ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Visual Intelligence ကိုအသုံးပြုခြင်း

သင့်အနားရှိ နေရာများနှင့် အရာဝတ္ထုများအကြောင်းကို လျှင်မြန်စွာလေ့လာရန်အတွက် visual intelligence ကို အသုံးပြုနိုင်ပါသည်။ Camera Control ပါသည့်အမျိုးအစားများ တွင် (အောက်တွင် ပြထားသည်)၊ စားသောက်ဆိုင်တစ်ဆိုင် သို့မဟုတ် စီးပွားရေးအကြောင်း အသေးစိတ်အချက်များကို ကြည့်ရန်- စာသားကို ဘာသာပြန်ခိုင်းရန်၊ အကျဥ်းချုပ်ရန် သို့မဟုတ် အကျယ်ကြီးအော်ဖတ်ရန်- အပင်များနှင့် တိရစ္ဆာန်များကို အမျိုးအစားခွဲခြားရန်အစရှိသည်တို့ကို လုပ်ဆောင်နိုင်ရန် ၎င်းကို နှိပ်ပြီး ကိုင်ထားလိုက်ရုံပါ။

iPhone 16e၊ iPhone 15 Pro နှင့် iPhone 15 Pro Max တွင် Action ခလုတ် သို့မဟုတ် သော့ပိတ်ထားသည့် ဖန်သားပြင်ကို စိတ်ကြိုက်ပြုလုပ်ခြင်းဖြင့် သော်လည်းကောင်း Control Center ကိုဖွင့်၍သော်လည်းကောင်း Visual intelligence ကို အသုံးပြုနိုင်ပါသည်။ Visual intelligence ကိုစတင်ရန် တခြားနည်းလမ်းများကိုကြည့်ပါ။

iPhone ၏ဘေးဘက်တွင်ရှိသော Camera Control ၏ တည်နေရာကို မြားတစ်ချောင်းမှ ညွှန်ပြထားသည်။

မှတ်စု Apple Intelligence ကို iPhone အမျိုးအစားအားလုံး သို့မဟုတ်ဘာသာစကားအားလုံး သို့မဟုတ် ဒေသအားလုံးတွင် ရရှိအသုံးပြုနိုင်သည်မဟုတ်ပါ။** လတ်တလောနောက်ဆုံးထွက်ထားသည့် အင်္ဂါရပ်များအား ဝင်ရောက်အသုံးပြုခွင့်ရရန် iOS နောက်ဆုံးထွက်ဗားရှင်းကို သုံးနေရမည်ဖြစ်ပြီး Apple Intelligence ကို ဖွင့်ထားရမည်ဖြစ်ပါသည်။

နေရာတစ်ခုအကြောင်း အချက်အလက်ရယူခြင်း

လုပ်ငန်းလုပ်ဆောင်သည့် နာရီပေါင်း၊ ရရှိနိုင်သည့် ဝန်ဆောင်မှုများနှင့် အဆက်အသွယ်အချက်အလက်များကဲ့သို့ သင့်ရှေ့တွင်ရှိသော စီးပွားရေးလုပ်ငန်းတစ်ခုအသေးစိတ်အကြောင်းကို သိရှိနိုင်ရန် visual intelligence ကို အသုံးပြုနိုင်ပါသည်။ စီးပွားရေးလုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး ရီဗျူးများနှင့် အဆင့်သတ်မှတ်ချက်များကို ကြည့်နိုင်ခြင်း၊ ကြိုတင်နေရာမှာယူမှု သို့မဟုတ် လာရောက်ပို့ဆောင်ရန် အမှာစာမှာယူခြင်းတို့ကိုလည်း လုပ်နိုင်ပါသည်။ (အင်္ဂလိပ်ဘာသာဖြင့်သာ ရနိုင်ပါသည်။)

  1. Camera Control ကို ဖိပြီးထိန်းထားပါ (ပံ့ပိုးပေးထားသည့် အမျိုးအစားများတွင်) သို့မဟုတ် တခြားရရှိနိုင်သော နည်းလမ်းများကို အသုံးပြုပါ။

  2. သင့် iPhone ကင်မရာကို သင့်ရှေ့တွင်ရှိသည့် စီးပွားရေးလုပ်ငန်းသို့ ချိန်ထားပါ။

  3. Camera Control ကို ထပ်၍နှိပ်ပါ သို့မဟုတ် ဖန်သားပြင်ထိပ်ရှိ အဆိုပါလုပ်ငန်း၏ နာမည်ကိုနှိပ်ပါ၊ ထို့နောက် အဆိုပါလုပ်ငန်းပေါ် မူတည်၍ အောက်ပါတို့မှတစ်ခုကိုလုပ်ပါ၊

    • အလုပ်လုပ်ချိန်ကို ကြည့်ခြင်း၊ Schedule ကိုနှိပ်ပါ။

    • လာရောက်ပို့ပေးရန် အမှာစာတစ်ခုမှာခြင်း၊ Order ကိုနှိပ်ပါ။

    • ကမ်းလှမ်းပေးထားသည့် အစားအစာစာရင်း သို့မဟုတ် ဝန်ဆောင်မှုများကို ကြည့်ခြင်း၊ Menu ကိုနှိပ်ပါ။

    • နေရာကြိုတင်မှာယူမှုလုပ်ခြင်း၊ Reserve ကိုနှိပ်ပါ။

    • အဆိုပါလုပ်ငန်းသို့ ဖုန်းခေါ် ခြင်း၊ ၎င်းဝက်ဘ်ဆိုက်ကို ကြည့်ခြင်း အစရှိသည်တို့ကိုလုပ်ခြင်း၊ More ခလုတ်ကိုနှိပ်ပါ။

  4. visual intelligence ကိုပိတ်ရန် Close ခလုတ် ကိုနှိပ်ပါ သို့မဟုတ် ဖန်သားပြင်အောက်ခြေမှနေ၍ အပေါ် သို့ ပွတ်ဆွဲပါ။

တိရစ္ဆာန်များနှင့် အပင်များအကြောင်း သတင်းအချက်အလက်ရယူခြင်း

တိရစ္ဆာန်များနှင့် အပင်များကို သိနိုင်ရန် သင်သည် visual intelligence ကိုအသုံးပြုနိုင်သည်။ (အင်္ဂလိပ်ဘာသာဖြင့်သာ ရနိုင်ပါသည်။)

  1. Camera Control ကို ဖိပြီးထိန်းထားပါ (ပံ့ပိုးပေးထားသည့် အမျိုးအစားများတွင်) သို့မဟုတ် တခြားရရှိနိုင်သော နည်းလမ်းများကို အသုံးပြုပါ။

  2. သင့် iPhone ကင်မရာကို သင့်ရှေ့တွင်ရှိသည့် တိရစ္ဆာန်တစ်ကောင် သို့မဟုတ် အပင်တစ်ပင်သို့ ချိန်ထားပါ။

  3. ဖန်သားပြင် ထိပ်ဆုံးရှိ ရလဒ်များကိုနှိပ်ပါ။

  4. ရလဒ်များကို ပိတ်ရန် Close ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် visual intelligence ကိုပိတ်ရန်ဖန်သားပြင်အောက်ခြေမှနေ၍ အပေါ် သို့ ပွတ်ဆွဲပါ။

စာသားဖြင့် ဆက်သွယ်ခြင်း

သင့်အနားတွင်ရှိသည့် စာသားကို နည်းလမ်းမျိုးစုံဖြင့် ပြောဆိုဆက်ဆံမှုပြုနိုင်ရန် visual intelligence ကို သင်အသုံးပြုနိုင်ပါသည်။ ဥပမာ၊ စာသားကို အကျဥ်းချုပ်ရန်နှင့် ဘာသာပြန်ရန် သို့မဟုတ် အကျယ်ကြီး အော်ဖတ်ပြရန်အတွက် visual intelligence ကို ခိုင်းနိုင်ပါသည်။ Visual intelligence သည် ဖုန်းနံပါတ်များနှင့် အီးမေးလ်လိပ်စားများ၊ ဝက်ဘ်ဆိုက်များကဲ့သို့ ဆက်သွယ်ရမည့် အချက်အလက်များကို စာသားဖြင့်လည်း ဖော်ပြနိုင်ပြီး စာသားအမျိုးအစားပေါ် မူတည်၍လည်း လုပ်ဆောင်ချက်ကို လုပ်ဆောင်နိုင်ပါသည်။

  1. Camera Control ကို ဖိပြီးထိန်းထားပါ (ပံ့ပိုးပေးထားသည့် အမျိုးအစားများတွင်) သို့မဟုတ် တခြားရရှိနိုင်သော နည်းလမ်းများကို အသုံးပြုပါ။

  2. သင့် iPhone ကင်မရာကို သင့်ရှေ့တွင်ရှိသည့် စာသားတစ်ခုသို့ ချိန်ထားပါ။

  3. စာသားကို လေ့လာဆန်းစစ်ရန် Camera Control ကိုထပ်၍နှိပ်ပါ သို့မဟုတ် ဖန်သားပြင်အောက်ခြေရှိ စက်ဝိုင်းကိုနှိပ်ပါ။

  4. စာသားပေါ် မူတည်ပြီး အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • စာသား၏ အတိုချုပ်ကို ဖတ်ရှုခြင်း၊ ဖန်သားပြင်အောက်ခြေရှိ Summarize ကိုနှိပ်ပါ။

    • စာသားကိုဘာသာပြန်ခြင်း၊ ဖန်သားပြင်အောက်ခြေရှိ Translate ကိုနှိပ်ပါ။

    • စာသားကို အကျယ်ကြီး အော်ဖတ်ခြင်းကို နားထောင်ခြင်း၊ ဖန်သားပြင်အောက်ခြေရှိ Read Aloud ကိုနှိပ်ပါ။

    • ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုခြင်း၊ အီးမေးလ်တစ်စောင်ရေးခြင်း၊ ပြက္ခဒိန်ပွဲတစ်ခုကို ဖန်တီးခြင်း သို့မဟုတ် ဝက်ဘ်ဆိုက်တစ်ခုသို့ သွားခြင်း၊ ဖန်သားပြင်အောက်ခြေရှိ ဖုန်းနံပါတ်တစ်ခု၊ အီးမေးလ်လိပ်စာတစ်ခု၊ ရက်စွဲ သို့မဟုတ် ဝက်ဘ်ဆိုက်တစ်ခုကိုနှိပ်ပါ။ ရရှိနိုင်သည့် နည်းလမ်းများအားလုံးကို ကြည့်ရန် More ခလုတ် ကိုနှိပ်ပါ။

  5. စာသားရလဒ်များကို ပိတ်ရန် Close ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် visual intelligence ကိုပိတ်ရန်ဖန်သားပြင်အောက်ခြေမှနေ၍ အပေါ် သို့ ပွတ်ဆွဲပါ။

ပိုစတာတစ်ခု သို့မဟုတ် လက်ကမ်းစာစောင်တစ်ခုပေါ်ရှိ အသေးစိတ်အချက်များမှနေပြီး ပွဲစဥ်ပြက္ခဒိန်တစ်ခုကို ဖန်တီးပါ

သင်သည် ပိုစတာတစ်ခု သို့မဟုတ် လက်ကမ်းစာစောင်တစ်ခုပေါ်တွင် ပွဲစဥ်တစ်ခုကို မြင်လိုက်သည့်အခါ visual intelligence ကိုအသုံးပြု၍ Calendar အက်ပ်တွင် ပွဲစဥ်တစ်ခုကို ဖန်တီးနိုင်ပါသည်။ (အင်္ဂလိပ်ဘာသာဖြင့်သာ ရနိုင်ပါသည်။)

  1. Camera Control ကို ဖိပြီးထိန်းထားပါ (ပံ့ပိုးပေးထားသည့် အမျိုးအစားများတွင်) သို့မဟုတ် တခြားရရှိနိုင်သော နည်းလမ်းများကို အသုံးပြုပါ။

  2. သင်၏ iPhone ကင်မရာကို လာမည့်ကာလအတွက် ရက်စွဲတစ်ခုပါရှိသည့် ပိုစတာ သို့မဟုတ် လက်ကမ်းစာစောင်တစ်ခုသို့ ညွှန်ပြထားပါ။

  3. ဖန်သားပြင်ထိပ်ရှိ Create Event ကိုနှိပ်ပါ၊ ထို့နောက် Schedule ကိုနှိပ်ပါ။

  4. ပွဲစဥ်အသေးစိတ်ကို အပြောင်းအလဲများလုပ်ရန် Edit ကိုနှိပ်ပါ၊ အပြောင်းအလဲများလုပ်ပါ၊ ထို့နောက် Add ကိုနှိပ်ပါ။

    အဆိုပါပွဲစဥ်ကို သင်၏ Calendar အက်ပ်ထဲသို့ အလိုအလျောက် ပေါင်းထည့်ပေးသည်။

  5. ပွဲစဥ်အသေးစိတ်များကို ပိတ်ရန် Close ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် visual intelligence ကိုပိတ်ရန်ဖန်သားပြင်အောက်ခြေမှနေ၍ အပေါ် သို့ ပွတ်ဆွဲပါ။

အချက်အလက်များအတွက် ChatGPT ကိုမေးခြင်း

သင့်အနားတစ်ဝိုက်ရှိအရာများအတွက် ChatGPT*** ကိုမေးရန် visual intelligence ကိုအသုံးပြုနိုင်ပါသည်။

မှတ်စု ဤလုပ်ဆောင်ချက်အတွင်း ChatGPT အကောင့်တစ်ခုကိုအသုံးပြုရန် သင့်တွင်ရွေးချယ်စရာတစ်ခုရှိပါသည်။ Apple Intelligence ဖြင့် ChatGPT ကို အသုံးပြုခြင်းကိုကြည့်ပါ။

  1. Camera Control ကို ဖိပြီးထိန်းထားပါ (ပံ့ပိုးပေးထားသည့် အမျိုးအစားများတွင်) သို့မဟုတ် တခြားရရှိနိုင်သော နည်းလမ်းများကို အသုံးပြုပါ။

  2. သင့် iPhone ကင်မရာကို သင့်ရှေ့တွင်ရှိသည့် အရာဝတ္ထုတစ်ခုသို့ ချိန်ထားပါ။

  3. ထိုအရာဝတ္ထုအကြောင်း ChatGPT ကိုမေးရန် Ask ခလုတ် ကိုနှိပ်ပါ။

    Ask ခလုတ် ကိုနှိပ်ပြီးနောက် ဖန်သားပြင်အောက်ခြေရှိ စာသားအကွက်တွင် နောက်ဆက်တွဲမေးခွန်းကို စာရိုက်ထည့်နိုင် သို့မဟုတ် ရေးနိုင်ပါသည်။

  4. ChatGPT ရလဒ်များကို ပိတ်ရန် Close ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် visual intelligence ကိုပိတ်ရန်ဖန်သားပြင်အောက်ခြေမှနေ၍ အပေါ် သို့ ပွတ်ဆွဲပါ။

အလားတူအမျိုးအစားများအတွက် Google တွင်ရှာခြင်း

သင့်အနားတစ်ဝိုက်တွင်ရှိသည့် အလားတူအမျိုးအစားများအတွက် Google တွင်ရှာရန် visual intelligence ကိုအသုံးပြုနိုင်သည်။

  1. Camera Control ကို ဖိပြီးထိန်းထားပါ (ပံ့ပိုးပေးထားသည့် အမျိုးအစားများတွင်) သို့မဟုတ် တခြားရရှိနိုင်သော နည်းလမ်းများကို အသုံးပြုပါ။

  2. သင့် iPhone ကင်မရာကို သင့်ရှေ့တွင်ရှိသည့် အရာဝတ္ထုတစ်ခုသို့ ချိန်ထားပါ။

  3. အလားတူပုံများကို Google တွင်ရှာရန် Search ခလုတ် ကိုနှိပ်ပါ။

    Google search ရလဒ်များကိုပြနေသည့် visual intelligence ဖန်သားပြင်။
  4. Google ရလဒ်များကို ပိတ်ရန် Close ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် visual intelligence ကိုပိတ်ရန်ဖန်သားပြင်အောက်ခြေမှနေ၍ အပေါ် သို့ ပွတ်ဆွဲပါ။

မှတ်စု Google ၏ သုံးစွဲမှုနှင့် ကိုယ်ရေးအချက်အလက်သီးသန့်တည်ရှိမှု စည်းမျဥ်းစည်းကမ်းများကို လိုက်နာပါ။

Visual intelligence ကိုစတင်ရန် တခြားနည်းလမ်းများ

iPhone 16e၊ iPhone 15 Pro နှင့် iPhone 15 Pro Max တွင် visual intelligence ကိုဖွင့်ရန် အောက်ပါနည်းလမ်းများထဲမှ ကြိုက်သည့်နည်းလမ်းကို သင်ရွေးချယ်နိုင်ပါသည်၊

*Apple Intelligence သည် နောက်ပိုင်းအမျိုးအစားများကို သုံးသည်၊ ပြီးလျှင် ရလဒ်များသည် ကွဲပြားဖြစ်နိုင်သည်။ တိကျမှန်ကန်မှုအတွက် အရေးကြီးသော အချက်အလက်များကို စစ်ဆေးပါ။
**Apple Intelligence ကို iPhone 16 အမျိုးအစားအားလုံး၊ iPhone 15 Pro နှင့် iPhone 15 Pro Max တို့တွင် ထုတ်ကုန်ဖော်ဆောင်မှုဒုတိယအဆင့်ရောက်ဗားရှင်းဖြင့် ရရှိအသုံးပြုနိုင်ကာ Siri နှင့် ဖုန်း၏ဘာသာစကားကို တရုတ်ဘာသာ (ရှင်းလင်းလွယ်ကူသုံး)၊ အင်္ဂလိပ်ဘာသာ (ဩစတြေးလျ၊ ကနေဒါ၊ အိန္ဒိယ၊ အိုင်ယာလန်၊ နယူးဇီလန်၊ စင်ကာပူ၊ တောင်အာဖရိက၊ ဗြိတိန် သို့မဟုတ် အမေရိကန်ပြည်ထောင်စု)၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာ၊ အီတလီဘာသာ၊ ဂျပန်ဘာသာ၊ ကိုရီးယားဘာသာ၊ ပေါ်တူဂီဘာသာ (ဘရာဇီး) သို့မဟုတ် စပိန်ဘာသာသို့ ထားရှိရမည်။ အချို့သောလုပ်ဆောင်ချက်များကို ဒေသအားလုံး သို့မဟုတ် ဘာသာစကားအားလုံးတွင် ရရှိအသုံးပြုနိုင်သည်မဟုတ်ပါ။ ပိုမိုသိရှိလိုပါက Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် Apple Intelligence ကို ရယူပုံကို ကြည့်ပါ။
***ChatGPT သည် နောက်ပိုင်းအမျိုးအစားများကို သုံးသည်၊ ပြီးလျှင် ရလဒ်များသည် ကွဲပြားဖြစ်နိုင်သည်။ တိကျမှန်ကန်မှုအတွက် အရေးကြီးသော အချက်အလက်များကို စစ်ဆေးပါ။
Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.