကို ဖွင့်ခြင်း၊ လက်မဖြင့် Play ခလုတ် ကိုနှိပ်ပါ။

    • ဇာတ်လမ်းသစ်များကိုရယူခြင်း၊ နောက်ဆုံးဇာတ်လမ်းများနှင့် Today feed ကိုပြန်လည်အသစ်ဖြစ်စေရန်အောက်သို့ဆွဲပါ။

ရုပ်သံလိုင်းများနှင့်သတင်းအချက်အလက်များကိုရွေးချယ်ခြင်း၊ မရွေးချယ်ခြင်း၊ ပိတ်ခြင်းနှင့်ဖွင့်ခြင်း

Today feed တွင်ရုပ်သံလိုင်းများနှင့်သတင်းများကိုရွေးချယ်ခြင်းပိတ်ခြင်းဖြင့်ပေါ်လာသောအရာကိုထိန်းချုပ်နိုင်သည်။

  1. သင့် iPhone ရှိ News အက်ပ် ကိုသွားပါ။

  2. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • ရုပ်သံလိုင်းတစ်ခုဖွင့်ခြင်း၊ သတင်းတစ်ပုဒ်ကိုဖိ၍နှိပ်ထားပါ၊ ရုပ်သံလိုင်းအမည်ကို နှိပ်ပါ၊ ထို့နောက် Go to Channel ကိုနှိပ်ပါ။ သို့မဟုတ် Today feed ထဲရှိသတင်းတစ်ပုဒ်ကိုနှိပ်ပါ ၊ထို့နောက်သတင်းထိပ်ရှိလိုင်းအမည်ကိုနှိပ်ပါ။

    • ခေါင်းစီးစာမျက်နှာကိုဖွင့်ခြင်း၊ အကြောင်းအရာခေါင်းစဉ်ကိုနှိပ်ပါ—ဥပမာ ရုပ်ရှင်များ သို့မဟုတ် ခရီးကိုနှိပ်ပါ။

  3. စာမျက်နှာ၏ထိပ်တွင်အောက်ပါတို့မှနှစ်သက်ရာကိုပြုလုပ်ပါ၊

    • ရွေးချယ်ခြင်း၊ Follow ခလုတ် ကိုနှိပ်ပါ။

    • မရွေးချယ်ခြင်း၊ More ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် Unfollow Channel သို့မဟုတ် Unfollow Topic ကိုနှိပ်ပါ။

    • ပိတ်ခြင်း၊ More ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် Block Channel သို့မဟုတ် Block Topic ကိုနှိပ်ပါ။

    • ပြန်ဖွင့်ခြင်း၊ More ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် Unblock Channel သို့မဟုတ် Unblock Topic ကိုနှိပ်ပါ။

မှတ်စု Apple News အယ်ဒီတာများ၏ လက်ရွေးစင်သတင်းဆောင်းပါးများပါရှိသော Top Stories နှင့် အခြားနေရာများထဲမှ ရှာဖွေပါက သင်ပိတ်ဆို့ထားသော ရုပ်သံလိုင်းများမှ သတင်းဆောင်းပါးများသည် မီးခိုးရောင် ခေါင်းစီးနှင့် ချန်နယ်ကို သင်ပိတ်ဆို့ထားကြောင်း ညွှန်ပြသည့် မက်ဆေ့ချ်ကို ပြသသည်။ ပိတ်ဆို့ထားသော ရုပ်သံလိုင်းတစ်ခုမှ သတင်းဆောင်းပါးတစ်ခုဖတ်ရန် ၎င်းကို နှိပ်ပါ၊ ထို့နောက် Read Story ကိုနှိပ်ပါ။

Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် Apple News တွင် ရုပ်သံလိုင်းများနှင့်သတင်းအချက်အလက်များကို ပိတ်ဆို့ခြင်းနှင့် ပြန်ဖြည်ခြင်းကိုကြည့်ပါ။

သင်၏ Favorites ကို စီမံဆောင်ရွက်ခြင်း

Favorites သည် သင်အကြိုက်ဆုံး Following စာရင်းမှ ရုပ်သံလိုင်းများနှင့် သတင်းခေါင်းစီးများကို ပြသည် (ကန့်သတ်ထားသော Favorites အရေအတွက်သာ ရှိနိုင်သည်)။ သင့် Favorites ထဲသို့ ရုပ်သံလိုင်းများနှင့် သတင်းခေါင်းစီးများ ပေါင်းထည့်ခြင်းသည် ၎င်းတို့ကို ဝင်ရောက်ရန် ပိုမိုလွယ်ကူစေသည်။

မှတ်စု သင်လက်ရှိရွေးချယ်ထားသော ရုပ်သံလိုင်းများနှင့် သတင်းခေါင်းစီးများသာ သင့် Favorites ထဲသို့ ထည့်နိုင်သည်။

သင့် iPhone တွင် News အက်ပ် ကို ပထမဆုံးသုံးသည့်အခါ မည်သည့် Favorites ကိုမျှ မြင်မည်မဟုတ်ပေ။ ရုပ်သံလိုင်းများနှင့် သတင်းခေါင်းစီးများကို အကြိုက်ဆုံးပြုလုပ်ခြင်းဖြင့် သင်၏ Favorites ကို ဖန်တီးပါ။ သင်၏စာရင်းကို အချိန်မရွေး စိတ်ကြိုက်ပြုပြင်နိုင်သည်။

  1. သင့် iPhone ရှိ News အက်ပ် ကိုသွားပါ။

  2. Following ကိုနှိပ်ပါ၊ Edit ကိုနှိပ်ပါ၊ထို့နောက် အောက်ပါတို့မှတစ်ခုခုကိုနှိပ်ပါ၊

    • သင့် Favorites ထဲသို့ ရုပ်သံလိုင်း သို့မဟုတ် သတင်းခေါင်းစီးတစ်ခု ထည့်ခြင်း၊ ရုပ်သံလိုင်း သို့မဟုတ် သတင်းခေါင်းစဉ်တစ်ခုကို စိတ်ကြိုက်အရာအဖြစ် မှတ်သားရန် ၎င်း၏ဘေးရှိ Add Favorite ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် Done ကိုနှိပ်ပါ။

    • စိတ်ကြိုက်အရာ တစ်ခုကို ဖယ်ရှားခြင်း၊ သင် စိတ်ကြိုက်အရာအဖြစ် မထားလိုတော့သော ရုပ်သံလိုင်း သို့မဟုတ် သတင်းခေါင်းစဉ်တစ်ခု၏ဘေးရှိ Remove Favorite ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် Done ကိုနှိပ်ပါ။

    • စိတ်ကြိုက်အရာများကို ပြန်လည်စီစဉ်ခြင်း၊ Reorder ခလုတ်ကို ထိပြီးထိန်းထားပါ၊ စိတ်ကြိုက်အရာများကို သင်နှစ်သက်သလို အစဉ်လိုက်ပြုလုပ်ပါ၊ ထို့နောက် Done ကိုနှိပ်ပါ၊

Today feed ရှိ Favorites များအထိ အပေါ်သို့ပွတ်ဆွဲနိုင်သည်၊ More ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Manage Favorites ကိုနှိပ်ပါ။

သင်၏ Today feedမှ Favorites အဖွဲ့ကိုဖယ်ရှားရန် Favoritesကိုအပေါ်သို့ ရွှေ့ပါ၊More ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Block from Todayကို နှိပ်ပါ။ Favorites များကို ပြန်ဖွင့်ရန် Following ကိုနှိပ်ပါ၊ အပေါ်သို့ပွတ်ဆွဲပါ၊ Blocked Channels & Topics ကိုနှိပ်ပါ၊ Favorites ဘေးရှိ Unfollow ခလုတ် ၊ ထို့နောက် Unblock ကိုနှိပ်ပါ။

မှတ်စု Today feedရှိ Block from Today ကို နှိပ်လျှင် သင်၏ Favorites အဖွဲ့သည် သင်၏ Following စာရင်းထဲတွင် ပေါ်နေမည်။

Today feed တွင်သီးသန့်ရုပ်သံလိုင်းနှင့်သတင်းအုပ်စုများဖော်ပြခြင်းကိုရပ်ခြင်း

Today feed တွင် အကြံပြုထားသော ရုပ်သံလိုင်းနှင့် သတင်းအုပ်စုများပေါ်လာနိုင်သော်လည်း ထိုအကြံပြုချက်များကိုရပ်နိုင်သည်။

  1. သင့် iPhone ရှိ News အက်ပ် ကိုသွားပါ။

  2. Today ကိုနှိပ်ပါ။

  3. ရုပ်သံလိုင်းသို့မဟုတ်သတင်းအုပ်စုမှ More ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် Stop Suggesting ကိုနှိပ်ပါ။

ရုပ်သံလိုင်းသို့မဟုတ်သတင်းကိုပိတ်ထားသည်သို့သော် News သည် Today တွင်သတင်းအုပ်စုကိုပြသခြင်းကိုရပ်သည်။

သင်ဖတ်လိုသည်ကို News ကိုပြောခြင်း

  1. သင့် iPhone ရှိ News အက်ပ် ကိုသွားပါ။

  2. Today ကိုနှိပ်ပါ။

  3. ခေါင်းစီးတစ်ခု၏အောက်ရှိ More ခလုတ် ကိုထိနှိပ်၍ Suggest More သို့မဟုတ် Suggest Less ကိုထိနှိပ်ပါ။

သင်လိုက်ကြည့်လို၍ရွေးချယ်ထားသောရုပ်သံလိုင်းမှ ဇာတ်လမ်းများ ကိုသာလျှင်ကြည့်ခြင်း

  1. Settings  > Apps > News ကိုသွားပါ။

  2. Restrict Stories in Today ကိုဖွင့်ပါ၊ ထို့နောက် သင့်ရွေးချယ်မှုကိုအတည်ပြုပါ။

မှတ်စု ဇာတ်လမ်းများကို ကန့်သတ်ခြင်းသည် Today feed နှင့်အခြားသော စာမျက်နှာများအားလုံးတွင်ပေါ်လာသောဇာတ်လမ်းအမျိုးမျိုးကိုသိသိသာသာကန့်သတ်ထားသည်။ ဥပမာအားဖြင့်သင်ဇာတ်လမ်းများကိုကန့်သတ်လျှင်ပြီးလျှင်ဆက်စပ်နေသောရုပ်သံလိုင်းမှဖျော်ဖြေမှုတစ်ခုကိုသာလျှင်ရွေးချယ်ထားလျှင် Entertainment topic feed တွင်ထိုရုပ်သံလိုင်းမှဇာတ်လမ်းများသာလျှင်ပါဝင်လိမ့်မည်။ သင်ဇာတ်လမ်းများကိုကန့်သတ်သောအခါ Top Stories နှင့် Trending Stories များကိုမမြင်နိုင်ပေ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.