ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Messages တွင် စတစ်ကာများပေးပို့ခြင်း

သင့်စိတ်နေသဘောထား၊ ခံစားချက်များနှင့် ကိုက်ညီသည့် စတစ်ကာများနှင့် သရုပ်ဖော်ရန် Messages အက်ပ်ကို သုံးပါ။

စတစ်ကာများသည် စကားပြောဆိုမှုတစ်ခုအောက်တွင် ပေါ်သည်။ ကတ်ထိပ်တစ်လျှောက် ခလုတ်အသီးသီးသည် စတစ်တာ အထုပ်တစ်ခုကို ဖွင့်သည်။

မက်ဆေ့ချ်တစ်ခုတွင် စတစ်ကာတစ်ခုပို့ခြင်း

  1. သင့် iPhone ရှိ Messages အက်ပ် ကိုသွားပါ။

  2. မက်ဆေ့ချ်အသစ်တစ်ခု စတင်ပါ သို့မဟုတ် စကားပြောဆိုမှုတစ်ခု ဖွင့်ပါ။

  3. Apps ခလုတ်ကိုနှိပ်ပါ၊ Stickers ကိုနှိပ်ပါ၊ ထို့နောက်အောက်ပါစတစ်ကာစုများထဲမှ နှစ်သက်ရာအတွက် သင်္ကေတကိုနှိပ်ပါ၊

  4. မက်ဆေ့ချ်တစ်ခုထည့်ပါ (စိတ်ကြိုက်ရွေးချယ်နိုင်သည်)၊ ထို့နောက် Send ခလုတ်ကိုနှိပ်ပါ။

အီမိုဂျီ စာရိုက်ခလုတ်ခုံမှ စတစ်ကာများကိုလည်း ပေးပို့နိုင်သည်။ iPhone စာရိုက်ခလုတ်ခုံဖြင့် စတစ်ကာတစ်ခုလုပ်ခြင်းကိုကြည့်ပါ။

စကားပြောဆိုမှုတစ်ခုပေါ်တွင် စတစ်ကာများနေရာချခြင်း

စကားပြောဆိုမှုများထဲရှိ မက်ဆေ့ချ်ပူဖောင်းများတွင် စတစ်ကာများထည့်နိုင်ပြီး စတစ်ကာများကိုထောင့်ချိန်ညှိနိုင်သည် သို့မဟုတ် ၎င်းစတစ်ကာများကို မတူညီသောအရွယ်အစားများ ပြုလုပ်နိုင်သည်။ စတစ်ကာတစ်ခုကို အခြားစတစ်ကာထိပ်ပေါ်သို့ တင်နိုင်သည်။

  1. သင့် iPhone ရှိ Messages အက်ပ် ကိုသွားပါ။

  2. မက်ဆေ့ချ်အသစ်တစ်ခု စတင်ပါ သို့မဟုတ် စကားပြောဆိုမှုတစ်ခု ဖွင့်ပါ။

  3. Apps ခလုတ်ကိုနှိပ်ပါ၊ Stickers ကိုနှိပ်ပါ၊ ထို့နောက်စတစ်ကာအစုတစ်ခုကိုရှာဖွေရန် ထိပ်ဆုံးအတန်းထဲရှိ—Live Stickers ခလုတ်Emoji ခလုတ် သို့မဟုတ် Memoji Stickers ခလုတ်—ကဲ့သို့သောသင်္ကေတတစ်ခုကိုနှိပ်ပါ။

  4. ပူဖောင်းတစ်ခုအပေါ်သို့ စတစ်ကာတစ်ခုကိုဆွဲယူပါ၊ ထို့နောက်အောက်ပါတို့အနက်မှ နှစ်သက်ရာကိုပြုလုပ်ပါ၊

    • ထောင့်ကို ချိန်ညှိခြင်း၊ ယင်းစတစ်ကာကိုပွတ်ဆွဲနေသည့်လက်ချောင်းနားတစ်ဝိုက်တွင်ဒုတိယလက်ချောင်းကိုလှည့်ပါ။

    • အရွယ်အစားကိုညှိခြင်း၊ ၎င်းစတစ်ကာကိုပွတ်ဆွဲနေသည့်လက်ချောင်း၏အနီး သို့မဟုတ် အဝေးရှိဒုတိယလက်ချောင်းကိုရွှေ့ပါ။

    စတစ်ကာတစ်ခုကို မက်ဆေ့ချ်တစ်စောင်ပေါ်သို့ သင်နေရာချလိုက်သည်နှင့်တစ်ပြိုင်နက် သင့်လက်ခံသူများသည် ထိုစတစ်ကာကိုမြင်ရသည်။

    စကားပြောဆိုမှုတစ်ခုတွင် စတစ်ကာတစ်ခုကို ပေးပို့သည့်သူကို သိရှိရန်၊ ထိုစတစ်ကာကိုထိ၍ထိန်းထားပါ၊ ထို့နောက် Sticker Details ကိုနှိပ်ပါ။

အကြံပြုချက် မက်ဆေ့ချ်များသို့ စတစ်ကာများ အမြန်ထည့်ခြင်း။ မက်ဆေ့ချ်တစ်ခုကို ထိပြီး ထိန်းထားပါ၊ Add Sticker ကိုနှိပ်ပါ၊ ထို့နောက်မက်ဆေ့ချ်ပူဖောင်း၏ ထောင့်တစ်ခုတွင်ပေါ်လာစေရန် စတစ်ကာတစ်ခုကိုရွေးချယ်ပါ။

စတစ်ကာများကို နေရာရွှေ့ခြင်း၊ အရွယ်အစားပြန်ချိန်ခြင်းနှင့် ဖျက်ခြင်း

စကားပြောဆိုမှုများထဲရှိ မက်ဆေ့ချ်ပူဖောင်းများ၏ထိပ်တွင် စတစ်ကာတစ်ခုနေရာချပြီးပါက ၎င်းစတစ်ကာကို ပြောင်းလဲမှုများပြုလုပ်နိုင်သည်။

အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

  • စတစ်ကာတစ်ခုကို ရွေ့ခြင်း သို့မဟုတ် အရွယ်အစားပြင်ခြင်း၊ စတစ်ကာကို ထိပြီးထိန်းထားပါ၊ ထို့နောက် မည်သည့်ပြောင်းလဲမှုကိုမဆိုပြုလုပ်ပါ။

  • စတစ်ကာတစ်ခုကို ဖျက်ခြင်း၊ မက်ဆေ့ချ်ပူဖောင်းကို ထိပြီးထိန်းထားပါ၊ Sticker Details ကိုနှိပ်ပါ၊ သင်ဖျက်လိုသောစတစ်ကာကို ဘယ်ဘက်သို့ပွတ်ဆွဲပါ (သင်၏ iPhone တွင်သာ)၊ ထို့နောက် Delete ခလုတ်ကိုနှိပ်ပါ။

  • စတစ်ကာတစ်ခုဖြင့် ကွယ်နေသည့်စာသားကိုကြည့်ခြင်း၊ မက်ဆေ့ချ်ပူဖောင်းကို နှစ်ချက်ဆက်တိုက်နှိပ်ပါ။

မက်ဆေ့ချ်ပူပေါင်းတစ်ခုထဲတွင် ပို့ထားသောစတစ်ကာများကိုပြောင်းလဲရန် မက်ဆေ့ချ်များ ပေးပို့မှုကို ရုပ်သိမ်းခြင်းနှင့် တည်းဖြတ်ခြင်းကိုကြည့်ပါ။

မှတ်စု စတစ်ကာများ အချိန်နှင့်တစ်ပြေးညီ မြှင့်တင်မှုများကို မြင်တွေ့ရန် သင်နှင့်သင့်လက်ခံသူများသည် iOS 17.2၊ iPadOS 17.2၊ macOS 14.1၊ watchOS 10.2၊ visionOS 1 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများကို အသုံးပြုနေရမည်ဖြစ်သည်။

Live Stickers အသစ်ဖန်တီးခြင်း

ဓာတ်ပုံများမှ အရာဝတ္ထုများကို မခြင်း နှင့် စတစ်ကာများကို အသက်ဝင်စေသည့် အထူးပြုလုပ်ချက်များကို ထည့်ခြင်းဖြင့် မက်ဆေ့ချ်တွင် အသုံးပြုရန် ကိုယ်ပိုင် Live Stickers ကို ဖန်တီးနိုင်သည်။

  1. သင့် iPhone ရှိ Messages အက်ပ် ကိုသွားပါ။

  2. မက်ဆေ့ချ်အသစ်တစ်ခု စတင်ပါ သို့မဟုတ် စကားပြောဆိုမှုတစ်ခု ဖွင့်ပါ၊  Apps ခလုတ်ကို နှိပ်ပါ၊ ထို့နောက် Sticker ကိုနှိပ်ပါ။

  3. Live Stickers ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Add ခလုတ်ကိုနှိပ်ပါ၊ ဓာတ်ပုံတစ်ပုံကို နှိပ်ပါ၊ ထို့နောက် Add Sticker ကိုနှိပ်ပါ။

    အကြံပြုချက် လှုပ်နေသည့် Live Sticker ကို ဖန်တီးရန် Live Photo ကိုအသုံးပြုပါ။ သင့်ဓာတ်ပုံများမှ စတစ်ကာများ ပြုလုပ်ခြင်းကိုကြည့်ပါ။

  4. အထူးပြုလုပ်ချက်ထည့်ရန် စတစ်ကာကို ထိပြီးထိန်းထားပါ၊ Add Effect ကိုနှိပ်ပါ၊ ရွေးချယ်မှုတစ်ခုကို ရွေးချယ်ပါ (Comic သို့မဟုတ် Shiny)၊ ထို့နောက် Done ကိုနှိပ်ပါ။

အခြားသူများ၏ Live Stickers ကိုသိမ်းဆည်းခြင်း

သင်နှစ်သက်သော Live Sticker တစ်ခုကို သင့်ထံသို့တစ်စုံတစ်ယောက်မှပို့လာလျှင် ၎င်း Live Sticker ကို နောင်တွင်ပြန်သုံးရန် သိမ်းဆည်းထားနိုင်သည်။

  1. သင့် iPhone ရှိ Messages အက်ပ် ကိုသွားပါ။

  2. သင်သိမ်းဆည်းလိုသောစတစ်ကာရှိသည့် စကားပြောဆိုမှုကိုဖွင့်ပါ။

  3. စတစ်ကာကိုထိ၍ဖိထားပါ၊ ထို့နောက်အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

    • မက်ဆေ့ချ်တစ်ခုထဲတွင် ပို့ထားသောစတစ်ကာတစ်ခုအတွက်၊ Save to Stickers ကိုနှိပ်ပါ။

    • မက်ဆေ့ချ်ပူဖောင်းတစ်ခုထဲတွင် ထားထားသောစတစ်ကာတစ်ခုအတွက်၊ Sticker Details ကိုနှိပ်ပါ၊ ထို့နောက် Save ကိုနှိပ်ပါ။

သင့်အသံကို သုံးထားပြီး သင့်မျက်နှာအမူအရာများကိုရယူထားသည့် Memojiများကို ဖန်တီးပြီး ပေးပို့နိုင်သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.