ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ FaceTime အတွင်း စာရွက်စာတမ်းတစ်ခုကိုပူးပေါင်းဆောင်ရွက်ရန်

FaceTime‌ ခေါ် ဆိုမှုတစ်ခုတွင် မျှဝေထားသော စာရွက်စာတမ်းတစ်ခုကို ပူးပေါင်းဆောင်ရွက်နိုင်သည်။ ပြောလက်စ FaceTime ခေါ်ဆိုမှုတစ်ခု အတွင်း ပူးပေါင်းဆောင်ရွက်မှုကို စတင်နိုင်သည် သို့မဟုတ် စာရွက်စာတမ်းကို ဖန်တီးခဲ့သည့် အက်ပ်မှ ပူးပေါင်းဆောင်ရွက်မှုကို စတင်နိုင်သည်။

  1. သင်ပူးပေါင်းဆောင်ရွက်လိုသည့် လူများနှင့် FaceTime အက်ပ် အတွင်း စကားပြောဆိုမှု စတင်ပါ။ (FaceTime ဖုန်းခေါ်ဆိုခြင်းကိုကြည့်ပါ။)

  2. Share Content ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် သင်အသုံးပြုလိုသည့် အက်ပ်ကို Collaborate အောက်တွင် ရွေးချယ်ပါ။

    Share Content ခလုတ်ကိုမတွေ့ပါက FaceTime ထိန်းချုပ်မှုများကို ဖွင့်ရန် ဖန်သားပြင်ကိုနှိပ်ပါ။

  3. စာရွက်စာတမ်းကို ဖွင့်ပါ၊ ထို့နောက် အောက်ပါတို့မှ နှစ်သက်ရာကို လုပ်ဆောင်ပါ၊

    • ပေါ်လာသည့် အကြောင်းကြားချက်ရှိ Collaborate ကိုနှိပ်ပါ။

    • Share ခလုတ်ကိုနှိပ်ပါ၊ စာရွက်စာတမ်းမျှဝေပုံကို ရွေးချယ်ပါ (FaceTime၊ AirDrop၊ Mail သို့မဟုတ် Messages)၊ ထို့နောက် Collaborate ကိုနှိပ်ပါ။

  4. သင့်ဖန်သားပြင်ထိပ်ဆုံးတွင် ပေါ်လာသည့် ပူးပေါင်းဆောင်ရွက်မှု အကြောင်းကြားချက်ရှိ Start ကိုနှိပ်ပါ။

    ပါဝင်သူများသည် သင်ပူးပေါင်းဆောင်ရွက်လိုသည့် စာရွက်စာတမ်းကို မျှဝေထားကြောင်း အကြောင်းကြားချက်ကို ရရှိသည်။ အကြောင်းကြားချက်ထဲရှိ Open ကိုနှိပ်ပါ၊ စာရွက်စာတမ်းက ၎င်းတို့စက်ပစ္စည်းပေါ်တွင် ပွင့်လာမည်။

    စာရွက်စာတမ်းကို လက်ခံရရှိ၍ ဖွင့်သူတိုင်းက အပြောင်းအလဲများ ပြုလုပ်နိုင်ပြီး အခြားသူများပြုလုပ်သည့် အပြောင်းအလဲများကို မြင်တွေ့နိုင်သည်။ တစ်စုံတစ်ဦးက အပြောင်းအလဲ ပြုလုပ်သည့်အခါ ထိုစာရွက်စာတမ်းကို အတူပူးပေါင်းရရှိထားသည့် လူတိုင်းကို အကြောင်းကြားချက် ပေးပို့သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.